Colors of the year 2021 Part (2)

Colors of the year 2021 Part (2)

အခုနောက်ပိုင်း မင်္ဂလာပွဲတွေမှာ ရှေးအရင်ကသတ်မှတ်ထားတဲ့ မင်္ဂလာအရောင်တွေအပြင် ခေတ်ရေစီးကြောင်းနဲ့ အညီ နှစ်တစ်နှစ်မှာ ခေတ်စားတဲ့ အရောင်တွေနဲ့လဲ ဝတ်ဆင်လာကြပါတယ်။

 

အဲ့တာကြောင့် ၂၀၂၁ မှာ မင်္ဂလာပွဲကျင်းပတော့မဲ့ မင်္ဂလာမောင်နှံလေးတွေအတွက် မင်မင်က ၂၀၂၁ မှာခေတ်စားလာမဲ့ အရောင်လေးတွေကို အပိုင်း ၂ ပိုင်းခွဲပြီးတင်ပြလိုက်ပါတယ်။ နောက်လာမဲ့ ၂၀၂၁ မှာ ရေပန်းစားလာမဲ့ တွေထဲကမှ အထင်ရှားဆုံးဖြစ်လာမယ့် အရောင် (၅) ရောင်ကို NewYork Pantone Colour ကနေ အခုလို ဖော်ပြထားပါတယ် ။

 

( ၆ ) Green Ash

Green_Ash.png


သူကတော့ နို့စိမ်းဖျော့တော့တော့အရောင်လေးပါ။ သူ က Cool Tone ဖြစ်တဲ့အပြင် နူးညံ့မှုကိုလည်း ဖော်ဆောင်ပါတယ်။

 

( ၇ ) Mint

Mint.png

ဒီအရောင်လေး ကတော့ Mint ဆိုတဲ့အတိုင်း အစိမ်းရောင် လွင်လွင်လေးပါ။ သူက လန်းဆန်းတဲ့ သစ်ရွက်လေးတွေကို ကိုယ်စားပြုပြီး ဒီနွေ မှာ လူဝတ်များမဲ့ အရောင်တစ်ခုလည်းဖြစ်ပါတယ်တဲ့။

 

( ၈ ) Amethyst Orchid

Amethyist_Orchid.png

Orchid ဆိုတော့ အားလုံးသိတဲ့အတိုင်း ခရမ်းရောင်လေးပါ ။ ဒါပေမဲ့ Amethyst Orchid ကတော့ မထိရက်မကိုင်ရက်စရာကောင်းတဲ့ ပန်းလေးတစ်ပွင့် အသွင် ကိုဆောင်စေမဲ့ နုနုကြွကြွ ပန်းခရမ်းရောင်လေး ဖြစ်ပါတယ်။

 

( ၉ ) Burnt Coral

Burnt_Coral.png

Coral က အသားဆောင်တဲ့ ပန်းရောင်လေးပါ။ သူက အသားရောင်ရောတဲ့ပန်းရောင်လေးမို့ ငယ်ရွယ်လန်းဆန်းတဲ့အသွင် ကိုပေးပါတယ်။ ဒါ့အပြင် နောက်ပိုင်းနှုတ်ခမ်းနီအရောင်လေးတွေထဲမှာလည်း Coral color တွေ စိုးမိုးလာတာ သတိထားမိကြလိမ့်မယ် ထင်ပါတယ်။

 

( ၁၀ ) Raspberry Sorbet

Raspberry_Sorbet.png

နှုတ်ခမ်းနီမလေးတွေ နှစ်သက်မဲ့အရောင်လေးပါ။ ပန်းခရမ်းရောင်စိုစိုလေးမို့ ဆယ်ကျော်သက်အရွယ်လေးလို လန်းဆန်းတက်ကြွစေတဲ့ Effect ကို ဆောင်မယ့်အရောင်လေးဖြစ်ပါတယ်။

 

Colors of the year 2021 Part (1)


Myanmar Wedding Guide
Source: Sayar.com

Read times Last modified on Monday, 07 December 2020 13:53
Rate this item
(0 votes)
Tagged under