စေ့စပ်ပွဲအတွက် ဘာဝတ်ရင် ကောင်းမလဲ

စေ့စပ်ပွဲအတွက် ဘာဝတ်ရင် ကောင်းမလဲ google

စေ့စပ်ပွဲအတွက် ဘာဝတ်ရရင် ကောင်းမလဲဆိုပြီး ဝတ်စုံစီစဉ်ဖို့ ခေါင်းစားနေရတဲ့ သတို့သမီးလောင်းလျာလေးတွေ ရှိတယ်ဆိုရင် စေ့စပ်ပွဲမှာ ဘာဝတ်သင့်တယ်၊

ဘယ်လို ဖက်ရှင်မျိုးကို ရွေးချယ်သင့်တယ် ဆိုတာက ပြောပြပေးမယ်လေ။ လှပတဲ့ စေ့စပ်ပွဲလေးမှာ လှပတဲ့ သတို့သမီးလောင်းလေး အဖြစ် ဖြတ်သန်းနိုင်ဖို့ အတွက် အကြံကောင်း ဉာဏ်ကောင်း လေးတွေကို ဝေမျှပေးမယ်နော်။

 

စေ့စပ်ပွဲအတွက် မြန်မာဝတ်စုံပဲ ဝတ်ဝတ်၊ ပွဲတက် ဂါဝန်ပဲ ဝတ်ဝတ် လူငယ်ဆန်ပြီး ပေါ့ပါးတဲ့ ဒီဇိုင်းမျိုးကိုပဲ ဦးစားပေးပြီး ရွေးချယ်ပေးပါနော်။ မင်္ဂလာပွဲအတွက် ဝတ်စုံ စီစဉ်သလို အလှဆင်ပစ္စည်းတွေ၊ ကျောက်တွေနဲ့ အလှဆင်စရာ မလိုဘဲ ဇာလေး၊ ပန်းလေးနဲ့ သင့်ရုံလောက်ပဲ အလှဆင်ပေးသင့်ပါတယ်။

 

မင်္ဂလာ ဝတ်စုံကို အဖြူရောင်လေး ရွေးချယ်ထားတယ်ဆိုရင် စေ့စပ်ပွဲအတွက် အဖြူကို မရွေးသင့်ပါဘူးနော်။ စေ့စပ်ပွဲ ဝတ်စုံနဲ့ မင်္ဂလာပွဲ ဝတ်စုံ အရောင်မတူမှသာ ပွဲနှစ်ပွဲက အလှတရား ရသနှစ်မျိုးကို ပေးစွမ်းနိုင်မှာ ဖြစ်ပြီး ဓာတ်ပုံလေးတွေထဲမှာလည်း ဝတ်စုံမတူရင် ပိုလှနေမှာပါ။

 

စေ့စပ်ပွဲ ဝတ်စုံဟာ နေ့စဉ်ဝတ်နေကျထက် ပိုလှနေရင် ရပါပြီ။ မင်္ဂလာဝတ်စုံလိုမျိုး အထူးတလည် စီစဉ်ပြီး ချုပ်စရာ မလိုပါဘူး။ အထူးသဖြင့် စေ့စပ်ပွဲအတွက် ဝတ်စုံဖိုးထပ်မကုန်ချင်ဘူးဆိုရင် ကိုယ့်မှာရှိပြီးသား ဝတ်စုံအသစ်တွေကိုပဲ ပြန်ဝတ်လို့ရသလို ပြန်အလှဆင်ပြီးလည်း ဝတ်ဆင်နိုင်ပါတယ်။

0

Credit;Marry

Read times Last modified on Friday, 01 February 2019 17:06
Rate this item
(1 Vote)