LUX မှ LUX Lavender Lush ရေချိုးဆပ်ပြာရည်အသစ် မိတ်ဆက်

LUX မှ LUX Lavender Lush ရေချိုးဆပ်ပြာရည်အသစ် မိတ်ဆက် Myanmar Wedding Guide

မြန်မာနိုင်ငံတွင် နံပါတ် () ရေချိုးဆပ်ပြာရည် အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Lux ၏ ပစ္စည်းသစ်မိတ်ဆက်ပွဲကို ဖျော်ဖြေရေးအစီအစဉ်များဖြင့် ရန်ကုန်မြို့ ၊ St. John City Mall ပြည်လမ်းတွင် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

မြန်မာနိုင်ငံရှိ LUX သုံးစွဲနေသူများအား လန်းဆန်းပြီးသင်းပျံ့သော မွှေးရနံ့ရှိတဲ့ အသားအရည်ကိုပိုင်ဆိုင်စေရန်အတွက် Lux Lavender Lush ရေချိုးဆပ်ပြာရည်သစ်ကို စတင်ဖြန့်ချိရောင်းချနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

 

Lux Lavender Lush ရေချိုးဆပ်ပြာရည်အသစ်က ပြင်သစ်လာဗန်ဒါပန်းနဲ့ သံပရာသီးတို့ ပေါင်းစပ်ထားတဲ့ ပန်းပေါင်းစုံအဆီအနှစ်တွေကနေ ထုတ်လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့် အသားအရည်ကို စိုပြည်နူးညံ့မှုတင်မကဘဲ လန်းဆန်းပြီးသင်းပျံစေတဲ့ မွှေးရနံ့ကိုလည်း ရေချိုးတဲ့အခါတိုင်းမှာ ခံစားရမှာဖြစ်ပါတယ်ဟု ပြောကြားခဲ့ပါတယ်။

 

ပစ္စည်းအသစ်မိတ်ဆက်ပွဲတွင် ထူးခြားတဲ့စီအစဉ်တစ်ခုအဖြစ် မြန်မာနိုင်ငံတွင် လူသိများနာမည်ကြီး အမျိုးသမီး Blogger နှစ်ဦးနှင့်ပူးပေါင်းပြီး #WeAreMore စကားဝိုင်းကို ယင်း Bloggerနှစ်ဦး၏ ပရိသတ်များအား သီးသန့်ဖိတ်ကြားပြီး ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ပစ္စည်းအသစ်မိတ်ဆက်ခြင်းကို Fashion Show ဖြင့် ပေါင်းစပ်ပြုလုပ်ခဲ့ပြီး Lux Brand Ambassador 2018 ဖြစ်သူ Miss Universe Myanmar 2018 နှင်းသွေးယုအောင်တို့လည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ပွဲတွင် ထိရောက်သော ရေချိုးဆပ်ပြာရည် အသုံးပြုမှု သရုပ်ပြမှုများအပြင် ဂိမ်းအစီအစဉ်များ၊ Lux ရေချိုးဆပ်ပြာရည် ၈၀၀၀ နှင့် ၆၀၀၀ ကျပ်ဖိုးအထက် ဝယ်ယူသူများကိုလည်း iPhone X ဖောက်ပေးခြင်းနှင့် အခြားကံစမ်းမဲအစီအစဉ်များစွာဖြင့် ပစ္စည်းအသစ်မိတ်ဆက်ခြင်းအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

ယခုဆိုရင်တော့ မြန်မာနိုင်ငံတွင် Lux မှ Soft Rose, Magical Speli, Camellia White velvet Jasmine, Sakura Bloom နှင့် Lavender Lush အစရှိတဲ့ အမျိုးအစား ၆ မျိုးကိုလည်း တရားဝင်ဖြန့်ချိရောင်းချပေးလျက်ရှိကြောင်းနှင့် ဆပ်ပြာခဲ၊ ဆပ်ပြာရည် ဆိုဒ်မျိုးစုံကိုလည်း နီးစပ်ရာစတိုးဆိုင်၊ စူပါမားကတ်များတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 10:58
Rate this item
(1 Vote)
Tagged under