ရိုးရှင်းဆုံး လက်ကိုင်ပန်းကို သစ်ခွပန်းနဲ့ ပြုလုပ်ပါ

ရိုးရှင်းဆုံး လက်ကိုင်ပန်းကို သစ်ခွပန်းနဲ့ ပြုလုပ်ပါ google

အယဉ်ဆုံး သတို့သမီး လက်ကိုင်ပန်းလေးကို သစ်ခွပန်းနဲ့ ပြုလုပ်လိုက်ပါ။ ပန်းနုရောင် နှင်းဆီနဲ့ သစ်ခွပန်း ဖြူဖြူလေးတွေ ပေါင်းစပ်ထားတဲ့ သတို့သမီးလက်ကိုင်ပန်းလေးကတော့ သတို့သမီးဝတ်စုံတိုင်းနဲ့ လိုက်ဖက်နေမှာပါ။ သတို့ သမီး လက်ကိုင် ပန်းကိုသစ်ခွပန်း နဲ့ ပြုလုပ်တာရှား ပါတယ်။

 

မင်္ဂလာပွဲလေး တစ်ပွဲ ပြီးမြောက်ဖို့ အတွက်ကတော့ ပန်းကလေးတွေ ဆိုတာက အကောင်းဆုံး အတွဲတွေလို ပူးတွဲနေပါတယ်။ ပန်းကလေးတွေ မပါတဲ့ မင်္ဂလာပွဲရယ်လို့ မရှိပါဘူး။ အခု တစ်ခေါက် ပြောပြပေးချင်တာကတော့ အယဉ်ဆုံး သတို့သမီး လက်ကိုင်ပန်းလေးကို သစ်ခွပန်းနဲ့ ပြုလုပ်လိုက်ဖို့ပါပဲ။ သတို့သမီး လက်ကိုင်ပန်းလေးတွေအတွက် ဘာပန်း အမျိုးအစားကို ရွေးချယ်ရမလဲ မသိသေးဘူး ဆိုရင်တော့ သစ်ခွပန်း ဖြူဖြူလေးတွေက အသင့်စောင့်ကြိုနေပါတယ်နော်။

 

သစ်ခွပန်းတွေကို ရွေးချယ်ပေးတာကတော့ မင်္ဂလာပွဲလေးကို ပိုမို ကြီးကျယ် ခမ်းနားတဲ့ အသွင်ကို ဖန်တီးနိုင်စေပါသေးတယ်။ သစ်ခွဆိုတာကတော့ ဈေးမြင့်တဲ့ပန်းတွေ ထဲက တစ်မျိုး အပါ အဝင် ဖြစ်လို့ပါ။ သစ်ခွပန်းကို လက်ကိုင်ပန်း အနေနဲ့ပြုလုပ်မယ် ဆိုရင် သစ်ခွပန်းချည်းပဲ ပြုလုပ်တဲ့ပုံစံမျိုးကို ရွေးချယ်ပေးနိုင်သလို တခြားပန်းတွေနဲ့ ရောထားတဲ့ ပုံစံမျိုးကိုလည်း ရွေးချယ်ပေးနိုင်ပါတယ်။

 

သစ်ခွပန်းနဲ့ အလိုက်ဖက်ဆုံးပန်းလို့ မေးရင် ပန်းနုရောင် နှင်းဆီတွေလို့ ဖြေမှာပါ။ အခု ပြထားတဲ့ ပန်းနုရောင် နှင်းဆီနဲ့ သစ်ခွပန်း ဖြူဖြူလေးတွေ ပေါင်းစပ်ထားတဲ့ သတို့သမီးလက်ကိုင်ပန်းလေးကတော့ သတို့သမီးဝတ်စုံတိုင်းနဲ့ လိုက်ဖက်နေမှာပါ။ သတို့သမီးလေးတို့ရော မင်္ဂလာပွဲလေးမှာ လက်ကိုင်ပန်းကို ဘယ်လို ပုံစံမျိုး ရွေးချယ်လိုက်မလဲ ဆိုတဲ့ အကြံကောင်းလေးတွေ ရရှိနိုင်ပါစေလို့ ဖော်ပြပေးလိုက်ရပါတယ်။

 

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under