2020ခုနှစ်မှာ ရေပန်းစားလူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဝတ်စုံများ...

2020ခုနှစ်မှာ ရေပန်းစားလူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဝတ်စုံများ... google

အားလုံးပဲ မင်္ဂလာပါရှင်။ဒီနေ့မှာ Myanmar Wedding Guide ပရိတ်သတ်တွေကို 2020ခုနှစ်မှာ ရေပန်းစားလူကြိုက်များလျက်ရှိတဲ့ မင်္ဂလာဝတ်စုံလေးတွေအကြောင်းဖော်ပြပေးချင်ပါတယ်။

မြန်မာနိုင်ငံမှာကတော့ ထုံးတမ်းဓလေ့တွေအရ ကိုယ်ကိုးကွယ်တဲ့ ရဟန်း၊ဘုန်းကြီးဆီမှာ မင်္ဂလာအရောင်ရွေးရတာမျိူး၊ ရှောင်ရမယ့် အရောင်တွေ ရွေးရှောင်ရတာမျိုး ရှိကြပါတယ်။

တစ်ချို့သော အတွဲတွေကတော့ ကိုယ်နှစ်သက်ရာကိုသာ ရွေးချယ်ကြပါတယ်။ ဘယ်လိုပဲဖြစ်စေ လက်ရှိ ထိုင်မသိမ်းဝတ်စုံအတွက် အရောင်ရွေးနေတယ်ဆိုရင်တော့

အဖြူရောင်၊ အသားရောင်၊ ရွှေဝါရောင်တွေက ဘယ်ခေတ်မှာမဆို ခေတ်မီပြီး အလှတိုးစေနိုင်တဲ့ အရောင်တွေဖြစ်တဲ့အတွက် လက်ရှိမှာ ခေတ်စားနေဆဲဖြစ်ပါတယ်။

အရောင်ရင့်ဝတ်ရဲသူတွေအတွက် အနီရောင်၊ နီညိုရောင်တွေက တခေတ်ပြန်ခေတ်စားနေပြီ ဖြစ်ပါတယ်။

ပဝါအရှည်ကြီးချတာက Trend ဖြစ်နေပြီး လက်ကိုင်ပန်းကိုတော့ ရိုးရှင်းတဲ့ အရောင်တစ်မျိုးတည်းဖြစ်တာလေးတွေက ခေတ်မှီစေမှာဖြစ်ပါတယ်။

အမျိုးသားတွေအတွက်ကတော့ ရင်ထိုးလှတာလေးတွေ အသုံးပြုနေကြပြီး Man make up လိမ်းတဲ့အခါ ကျွမ်းကျင် တဲ့သူတွေသီးသန့်ရှာလိမ်းနေကြပြီဖြစ်ပါတယ်။

အနောက်တိုင်းဝတ်စုံဝတ်မယ့်သူတွေအတွက်ကတော့ အဖြူရောင်ဂါဝန်ပေါ်မှာ ပန်းပွင့်patternအရောင်ဖျော့ထပ်ထားတာလေးတွေကို Paris Fashion Weekတွေမှာ တွေ့နိုင်ပါတယ်။

အဖြူရောင်ပြောင်ပေါ်မှာ ဇာအဖြူပန်းပွင့်လေးများ ထပ်ထားခြင်း၊ အရောင်ပါတဲ့ ပန်းပွင့်လေးများ printရိုက်ထားခြင်း လေးတွေက ယဉ်တကိုယ်မယ်ဖြစ်စေမှာ ဖြစ်ပါတယ်။

Bling Bling ကြိုက်တဲ့သူတွေအတွက် သတင်းကောင်းကတော့ တလက်လက်တောက်ပနေတဲ့ wedding ဂါဝန်တွေ အရမ်းခေတ်စားနေတာပါပဲ။

ဂါဝန်တစ်ခုလုံး ငွေမှင်ရောင်၊ စိန်ပွင့်လေးတွေ လက်သလို လင်းလက်နေတဲ့ Wedding Dressလေးတွေ ရွေးချယ်မယ်ဆိုရင်တော့ ကျောက်မျက်ရတနာလက်ဝတ်လက်စားကို လျှော့ဝတ်ပါ။

လည်တိုင်၊ လက်ကောက်ဝတ်နေရာတွေကို ကျော့ရှင်းစေတဲ့အသွင်ဆောင်တဲ့ ရိုးရှင်းတဲ့ ရတနာလေးတွေကို ရွေးချယ်ပါ။

ဂါဝန်လေးတွေနဲ့ လိုက်ဖက်စေဖို့ ဆံပင်လေးပေါ်မှာ စိန်ပွင့်ဆံထိုး၊ Bling Bling လေးတွေနဲ့ အလှဆင်နိုင်ပါတယ်။ အမျိုးသားများအတွက်

ကတော့ အနက်ရောင်အနောက်တိုင်းဝတ်စုံကသာ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုဖြစ်ပြီး ဆန်းသစ်ချင်ရင်တော့

အသားရောင်၊ ကာကီရောင်ပြောင် (သို့) ပန်းပွင့်အရောင်ဖျော့ pattern လေး ပေါ်နေတာမျိုးလေးတွေ ခေတ်စားနေပါတယ်။

Reference:wedding story

Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

ig

 

Zawgyi ျဖင့္ဖတ္ရန္...

အားလုံးပဲ မဂၤလာပါရွင္။ဒီေန႔မွာ Myanmar Wedding Guide ပရိတ္သတ္ေတြကို 2020ခုႏွစ္မွာ ေရပန္းစားလူႀကိဳက္မ်ားလ်က္ရွိတဲ့ မဂၤလာဝတ္စုံေလးေတြအေၾကာင္းေဖာ္ျပေပးခ်င္ပါတယ္။

ျမန္မာႏိုင္ငံမွာကေတာ့ ထုံးတမ္းဓေလ့ေတြအရ ကိုယ္ကိုးကြယ္တဲ့ ရဟန္း၊ဘုန္းႀကီးဆီမွာ မဂၤလာအေရာင္ေ႐ြးရတာမ်ိဴး၊ ေရွာင္ရမယ့္ အေရာင္ေတြ ေ႐ြးေရွာင္ရတာမ်ိဳး ရွိၾကပါတယ္။

တစ္ခ်ိဳ႕ေသာ အတြဲေတြကေတာ့ ကိုယ္ႏွစ္သက္ရာကိုသာ ေ႐ြးခ်ယ္ၾကပါတယ္။ ဘယ္လိုပဲျဖစ္ေစ လက္ရွိ ထိုင္မသိမ္းဝတ္စုံအတြက္ အေရာင္ေ႐ြးေနတယ္ဆိုရင္ေတာ့

အျဖဴေရာင္၊ အသားေရာင္၊ ေ႐ႊဝါေရာင္ေတြက ဘယ္ေခတ္မွာမဆို ေခတ္မီၿပီး အလွတိုးေစႏိုင္တဲ့ အေရာင္ေတြျဖစ္တဲ့အတြက္ လက္ရွိမွာ ေခတ္စားေနဆဲျဖစ္ပါတယ္။

အေရာင္ရင့္ဝတ္ရဲသူေတြအတြက္ အနီေရာင္၊ နီညိဳေရာင္ေတြက တေခတ္ျပန္ေခတ္စားေနၿပီ ျဖစ္ပါတယ္။

ပဝါအရွည္ႀကီးခ်တာက Trend ျဖစ္ေနၿပီး လက္ကိုင္ပန္းကိုေတာ့ ႐ိုးရွင္းတဲ့ အေရာင္တစ္မ်ိဳးတည္းျဖစ္တာေလးေတြက ေခတ္မွီေစမွာျဖစ္ပါတယ္။

အမ်ိဳးသားေတြအတြက္ကေတာ့ ရင္ထိုးလွတာေလးေတြ အသုံးျပဳေနၾကၿပီး Man make up လိမ္းတဲ့အခါ ကြၽမ္းက်င္ တဲ့သူေတြသီးသန႔္ရွာလိမ္းေနၾကၿပီျဖစ္ပါတယ္။

အေနာက္တိုင္းဝတ္စုံဝတ္မယ့္သူေတြအတြက္ကေတာ့ အျဖဴေရာင္ဂါဝန္ေပၚမွာ ပန္းပြင့္patternအေရာင္ေဖ်ာ့ထပ္ထားတာေလးေတြကို Paris Fashion Weekေတြမွာ ေတြ႕ႏိုင္ပါတယ္။

အျဖဴေရာင္ေျပာင္ေပၚမွာ ဇာအျဖဴပန္းပြင့္ေလးမ်ား ထပ္ထားျခင္း၊ အေရာင္ပါတဲ့ ပန္းပြင့္ေလးမ်ား print႐ိုက္ထားျခင္း ေလးေတြက ယဥ္တကိုယ္မယ္ျဖစ္ေစမွာ ျဖစ္ပါတယ္။

Bling Bling ႀကိဳက္တဲ့သူေတြအတြက္ သတင္းေကာင္းကေတာ့ တလက္လက္ေတာက္ပေနတဲ့ wedding ဂါဝန္ေတြ အရမ္းေခတ္စားေနတာပါပဲ။

ဂါဝန္တစ္ခုလုံး ေငြမွင္ေရာင္၊ စိန္ပြင့္ေလးေတြ လက္သလို လင္းလက္ေနတဲ့ Wedding Dressေလးေတြ ေ႐ြးခ်ယ္မယ္ဆိုရင္ေတာ့ ေက်ာက္မ်က္ရတနာလက္ဝတ္လက္စားကို ေလွ်ာ့ဝတ္ပါ။

လည္တိုင္၊ လက္ေကာက္ဝတ္ေနရာေတြကို ေက်ာ့ရွင္းေစတဲ့အသြင္ေဆာင္တဲ့ ႐ိုးရွင္းတဲ့ ရတနာေလးေတြကို ေ႐ြးခ်ယ္ပါ။

ဂါဝန္ေလးေတြနဲ႔ လိုက္ဖက္ေစဖို႔ ဆံပင္ေလးေပၚမွာ စိန္ပြင့္ဆံထိုး၊ Bling Bling ေလးေတြနဲ႔ အလွဆင္ႏိုင္ပါတယ္။ အမ်ိဳးသားမ်ားအတြက္

ကေတာ့ အနက္ေရာင္အေနာက္တိုင္းဝတ္စုံကသာ ၿပီးျပည့္စုံတဲ့ ေ႐ြးခ်ယ္မႈျဖစ္ၿပီး ဆန္းသစ္ခ်င္ရင္ေတာ့

အသားေရာင္၊ ကာကီေရာင္ေျပာင္ (သို႔) ပန္းပြင့္အေရာင္ေဖ်ာ့ pattern ေလး ေပၚေနတာမ်ိဳးေလးေတြ ေခတ္စားေနပါတယ္။

Reference:wedding story

Dress Hire ဝတ်စုံအငှားဆိုင် ၅၄ ဆိုင်ကိုရှာရန်နှိပ်ပါ။

 

Myanmar Wedding Guide

 

1we

Read times
Rate this item
(0 votes)