ဆောင်းတွင်း အသားအရေစိုပြည် လှပအောင် ပြုလုပ်သင့်သည့်အချက်များ

ဆောင်းတွင်း အသားအရေစိုပြည် လှပအောင် ပြုလုပ်သင့်သည့်အချက်များ

ဆောင်းရာသီရောက်သည့်အခါမျိုးတွင် အသားပပ်ခြင်း၊ အသားခြောက်ခြင်းနှင့် နှုတ်ခမ်းခြောက်ခြင်းများ

ဖြစ်တတ်ပါတယ်။ ယင်းအထဲမှာမှ မျက်နှာသည် နူးညံ့သည့်အတွက် ထိခိုက်ပျက်စီးမှုများရှိပြီး ဓာတုဆေးဝါးများ၊ ရာသီဥတုနှင့် လေထုညစ်ညမ်းမှုများကြောင့် ပျက်စီးမှုများဖြစ်ပေါ်တတ်ပါတယ်။ ထို့ကြောင့် အသားအရေ စိုပြည်လှပစေဖို့အတွက် ပြုလုပ်သင့်သည့်အချက်များကို အောက်တွင် ဖော်ပြပေးထားပါတယ်။

အသားအရေ စိုပြည်လှပစေဖို့ ခနာကိုယ်တွင်း အပူအအေးမျှတစေဖို့လိုအပ်သောကြောင့် နေ့စဉ်ပုံမှန်ရေကို မကြာခဏ သောက်ပေးဖို့လိုအပ်ပါတယ်။ ကိုယ်အလေးချိန်အလိုက် လိုအပ်သည့် ရေဓာတ်အပြည့်အ၀ကို တွက်ချက် သောက်သုံးသင့်ပါတယ်။

အပြင်ကို ထွက်မယ်ဆိုရင် နေရောင်ခံလိမ်းဆေးကို လိမ်းပေးဖို့လိုအပ်ပါတယ်။ တချို့ အောက်ခံမိတ်ကပ်များ၊ နို့ရည်များက နေလောင်းဒဏ်ခံနိုင်တယ်ဆိုပြီး လုံးဝစိတ်ချရတာမျိုးမဟုတ်သည့်အတွက် နေရောင်ခံလိမ်းဆေးကို မဖြစ်မနေလိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်။

ညအိပ်ရာဝင်ချိန်တွင် မျက်နှာအသားအရေစိုပြည်အောင် သဘာဝအဆီနှင့် ခရင်မ်တို့ကို အသားထဲစိမ့်ဝင်အောင် လိမ်းပေးသင့်ပါတယ်။ သို့မှသာမနက်အိပ်ရာထချိန်တွင် စိုပြည်သော မျက်နှာလေးကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(1 Vote)