စိတ်ကြည်လင်လန်းဆန်းပြီး အသားအရေလှပစိုပြေနေစေရန်

စိတ်ကြည်လင်လန်းဆန်းပြီး အသားအရေလှပစိုပြေနေစေရန်

မြန်မာမိန်းကလေးအများစုဟာ မျက်နှာ၊ အသားအရေနဲ့ပတ်သက်ပြီး ဂရုစိုက်သူများဖြစ်ကြပါတယ်။

ယနေ့ခေတ်တွင် မိန်းကလေးတော်တော်များများက အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊ အိမ်မှုကိစ္စတစ်ဖက်နဲ့ တွဲပြီးလုပ်လာတာကိုလည်း တွေ့မြင်ရပါတယ်။ အလုပ်နှစ်ခု၊ သုံးခုကို တွဲပြီးလုပ်တဲ့အတွက် စိတ်ဖိစီးမှုက အနည်းနဲ့အများပိလာပါတယ်။

ပင်ပန်းနေတဲ့အသားရေ၊ အလုပ်ကြောင့် စိတ်ဖိစီးမှုများနေတဲ့ အသားရေတွေဟာ ကြာလာတော့ သွေးလည်ပတ်မှု မကောင်းတော့ဘဲ ဆဲလ်သစ်မွေးဖွားနှုန်း ကျဆင်းလာပါမယ်။ ပြီးနောက် အသားအရေကြည်လင်မှုမရှိဘဲ ညစ်လာမယ်၊ အမည်းကွက်တွေ ထွက်လာမယ်၊ တဖြည်းဖြည်းနဲ့ဆဲလ်သစ်မွေးဖွားနှုန်းတွေ ကျလာပါတယ်။

အဲလိုအချိန်မှာ အသားရေနဲ့ပတ်သက်ပြီး ကျွမ်းကျင်တဲ့ Esthetic ကိုသွားဖို့ လိုအပ်လာပါပြီ။ သွားတဲ့အခါမှာလည်း တကယ်ကို massage ကျွမ်းကျင်တဲ့သူက သေချာလေးနှိပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုအား ပြန်ကောင်းလာမှာဖြစ်ပါတယ်။

ဆဲလ်သေတွေကို ဖယ်ရှားပေးပြီးတော့ ဆဲလ်သစ်ဖြစ်ပေါ်မှုနှုန်းကို မြှင့်တင်ပေးနိုင်ပါတယ်။ ညစ်နွမ်းနေတဲ့ အသားအရေ ပြန်လည်ကြည်လင်လာပြီး ကျန်းမာတဲ့အသားရေကို ရရှိစေပါလိမ့်မယ်။

၎င်းအပြင် တစ်နာရီလောက် Facial Treatment ခံယူတာကလည်း stress တွေဖြေပျောက်ဖို့နည်းလမ်း တစ်ခုဖြစ်ပါတယ်။

တစ်လကို တစ်ခါ၊ နှစ်ခါလောက် ပုံမှန်လုပ်ပေးမယ်ဆိုရင် အသားအရေလည်းကြည်လင်လာပြီး ဘာပဲလိမ်းလိမ်း အမြဲလှပေနေနိုင်မှာဖြစ်ပါတယ်။

ထို့ကြောင့် Uniq Han က မိန်းကလေးများအတွက် အရည်အသွေးမြင့် ပစ္စည်းတွေအသုံးပြု၍ မျက်နှာအသားအရေလှပအောင် ဈေးနှုန်းသက်သာစွာနဲ့ ပြုလုပ်ပေးနေပါတယ်။

Uniq Han Shwegondaing Shop မှာ အရည်အသွေးမြင့် Coreana Product တွေကိုအသုံးပြု၍ Facial Treatment လုပ်ပေးနေပါတယ်။ ဈေးနှုန်းတွေကိုတော့ နှစ်မျိုးသတ်မှတ်ထားပါတယ်။

အောက်တွင် ဈေးနှုန်းများနှင့် လုပ်ဆောင်ချက်များကို ဖော်ပြပေးလိုက်ပါတယ်။

Normal Facial Treament ကို ၁၅,၀၀၀ ကျပ် ဖြစ်ပြီး ပါဝင်သော လုပ်ဆောင်ချက်များမှာ

- မျက်နှာ ချေးချွတ်ခြင်း 

- မျက်နှာ အစိုဓါတ်ဖြည့်သွင်းပေးခြင်း

- Special Mask အပါဝင် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်း တို့ ပါဝင်ပါမယ်။

Special Facial Treament အနေနဲ့ကတော့ ၂၅,၀၀၀ ကျပ် ဖြစ်ပြီး ပါဝင်သော လုပ်ဆောင်ချက်များမှာ

- မိမိကြိုက်နှစ်သက်ရာ Treament ကို ရွေးချယ်နိုင်ခြင်း (Whitening (or) Soothing (or) Wrinkle)

- မျက်နှာ ချေးချွတ်ခြင်း 

- မျက်နှာ အစိုဓါတ်ဖြည့်သွင်းပေးခြင်း

- Powder Pack အပါဝင် ရေနွေးငွေ့ဖြင့် ပေါင်းတင်ခြင်းတို့ကို ပါဝင်မှာဖြစ်ပါတယ်။

ဆိုင်တွင် ကောင်းမွန်သော ၀န်ဆောင်မှုနှင့်အတူ ပြုလုပ်ပေးသွားမှာ ဖြစ်လို့ Uniq Han ချစ် customer များအားလုံးကို စိတ်ဖိစီးမှုဒဏ်မှလည်း ကင်းဝေးစေပြီး အသားအရေ စိုပြေလှပနေစေမှာဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 17:45
Rate this item
(1 Vote)