ချစ်သူနဲ့ပထမဆုံးတွေ့မယ့်ရက်မှာ သတိထားရမယ့်အချက်များ

ချစ်သူနဲ့ပထမဆုံးတွေ့မယ့်ရက်မှာ သတိထားရမယ့်အချက်များ google

ကောင်လေး တစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ချစ်သူတွေ စဖြစ်ပြီး ပထမဆုံး ချစ်သူအဖြစ် တွေ့ဆုံကြတဲ့နေ့လေးမှာ

 

နှစ်ယောက်စလုံး စိတ်လှုပ်ရှားနေမှာ သေချာပါတယ်။ ဒါကြောင့် ပထမဆုံး ချိန်းတွေ့တဲ့ ရက်မှာ နှစ်ယောက်စလုံး အဆင်ပြေ ချောမွေ့နေပြီး

 

အမှတ်တရ အဖြစ်ဆုံးနေ့လေးတစ်နေ့အဖြစ် ရှိနေဖို့အတွက်သတိထားရမယ့်အချက်လေးတွေကို Myanmar Wedding Guide က

 

ဝေမျှပေးလိုက်ပါတယ်နော်။

 

အချိန်

 

ပထမဆုံးချိန်းတွေ့မယ့် အချိန်ကိုလည်း သေချာစဉ်းစားပါနော်။ မနက်ခင်း အစောကြီး တွေ့ဖို့ ချိန်းတာမျိုးဆိုရင် အိပ်ရေးမဝတာ၊

 

စိတ်မကြည်လင်တာမျိုး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် နေအရမ်းပူတဲ့အချိန်ကြီးလည်း မဟုတ်၊ မနက်အစောကြီး မဟုတ်တဲ့ အချိန်ကိုပဲ ချိန်းပါ။

 

မိန်းကလေးတွေက ပြင်တာ ဆင်တာ အချိန်ပေးရတယ်လေနော်။ယောက်ျားလေးတွေအနေနဲ့ကတော့ ချိန်းထားတဲ့အချိန်ထက်

 

၁၅ မိနစ်လောက်စောရောက်နေရင် ကိုယ့်မိန်းကလေးရဲ့အမှတ်ပေးမှုကို ရနိုင်ပါတယ်နော်။

 

နေရာ

 

ချစ်သူလေးနဲ့ ချိန်းတွေ့တဲ့အခါမှာ နေရာ ရွေးချယ်မှုက အရမ်းကို အရေးကြီးပါတယ်။ Romantic ဖြစ်ပြီး တိတ်ဆိတ်တဲ့နေရာလေး ဖြစ်ဖို့ လိုပါတယ်။

 

အစားအသောက် ရွေးချယ်စရာ များပြီး ချိန်းတွေတဲ့အချိန်မှာ စားဖို့ ကိုက်ညီတဲ့ဆိုင်လေး ဖြစ်နေပါစေနော်။

 

နှစ်ယောက်စလုံးအတွက် သွားရလွယ်ကူပြီး အမှတ်တရ ဖြစ်စေမယ့် နေရာကိုသာ ရွေးချယ်ပါ။

 

အပြောအဆို

 

ချစ်သူရှေ့ရောက်ရင်တော့ ကိုယ်က အဆင်ပြေအောင် ပြောဆိုနေထိုင်တတ်ဖို့ လိုပါတယ်နော်။

 

နှစ်ယောက်စလုံး ကြင်ကြင်နာနာ ချိုချိုသာသာပဲ ပြောပါ။ ဒါပေမယ့် သူငယ်ချင်းလိုမျိုးတော့ မပြောမိစေနဲ့နော်။ ဒီအချက်ကို သတိထားပါ။

 

အဝတ်အစား

 

အဝတ်အစားက တကယ့်ကို အရေးကြီးပါတယ်။ စပြီး မြင်လိုက်တာနဲ့ ကိုယ့်ရဲ့အပြုံးရယ် အဝတ်အစားရယ်ကို အရင်မြင်မှာဖြစ်တာကြောင့်

 

အဝတ်အစားကို သေချာဂရုစိုက်ဝတ်ဆင်ပါ။ ပထမဆုံး နေ့ရက်ကို စဉ်းစားလိုက်တိုင်း စိတ်ချမ်းမြေ့စရာတွေပဲ စဉ်းစားမိဖို့လိုတဲ့အပြင်

 

အဲ့ရက်က အလှဆုံးအချိန်လေး ဖြစ်နေဖို့ လိုပါတယ်။ ကောင်လေးဆိုရင်လည်း အဲ့ဒီရက်မှာ အသေသပ်ဆုံးဆိုတာမျိုးပေါ့။

အစားအသောက်

 

အစားအသောက်ရွေးချယ်တဲ့အခါမှာလည်း ဂဏန်းလိုမျိုး သေချာ နွှာပြီး စားရတာတွေ မရွေးချယ်မိပါစေနဲ့။

 

အရမ်းပူတဲ့ အစားအစာတွေလည်း မမှာမိစေနဲ့နော်။ ချွေးတွေထွက်ပြီး အလှတွေပျက်ကာ စကားသေချာ မပြောမိမှာစိုးတာကြောင့်ပါ။

 

အနံ့အသက်

 

အရေးအကြီးဆုံးတစ်ချက်ကတော့ခံတွင်းနံ့နဲ့ ကိုယ်ကရတဲ့ အနံ့ကိုလည်း အထူးသတိထားပါ။

 

ပထမဆုံးအကြိမ်မှာ ရတဲ့ ကိုယ်သင်းနံ့ကို တော်တော်များများ မှတ်မိလေ့ ရှိကြပါတယ်။

 

ဒါကြောင့် အမှတ်ပြည့် ရစေဖို့ ကိုယ်သင်းရနံ့နဲ့ ခံတွင်းနံ့ကို ကောင်းအောင် ဂရုစိုက်သင့်ပါတယ်နော်။

 

Credit - Marry

 

 

 

ေကာင္ေလး တစ္ေယာက္နဲ႔ ေကာင္မေလးတစ္ေယာက္ ခ်စ္သူေတြ စျဖစ္ၿပီး ပထမဆံုး ခ်စ္သူအျဖစ္ ေတြ႔ဆံုၾကတဲ့ေန႔ေလးမွာ

 

ႏွစ္ေယာက္စလံုး စိတ္လႈပ္ရွားေနမွာ ေသခ်ာပါတယ္။ ဒါေၾကာင့္ ပထမဆံုး ခ်ိန္းေတြ႔တဲ့ ရက္မွာ ႏွစ္ေယာက္စလံုး အဆင္ေျပ ေခ်ာေမြ႔ေနၿပီး

 

အမွတ္တရ အျဖစ္ဆံုးေန႔ေလးတစ္ေန႔အျဖစ္ ရွိေနဖို႔အတြက္သတိထားရမယ့္အခ်က္ေလးေတြကို Myanmar Wedding Guide က

 

ေဝမွ်ေပးလိုက္ပါတယ္ေနာ္။

 

အခ်ိန္


ပထမဆံုးခ်ိန္းေတြ႔မယ့္ အခ်ိန္ကိုလည္း ေသခ်ာစဥ္းစားပါေနာ္။ မနက္ခင္း အေစာႀကီး ေတြ႔ဖို႔ ခ်ိန္းတာမ်ိဳးဆိုရင္ အိပ္ေရးမဝတာ၊

 

 

စိတ္မၾကည္လင္တာမ်ိဳး ျဖစ္ေနတတ္ပါတယ္။ ဒါေၾကာင့္ ေနအရမ္းပူတဲ့အခ်ိန္ႀကီးလည္း မဟုတ္၊ မနက္အေစာႀကီး မဟုတ္တဲ့ အခ်ိန္ကိုပဲ ခ်ိန္းပါ။

 

မိန္းကေလးေတြက ျပင္တာ ဆင္တာ အခ်ိန္ေပးရတယ္ေလေနာ္။ေယာက္်ားေလးေတြအေနနဲ႔ကေတာ့ ခ်ိန္းထားတဲ့အခ်ိန္ထက္

 

၁၅ မိနစ္ေလာက္ေစာေရာက္ေနရင္ ကိုယ့္မိန္းကေလးရဲ႕အမွတ္ေပးမႈကို ရနိုင္ပါတယ္ေနာ္။

 

fd3


ေနရာ


ခ်စ္သူေလးနဲ႔ ခ်ိန္းေတြ႔တဲ့အခါမွာ ေနရာ ေရြးခ်ယ္မႈက အရမ္းကို အေရးႀကီးပါတယ္။ Romantic ျဖစ္ၿပီး တိတ္ဆိတ္တဲ့ေနရာေလး ျဖစ္ဖုိ႔ လုိပါတယ္။

 

 

အစားအေသာက္ ေရြးခ်ယ္စရာ မ်ားၿပီး  ခ်ိန္းေတြတဲ့အခ်ိန္မွာ စားဖို႔ ကိုက္ညီတဲ့ဆိုင္ေလး ျဖစ္ေနပါေစေနာ္။

 

 

ႏွစ္ေယာက္စလံုးအတြက္ သြားရလြယ္ကူၿပီး အမွတ္တရ ျဖစ္ေစမယ့္ ေနရာကိုသာ ေရြးခ်ယ္ပါ။

 

fd6


အေျပာအဆုိ


ခ်စ္သူေရွ႕ေရာက္ရင္ေတာ့ ကိုယ္က အဆင္ေျပေအာင္ ေျပာဆိုေနထိုင္တတ္ဖုိ႔ လိုပါတယ္ေနာ္။

 

နွစ္ေယာက္စလံုး ၾကင္ၾကင္နာနာ ခ်ိဳခ်ိဳသာသာပဲ ေျပာပါ။ ဒါေပမယ့္ သူငယ္ခ်င္းလိုမ်ိဳးေတာ့ မေျပာမိေစနဲ႔ေနာ္။ ဒီအခ်က္ကို သတိထားပါ။

 

fd4


အဝတ္အစား


အဝတ္အစားက တကယ့္ကို အေရးႀကီးပါတယ္။ စၿပီး ျမင္လိုက္တာနဲ႔ ကိုယ့္ရဲ႕အၿပံဳးရယ္ အဝတ္အစားရယ္ကို အရင္ျမင္မွာျဖစ္တာေၾကာင့္

 

အဝတ္အစားကို ေသခ်ာဂရုစိုက္ဝတ္ဆင္ပါ။ ပထမဆံုး ေန႔ရက္ကို စဥ္းစားလိုက္တုိင္း စိတ္ခ်မ္းေျမ႕စရာေတြပဲ စဥ္းစားမိဖို႔လိုတဲ့အျပင္

 

အဲ့ရက္က အလွဆံုးအခ်ိန္ေလး ျဖစ္ေနဖုိ႔ လုိပါတယ္။ ေကာင္ေလးဆိုရင္လည္း အဲ့ဒီရက္မွာ အေသသပ္ဆံုးဆုိတာမ်ိဳးေပါ့။

 

fd7

 

အစားအေသာက္


အစားအေသာက္ေရြးခ်ယ္တဲ့အခါမွာလည္း ဂဏန္းလိုမ်ိဳး ေသခ်ာ ႏႊာၿပီး စားရတာေတြ မေရြးခ်ယ္မိပါေစနဲ႔။

 

 

အရမ္းပူတဲ့ အစားအစာေတြလည္း မမွာမိေစနဲ႔ေနာ္။ ေခၽြးေတြထြက္ၿပီး အလွေတြပ်က္ကာ စကားေသခ်ာ မေျပာမိမွာစိုးတာေၾကာင့္ပါ။

fd8

 

အနံ႔အသက္


အေရးအႀကီးဆံုးတစ္ခ်က္ကေတာ့ခံတြင္းနံ႔နဲ႔ ကိုယ္ကရတဲ့ အနံ႔ကိုလည္း အထူးသတိထားပါ။

 

 

ပထမဆံုးအႀကိမ္မွာ ရတဲ့ ကိုယ္သင္းနံ႔ကို ေတာ္ေတာ္မ်ားမ်ား မွတ္မိေလ့ ရွိၾကပါတယ္။

 

ဒါေၾကာင့္ အမွတ္ျပည့္ ရေစဖို႔ ကိုယ္သင္းရနံ႔နဲ႔ ခံတြင္းနံ႔ကုိ ေကာင္းေအာင္ ဂရုစိုက္သင့္ပါတယ္ေနာ္။

 

Credit - Marry

 

Myanmar Wedding Guide

 

jjjj



Read times Last modified on Tuesday, 17 March 2020 16:59
Rate this item
(0 votes)
Tagged under