လက်ထပ်လက်စွပ်လေး တွေကိုဘာကြောင့်လက်သန်းကြွယ်မှာ ဝတ်ဆင်လေ့ရှိကြတာလဲ

လက်ထပ်လက်စွပ်လေး တွေကိုဘာကြောင့်လက်သန်းကြွယ်မှာ ဝတ်ဆင်လေ့ရှိကြတာလဲ google

လက်ထပ်မင်္ဂလာအခမ်းအနားတွေမှာ သတို့သား၊သတို့သမီးတွေဟာတစ်ယောက်နဲ့တစ်ယောက် အမှတ်တရအထိမ်း အမှတ်လေးအဖြစ် လက်စွပ်ကလေးတွေ အပြန်အလှန်ဝတ်ဆင်ပေးကြလေ့ရှိပါတယ်။

 

လက်စွပ်လေး တွေကိုတော့ လက်သန်းကြွယ်မှာ ဝတ်ဆင်လေ့ရှိကြပါတယ်။ဘာလို့လက်ခလယ်မှာမှ ရွေးချယ်ဝတ်ဆင်ပေးကြတာလဲဆိုတာကို Myanmar Wedding Guide ကဝေမျှဖော်ပြပေးချင်ပါတယ်။

 

လက်နှစ်ဖက်ကိုပူးကြည့်လိုက်ပြီးလက်ခလယ်နှစ်ဖက်ကို ကွေးချကာလက်ဆစ်ခြင်း ထိကပ်ထားလိုက်ပါ။

 

 ri3

ဒီလိုလုပ်လိုက် မယ်ဆို ဘယ်ဖက်လက်မနဲ့ ညာဖက်လက်မဟာ လက်ထိပ်ချင်း ထိကပ်သွားမှာဖြစ်ပြီး ကျန်သုံးချောင်းကလည်းလက်ထိပ်ကလေးတွေ ထိကပ်သွားမှာဖြစ်ပါတယ်။

 

လက်ခလည်ကိုကွေးချထားလို့ ပူးကပ်နေတဲ့လက်ထိပ်ကလေး တွေကို ကပ်လိုက်ခွာ လိုက်လုပ်ကြည့်မယ်ဆိုရင်အလွယ်တကူ ခွာလို့ကပ်လို့ရမှာဖြစ်ပါတယ်။

 

ဒါပေမယ့်ဘယ်ဖက်လက်သန်းကြွယ်နဲ့ ညာလက်သန်းကြွယ်ကတော့ ကပ်ထားလို့ရပေမယ့် ခွါလို့တော့မရနိုင်ပါဘူးနော်

 

ဒါကြောင့်လက်ထပ်လက်စွပ်နဲ့စေ့စပ်လက်စွပ်တွေဟာ တစ်သက်လုံး မခွဲတော့ဘူးဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ လက်သန်းကြွယ်မှာ ဝတ်ပေးကြတာပဲဖြစ်ပါတယ်။

 

ဒါ့အပြင် လက်ခလယ်မှာရှိတဲ့သွေးကြောလေးဟာ နှလုံးနဲ့တိုက်ရိုက်ဆက်သွယ်နေတာကြောင့်လိုလည်းဆိုကြပါတယ်။

 

Ref: bride.com

Myanmar Wedding Guide


Read times Last modified on Friday, 25 December 2020 13:46
Rate this item
(0 votes)
Tagged under