သတို့သားအတွက်ဝတ်စုံရွေးတဲ့အခါ

သတို့သားအတွက်ဝတ်စုံရွေးတဲ့အခါ google.com

ကျက်သရေရှိပြီးလိုက်ဖက်ညီတဲ့ မင်္ဂလာမောင်နှံလေးဖြစ်ဖို့ဆိုတာ သတို့သားရဲ့ခန့်ညားမှုလည်းပါဝင်ပါတယ်နော်။

သတို့သားလေးရဲ့ မင်္ဂလာဝတ်စုံကိုလည်းဂရုစိုက်ရပါမယ်။ မင်္ဂလာပွဲက သတို့သမီးလေးစိတ်ကြိုက်ဖန်တီးတာဆိုပေမယ့် သတို့သားလေးရဲ့ သဘောထား၊ အကြိုက်ကိုလည်း မေးသင့်ပါတယ်နော်။ သတို့သားအတွက် ဝတ်စုံရွေးတဲ့အခါမှာလည်း သတို့သမီးလေးတို့မေ့နေတတ်တာရှိပါတယ်။

 

သတို့သားရဲ့ အသားအရေ

သတို့သားလေးရဲ့ အသားအရောင်ကိုလည်း ကြည့်ဖို့လိုပါတယ်။ ဝတ်စုံက သတို့သမီးလေးနဲ့ လိုက်ဖက်ရုံတင်မက သတို့သားလေးနဲ့ လိုက်ဖက်ဖို့လည်းလိုပါတယ်။ သတို့သမီးလေးကလှပြီး သတို့သားလေးနဲ့မလိုက်ဖက်ရင် ဘယ်အဆင်ပြေမလဲနော်။ တချို့သတို့သမီးလေးတွေက သတို့သားရဲ့အသားအရေကို မေ့နေတတ်ပါတယ်။

 

ဒီဇိုင်း

သတို့သမီးလေးတို့လိုပဲ သတို့သားလေးတို့လည်း ဒီဇိုင်းထွင်လို့ရပါတယ်။ သတို့သားလေးတို့တိုက်ပုံမှာလည်း တချို့ဆိုရင်ပန်းခက်လေးတွေ၊ ကျောက်လေးတွေသုံးပြီး အလှဆင်တာမျိုးရှိပါတယ်။ အရောင်ဆိုရင်လည်း သတို့သားလေးရော ကြိုက်လားမေးပါ။ သတို့သားလည်း ကြိုက်မှရွေးချယ်ပါနော်။ သတို့သမီးလေးတို့အနေနဲ့ သတို့သားအတွက်ဝတ်စုံရွေးချယ်တဲ့အခါ သူကြိုက်နှစ်သက်တဲ့အရောင်ကိုမမေ့ပါနဲ့။

 

အနောက်တိုင်းဝတ်စုံ

သတို့သားလေးတို့ အနောက်တိုင်းဝတ်စုံရွေးချယ်ရင်လည်း ကြယ်သီးတစ်လုံးတပ်တာ၊ နှစ်လုံးတပ်တာ ဘယ်ဟာကြိုက်လဲ ရွေးချယ်ခိုင်းပါ။ လူငယ်ဆန်ချင်တယ်ဆိုရင်တော့ အနောက်တိုင်းဝတ်စုံအင်္ကျီကို ကြယ်သီးတစ်လုံးတပ်တာ ရွေးချယ်ပါ။ ကော်လံမှာလည်း အရွယ်အစားအမျိုးမျိုးရှိတာမို့ သတို့သားအကြိုက်ကိုဦးစားပေးပါနော်။ ဆိုင်ကကိုက်ညီတာကိုပဲ ရွေးချယ်တာမျိုးမဟုတ်ဘဲ သတို့သားလေးအကြိုက်ကိုသေချာရွေးဖို့လိုပါတယ်။

 

တစ်ကိုယ်ဆင်စာ

သတို့သားလေးအတွက် တစ်ကိုယ်ဆင်စာဆင်မြန်းတာကလည်း လိုက်ဖက်မှုရှိဖို့ အရမ်းအရေးကြီးပါတယ်နော်။ သတို့သမီးလေးတို့ ဆံပင်၊ မိတ်ကပ်တွေကိုက်ညီဖို့ စဉ်းစားသလိုပဲ သတို့သားလည်း အဲ့ဒီလိုလိုက်ဖက်မှုရှိဖို့လိုတယ်ဆိုတာ မေ့ထားလို့မရပါဘူးနော်။ ဝတ်စုံ၊ ဖိနပ်၊ ဆံပင် အားလုံးသတို့သားလေးရဲ့အသားအရေ၊ အကြိုက်၊ ပုံစံနဲ့ကိုက်ညီနေရပါမယ်။ ဒါမှလှပတဲ့ သတို့သမီးလေးနဲ့လိုက်ဖက်တဲ့ သတို့သားတစ်ဦးဖြစ်မှာပါ။

 

Fitting

သတို့သမီးလေး တော်တော်များများမေ့နေတတ်တာ သတို့သားရဲ့ဝတ်စုံ Fitting ပါ။ သတို့သမီးလေးတို့ ခန္ဓာကိုယ်နဲ့ကွက်တိမဖြစ်ရင် မင်္ဂလာပွဲနေ့မှာစိတ်ညစ်သလို သတို့သားလေးတို့လည်းဖြစ်ပါတယ်။ ဒါကြောင့် ဝတ်စုံအပ်တာ ရွေးတဲ့အခါမှာ သတို့သမီးလေးဝတ်စုံလိုပဲ သတို့သားဝတ်စုံကိုလည်းဂရုစိုက်ဖို့လိုပါတယ်နော်။

 

သတို့သမီးလေးတို့မေ့နေတတ်တဲ့အချက်လေးတွေကို သိထားပြီးပြီဆိုရင်တော့ သတို့သားအတွက်ဝတ်စုံရွေးတဲ့အခါမှာ သေချာလေးသတိထားပေးနော်။ ဒါမှနှစ်ဦးစလုံးလိုက်ဖက်ညီနေမှာပါ။

 

Credit : Marry

Myanmar Wedding Guide

 

Read times Last modified on Saturday, 16 March 2019 13:13
Rate this item
(1 Vote)
Tagged under