သတို့သမီးလေးတို့ လက်ကိုင်ပန်းရွေးချယ်တဲ့အခါ

သတို့သမီးလေးတို့ လက်ကိုင်ပန်းရွေးချယ်တဲ့အခါ google.com

သတို့သမီးလောင်းလေးတို့ မင်္ဂလာပွဲကိုဘယ်လိုပုံစံလေးပဲ ကျင်းပ ကျင်းပ လက်ကိုင်ပန်းကတော့မရှိမဖြစ်ပဲလေနော်။

လက်ကိုင်ပန်းရွေးချယ်တဲ့အခါမှာလည်း သတို့သမီးလေးတို့ သတိထားရမယ့်အချက်လေးတွေရှိပါတယ်နော်။ လက်ကိုင်ပန်းရွေးချယ်တဲ့အခါမှာ ဘာတွေထည့်သွင်းစဉ်းစားရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

 

အရောင်

သတို့သမီးလေးတို့ လက်ကိုင်ပန်းရွေးချယ်တဲ့အခါမှာဝတ်မယ့်ဝတ်စုံနဲ့ လိုက်ဖက်တဲ့လက်ကိုင်ပန်း ဖြစ်ဖို့လိုပါတယ်နော်။ ပန်းတွေမှာလည်း အရောင်စုံအောင်ရွေးချယ်လို့ရတာမို့ သတို့သမီးလေးတို့ လိုက်ဖက်ညီအောင်တွဲတတ်ရင် အလှဆုံး ဖြစ်မှာပါ။ ပန်းပြင်ပေးမယ့်သူနဲ့လည်း တိုင်ပင်တာမျိုးလုပ်ပါနော်။

 

ပုံစံနဲ့ ဒီဇိုင်း

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်းရွေးချယ်တဲ့အခါမှာ ပုံစံတွေ၊ ဒီဇိုင်းတွေကွဲပါတယ်။ လက်ကိုင်ပန်းမှာ လက်ပွေ့ပန်း၊ လက်ကိုင်ပန်းလို့လည်းရှိသလို ဒီဇိုင်းမှာလည်း ပန်းတွေကြား ဘယ်လို Accessories လေးတွေ ထည့်မလဲဆိုတာလည်းစဉ်းစားရမှာပါ။ ကိုယ်နဲ့လိုက်ဖက်ပြီး ပွဲတစ်လျှောက်လုံးကိုင်ထားဖို့ အဆင်ပြေတဲ့လက်ကိုင်ပန်းကိုရွေးချယ်ပါ။

 

ကုန်ကျစရိတ်

လက်ကိုင်ပန်းရွေးချယ်တဲ့အခါ ကုန်ကျစရိတ်ကိုလည်း မေ့ထားလို့တော့မရပါဘူး။ ဈေးကြီးတဲ့ပန်းတွေပဲ သုံးမယ်ဆိုရင်တော့ ကုန်ကျစရိတ်ကများနေမှာပါ။ နောက်တစ်ခုကတော့ သတို့သမီးလေးရဲ့လက်ကိုင်ပန်းကို ကြည့်ပြီး ရင်ကပ်ပန်း၊ အရံတွေရဲ့ ရင်ကပ်ပန်းတွေလည်း ပြုလုပ်မှာမလို့ ကုန်ကျစရိတ်ကိုလည်း ထည့်သွင်းစဉ်းစားရပါမယ်။

 

သတိထားရမယ့်အချက်

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်းအတွက် အပ်တဲ့အခါ လက်ရာကိုလည်း ကြည့်ရပါမယ်။ ပန်းပြင်ဆင်ပေးတဲ့လက်ရာကိုပါ။ ပန်းပြင်ဆင်ပေးတဲ့အခါမှာ တချို့ဆို ပန်းတွေသိပ်မလှတာ၊ ပန်းတွေမလန်းဆန်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီအချက်ကိုသေချာလေး စုံစမ်းပြီးမှရွေးပါ။ တချို့ပန်းတွေက ကုန်ကျစရိတ်များတာမို့ ကိုယ်ကုန်ကျနိုင်တဲ့ ငွေပမာဏအတွင်းလုပ်ဆောင်ပေးနိုင်လားဆိုတာ သေချာလေးမေးရပါမယ်။ ကိုယ်ကုန်ကျနိုင်တဲ့ ကုန်ကျစရိတ်အတွင်းဝင်အောင်လုပ်ပေးနိုင်တဲ့သူဆီမှာပဲ အလုပ်အပ်ပါနော်။ အချိန်တိကျတဲ့သူဆီမှာလည်း အပ်ဖို့မမေ့ပါနဲ့နော်။ သတို့သမီးလေးတို့ လက်ကိုင်ပန်း ရွေးချယ်တဲ့အခါမှာ လက်ကိုင်ပန်း ပြင်ပေးမယ့်သူရဲ့ Review လေးတွေလည်း ဖတ်ဖို့ မမေ့ပါနဲ့။

 

သတို့သမီးလေးတို့ရေ လက်ကိုင်ပန်း ရွေးချယ်မယ်ဆိုရင် လိုအပ်တဲ့အချက်လေးတွေ သိထားပေးနော်။ ဒါမှ အလိုက်ဖက်ဆုံးနဲ့ အကောင်းဆုံးလက်ကိုင်ပန်းလေးကို ရရှိမှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Monday, 01 April 2019 18:19
Rate this item
(1 Vote)