အရုပ်မလေးလို လှချင်တယ်ဆိုရင် ဘယ်လိုခြယ်သမှုတွေ လုပ်သင့်သလဲ

အရုပ်မလေးလို လှချင်တယ်ဆိုရင် ဘယ်လိုခြယ်သမှုတွေ လုပ်သင့်သလဲ google.com

မျက်ကွင်းညိုတာတွေနဲ့ သွေးသားဟော်မုန်းကြောင့်ဖြစ်တဲ့ အညိုကွက်တွေအတွက်တော့ အောက်ခံမိတ်ကပ်တစ်ခုတည်းနဲ့ အဆင်မပြေနိုင်ဘဲ Concealer ကိုသုံးကိုသုံးပေးရမှာပါ။

 

မှိုင်းညို့ညို့ အပြင်အဆင်နဲ့ ဆွဲဆောင်အားပြင်းတဲ့ မိန်းကလေးတွေရဲ့အလှအပက သဘောကျချင်စရာကောင်းလှသလို မျက်လုံးဝိုင်းဝိုင်းလဲ့လဲ့ ကြည်ကြည်လင်လင် အသားအရေလေးနဲ့ အရုပ်မလေးလို အပြင်အဆင်မျိုးကလည်း သိပ်ကိုချစ်စရာကောင်းတဲ့ အပြင်အဆင်မျိုးပါပဲ။ အဲ့လိုအရုပ်မလေးလို ခြယ်သမှုမျိုးကတော့ ဂျပန်မိန်းကလေးတွေအများဆုံး ခြယ်သကြတဲ့ အပြင်အဆင်မျိုး ဖြစ်ပါတယ်။ အရုပ်မလေးလို လှချင်တယ်ဆိုရင် ဘယ်လိုခြယ်သမှုတွေ လုပ်သင့်သလဲဆိုတာ ပြောပြပေးပါမယ်။

 

 

အောက်ခံ မိတ်ကပ်

 

ဘယ်လို မိတ်ကပ်လိမ်းခြယ်မှု ပုံစံမှာမဆို အခြေခံအကျဆုံးနဲ့ ပထမဦးဆုံးလိုအပ်တာကတော့ အောက်ခံမိတ်ကပ်ပဲ ဖြစ်ပါတယ်။ အရုပ်မလေးလို ချစ်စရာကောင်းအောင် ပုံဖော်ဖို့အတွက်တော့ အောက်ခံမိတ်ကပ်ကို BB Cream ကို သုံးစွဲစေချင်ပါတယ်။ BB ဟာ မျက်နှာပြင်ပေါ်က အသားအရောင် မညီညာမှုတွေကို တစ်ပြေးတည်းဖြစ်သွားစေတာကြောင့် အထပ်ထပ်လိမ်းစရာမလိုဘဲ တစ်မျိုးတည်းနဲ့အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တဲ့အပြင် SPF ပါဝင်တဲ့အတွက် အသားအရေကို အိုမင်းပျက်စီးစေတဲ့ နေလောင်ဒဏ်တွေကိုလည်း ထိထိရောက်ရောက်ကာကွယ်ပေးပါတယ်။

 

 

BB Cream ရွေးချယ်မှုနဲ့ ပတ်သက်ရင်တော့

 

BB Cream ရွေးချယ်မှုနဲ့ ပတ်သက်ရင်တော့ မတူညီတဲ့အယူအဆတွေ ရှိကြပါတယ်။ တချို့တွေကတော့ ပင်ကိုယ်အသားအရေထက် အရောင်တစ်ဆင့်နုတဲ့ အမျိုးအစားကို ရွေးချယ်လေ့ရှိကြပါတယ်။ အသားအရောင်ထက် ပိုနုတဲ့အရောင်ကို ရွေးချယ်ခြင်းက မျက်နှာအသားအရေကိုပိုပြီး ဝင်းပစေတဲ့အပြင် နုပျိုတဲ့အသွင်ကို ပိုမိုပေါ်လွင်စေလို့ပါ။ တချို့တွေကတော့ ကိုယ့်အသားအရေနဲ့ ထပ်တူကျတဲ့မိတ်ကပ်အရောင်မျိုးကို ရွေးချယ်လေ့ရှိကြပါတယ်။ အသားရောင်နဲ့မိတ်ကပ်အရောင် ထပ်တူကျနေခြင်းဟာ လိမ်းခြယ်မှုကိုပိုပြီး သဘာဝဆန်စေလို့ပါ။

 

 

Concealer

 

မိတ်ကပ်လိမ်းခြယ်ရာမှာ အရေးကြီးတဲ့အခြေခံလိမ်းခြယ်မှု တစ်ခုကတော့ကွန်ဆီလာ လိမ်းခြယ်မှုဖြစ်ပါတယ်။ မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးသားဟော်မုန်းကြောင့် ဖြစ်တဲ့ အညိုကွက်တွေအတွက်တော့ အောက်ခံမိတ်ကပ်တစ်ခုတည်းနဲ့ အဆင်မပြေနိုင်ဘဲ Concealer ကိုသုံးကိုသုံးပေးရမှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 14:06
Rate this item
(1 Vote)