ပန်းအလှဆင်သူကို မေးမြန်းရမည့် မေးခွန်းများ

ပန်းအလှဆင်သူကို မေးမြန်းရမည့် မေးခွန်းများ

ပန်းအလှဆင်ပေးသူနဲ့ မတွေ့ဆုံမီ သင့်အနေဖြင့် မင်္ဂလာပွဲကျင်းပမယ့်နေရာကို

အရင်ရက်ချိန်းယူပြီးမှသာ တွေ့ဆုံရမှာဖြစ်ပါတယ်။ သို့မှသာ မင်္ဂလာပွဲကျင်းပမယ့်နေရာအကျယ်အဝန်းကိုလိုက်ပြီး လိုအပ်နိုင်မည့် ပန်းအလှဆင်မှုကို တိုင်ပင်ဆွေးနွေးနိုင်သလို နေရာအနေအထားအရ ဘယ်လိုထပ်ပြီး အလှဆင်နိုင်တယ် သို့မဟုတ် လက်ရှိပန်းခြံတစ်ခုရှိနေရင်လည်း ဘယ်လိုပုံစံမျိုးနှင့် လှအောင်လုပ်မည် စတာတွေကို ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။

- မင်္ဂလာပွဲနေ့ရက်အတွက် ရက်ချိန်းအားရဲ့လား။

- ယခု မင်္ဂလာပွဲလုပ်မယ့်နေရာမှာ အရင်မင်္ဂလာပွဲတွေကို လုပ်ပေးဘူးလား။ မရှိခဲ့သေးရင်လည်း အဲ့ဒီနေရာနဲ့ ရင်းနှီးမှုရှိရဲ့လား။

- လုပ်ငန်းလုပ်တာဘယ်လောက်ကြာပြီလဲ။

- မင်္ဂလာပွဲဘယ်လောက်များများလုပ်ပေးဘူးလဲ။

- မိမိပြုလုပ်မယ့်မင်္ဂလာပွဲရက်နဲ့ ရက်တူတဲ့အခြားမင်္ဂလာဆောင်တွေကို လုပ်ပေးဖို့ရှိသေးလား။

- မိမိမင်္ဂလာပွဲအတွက် ပန်းအလှဆင်ပေးမှုကို ကိုယ်တိုင်လာလုပ်မှာလား။ ဒါမှမဟုတ် တစ်ခြားတစ်ယောက်ကို ကိုယ်စားလွှတ်မှာလား။

- ဘယ်လိုပန်းမျိုးနဲ့ အလှဆင်မှုပုံစံတွေကို လုပ်ပေးလေ့ရှိသလဲ။

- မိမိသုံးမယ့် ငွေကြေးပမာဏအတွင်း ဝင်အောင်ရော လုပ်ပေးနိုင်ရဲ့လား။

- မိမိသုံးမယ့် ငွေကြေးပမာဏနဲ့ပတ်သက်ပြီး ဘယ်လိုအကြံပြုချက်တွေကို ပေးနိုင်မလဲ။

Read times Last modified on Wednesday, 19 September 2018 17:46
Rate this item
(2 votes)