လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၅

လက်ထပ်လက်စွပ်ဝယ်ယူရာတွင် စဉ်းစားသင့်သည့်အချက်များ - ၅

မင်္ဂလာတရားနဲ့အညီ မင်္ဂလာဆောင်ကြတဲ့ အချိန်မှာ မင်္ဂလာမောင်နှံများဟာ ကတိသစ္စာတရားကို

တိုင်တည်သက်သေပြုတဲ့အနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးတွေကို အပြန်အလှန်ဝတ်ဆင်ပေးခြင်း ဖြစ်ပါတယ်။

မင်္ဂလာမောင်နှံတွေအနေနဲ့ မင်္ဂလာလက်ထပ်လက်စွပ်လေးဝယ်ဖို့ ဈေးဝယ်ထွက်တဲ့အချိန်မှာ ရွေးစရာတွေ များစွာနဲ့ ရှုပ်ထွေးမှုများ ကြုံတွေ့ရနိုင်ပါတယ်။

လက်ထပ်လက်စွပ်ကို သက်တောင့်သက်တာနဲ့ ဝတ်လို့အဆင်ပြေနိုင်တဲ့ မင်္ဂလာလက်စွပ်လေးတွေဟာ အရမ်းကို လူကြိုက်များပါတယ်။ လက်ဆစ်တွေကို မနာကျင်စေဘဲ ရှောရှောရှူရှူဝတ်လို့အဆင်ပြေစေပြီး လက်ချောင်းရဲ့ အရေပြားလွှာတွေကို မထိခိုက်စေဖို့အတွက် သတ္တုပါးပါးလေးနဲ့ ပြုလုပ်ကြပါတယ်။

အဲဒီလို ဝတ်လို့အဆင်ပြေဆုံးလက်စွပ်လေးတွေဟာ လိပ်ခုံးပုံစံလေးတွေဘဲဖြစ်ပါတယ်။ ဒီလို မင်္ဂလာမောင်နှံတို့ရဲ့ လက်အရွယ်အစားနဲ့ လက်စွပ်အရွယ်အစားက ချောင်နေတာတွေ၊ ကျပ်လွန်းနေတာတွေက စိတ်အနှောင့်အယှက်ဖြစ်စေတာကြောင့် ဒါဟာ မင်္ဂလာလက်စွပ်လေးကို ရွေးချယ်ရာမှာ သတိထားရမယ့် အချက်လေးတစ်ချက်ဖြစ်ပါတယ်။

မင်္ဂလာလက်စွပ်တွေကို အရောင်တင်ပြီး တိုက်ချွတ်ထားကာ ပိုမိုရုပ်လုံးကြွပြီးလှပစေဖို့ ပြုပြင်ထားတာတွေရှိပါတယ်။

အရောင်တင်ထားတဲ့အတွက် လက်စွပ်လေးတွေကတော့ တောက်ပပြီး အရောင်တွေဖြာလဲ့နေသလို တိုက်ချွတ်ထားတဲ့အတွက် လက်စွပ်လေးတွေရဲ့ ကိုယ်ထည်အနေအထားက ချောမွတ်နေတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:44
Rate this item
(2 votes)