ဝါကျွတ်မင်္ဂလာဆောင်မည့်သူများအတွက် မင်္ဂလာဝတ်စုံနှင့် ပွဲတက်ဝတ်စုံဆိုင်များ

ဝါကျွတ်မင်္ဂလာဆောင်မည့်သူများအတွက် မင်္ဂလာဝတ်စုံနှင့် ပွဲတက်ဝတ်စုံဆိုင်များ

ဝါလကင်းလွတ် သီတင်းကျွတ်ရောက်ခါနီး အခါသမတွင် လူကြီးမိဘများကို

ကန်တော့ခြင်းနှင့် မင်္ဂဆောင်မည့်သူများအတွက် မင်္ဂလာဝတ်စုံနှင့် ပွဲတက်ဝတ်စုံများကို ၀ယ်ယူရန်အတွက် ၀ယ်ယူနိုင်မည့် ဆိုင်များကို လမ်းညွှန်ပေးထားပါတယ်။

 

ကံ့ကော်မေ Luxury Fabrics & Fashion House

 

ကံ့ကော်မေ Luxury Fabrics & Fashion House မှာ ပိတ်စ လာဝယ်ချင်တဲ့ သူတွေ အတွက် ပိတ်ရက်မရှိ မနက် ၉ နာရီမှ ည ၉ နာရီထိ ဒီနေ့က စပြီး အချိန်တိုး ဖွင့်လိုက်ပါပြီ။ ဆိုင်တွင် ပိတ်စတစ်ခါတည်းဝယ်ပြီး ဒီမှာပဲ ချုပ်လို့ရပါတယ်။

 

အင်္ကျီ အပ်ထည်တွေ အပ်တာနဲ့ လာရွေးတာကတော့ ညနေ ၅:၃၀ ထိပဲ လက်ခံပါတယ်။ ဆိုင်တွင် ပွဲတက် ချိတ် အမျိုးမျိုး၊ ပွဲထိုင်ဇာ အမျိုးမျိုး၊ ချုပ်ပြီးသားမြန်မာဝတ်စုံများကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေပါတယ်။

 

ဈေးနှုန်းမှာ တစ်သောင်းခွဲမှစပြီး ဈေးနှုန်းအမျိုးမျိုးရှိပါတယ်။

 

တိုက် ၁၊ အခန်း ၁၊ ရန်အေးလမ်း၊ ဝါဝါဝင်းအိမ်ရာ၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။

 

ဖုန်း - ၀၁-၅၄၆၅၃၃၊ ၀၉၅၀၀၂၁၀၄၊ ၀၉၇၉၈၄၇၇၉၂၄

 

 

ခင်ခင်ကြီး ပိုးထည်၊ ရိုးရာထည်နှင့် ဇာအမျိုးမျိုး

 

ခင်ခင်ကြီးဆိုင်ခွဲကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပါတယ်။ ခင်ခင်ကြီးဆိုင်တွင် ပိုးထည်အမျိုးမျိုး၊ ရိုးရာချည်ထည် အမျိုးမျိုးနှင့် ဇာအမျိုးမျိုးတို့ကို ရောင်းချပေးလျှက်ရှိပါတယ်။

 

ဆိုင်တွင် ပိုးထည်ချည်ထည်အရောင်အသွေးမျိုးစုံ၊ ကိုက်ထိုးနှင့်လည်း ပိတ်စကို ၀ယ်ယူနိုင်ပါတယ်။

 

ဆိုင်ကို မနက် ၉ နာရီခွဲမှ ည ၉ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ပေးထားပါတယ်။ ဆိုင်တွင် တစ်ဆက်တည်း အကျကို ကိုယ်တိုင်းဖြင့် တစ်ခါတည်းတိုင်းပြီး ချုပ်နိုင်ပါတယ်။ ဈေးနှုန်းမှာ ကျပ် ၁၀,၀၀၀ ကျော် မှ သိန်းကျော်အထိ ရှိကြောင်းလည်း သိရပါတယ်။

 

အမှတ် ၃/၅၊ ပဒုမ္မာလမ်းနှင့် စမ်းချောင်းလမ်းထောင့်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

 

၀၉-၄၂၁၁၇၈၃၅၃

 

Shwe Sin Min ပိုးထည်၊ ဇာအမျိုးမျိုးနှင့် ကွန်ပျူတာပန်းထိုးထည်များ

 

Shwe Sin Min ပိုးထည်ဆိုင်တွင် ပြင်သစ်ဇာ၊ ဆွတ်ဇလန်ဇာ၊ ထိုင်းမိတ်ဇာ၊ တရုတ်တန်ဖိုးမြင့်ဇာ၊ ချည်ဇာ၊ ဘရိုကိတ် အမျိုးမျိုး၊ ကွန်ပျူတာ ပန်းထိုး အမျိုးမျိုး၊ အင်းလေး ဇင်းမယ်၊ ထိုင်းပိုးဇင်းမယ်၊ သဘာဝ လက်ယက် အနားကြီး/အနားသေး၊ ချည်ထူ စလိုက်၊ ချည် ဇင်းမယ်၊ ထိုင်းပိုးပြောင်၊ ဂျပန် ချည်ပိုး၊ ထိုင်းမိတ် ဆွဲသားအထူနှင့် အမေရပူရပိုးယုံ စသည်ဖြင့် အမျိုးအစား စုံလင်စွာဖြင့် ကြည့်ရှု ဝယ်ယူ နိုင်ပါတယ်။

 

ဆိုင်ဖွင့်ချိန်မှာ နေ့လည် ၁၂ နာရီမှ ည ၇ နာရီထိ ဖွင့်လှစ်ထားပြီး တနင်္လာနေ့တိုင်း ဆိုင် ပိတ်ပါတယ်။ ဈေးနှုန်းမှာ ကျပ်နှစ်သောင်းခွဲမှစပြီး သိန်းကျော်အထိ ဈေးနှုန်း အမျိုးမျိုးရှိပါတယ်။

 

အမှတ် - ၃၄၊ ထူပါရုံလမ်းမကြီး၊ စုပေါင်းအိမ်ယာရပ်ကွက်၊ ဧရာဝဏ်လမ်းမကြီးပေါ်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

 

၀၉-၅၀၁၃၄၃၂၊ ၀၉-၇၉၉၅၆၆၇၁၁၊ ၀၉-၇၃၀၂၀၈၄၀

 

 

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(1 Vote)