မင်္ဂလာပွဲအတွက် အလိုက်ဖက်ဆုံးပန်းတွေက ဘာပန်းတွေ ဖြစ်မလဲ

မင်္ဂလာပွဲအတွက် အလိုက်ဖက်ဆုံးပန်းတွေက ဘာပန်းတွေ ဖြစ်မလဲ google.com

သစ်ခွပန်းအပွင့်ကြီးကြီး တစ်ပွင့်လောက်ကို သတို့သမီးလေးဆံထုံးမှာ ဆင်မြန်းပေးလိုက်ခြင်းကလည်း ပြီးပြည့်စုံတဲ့အလှနဲ့ ကျက်သရေဆောင်နေတဲ့သတို့သမီးလေး ဖြစ်စေမှာပါ။

 

မင်္ဂလာပွဲတွေမှာဆိုရင် ပန်းအလှကတော့ မပါမဖြစ်ပါပဲ။ မင်္ဂလာပွဲ အပြင်အဆင်အတွက်ကတော့ ပန်းတွေကိုပဲ အထူးအလေးပေး ပြင်ဆင်ကြပါတယ်။ တကယ်လို့ မင်္ဂလာကုန်ကျစရိတ်ကို များများသုံးမယ်ဆိုတဲ့မင်္ဂလာမောင်နှံတွေကတော့ ပန်းအစစ်တွေကိုချည်း အသုံးပြုတတ်ကြပေမယ့် မင်္ဂလာပွဲပန်းအလှဆင်ဖို့အတွက် ငွေကုန်ကြေးကျချွေတာချင်တဲ့အခါ ပန်းအစစ်တွေကြားမှာ ပန်းအတုတွေကို အသုံးပြုပေးပါတယ်။ ပန်းအတုတွေသာမကဘဲ ဖဲကြိုးလေးတွေနဲ့လည်း ပန်းတွေကြား အလှဆင်ပေးလို့ရပါတယ်။ အခုပြောပြပေးချင်တာကတော့ မင်္ဂလာပွဲမှာ ပန်းတွေနဲ့အလှပြင်ဆင်မယ်ဆိုရင် အလိုက်ဖက်ဆုံး ဖြစ်နေမယ့် ရွေးချယ်စရာ ပန်း () မျိုးအကြောင်းပဲ ဖြစ်ပါတယ်။

 

 

နှင်းဆီပန်း

 

နှင်းဆီကတော့ လှပခြင်း၊ ရဲရင့်ခြင်း၊ သတ္တိရှိခြင်းနဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်စွမ်းရှိခြင်းဆိုတဲ့ဂုဏ်တွေနဲ့ ပြည့်နေတဲ့ပန်းလေး ဖြစ်ပါတယ်။ နှင်းဆီပန်းကတော့ အရောင်စုံ ရှိတဲ့အတွက် မင်္ဂလာပွဲရဲ့ Theme Color နဲ့ လိုက်ဖက်ညီတဲ့ နှင်းဆီပန်းအရောင်ကို ရွေးချယ်ပေးလို့ရသလို မင်္ဂလာမောင်နှံလေးရဲ့ ဝတ်စုံအရောင်နဲ့လိုက်တဲ့အရောင်လေးကိုလည်း ပြင်ဆင်ပေးနိုင်ပါတယ်။ နှင်းဆီရဲ့ အကြီးမားဆုံး အားသာချက်ကတော့ ပန်းအရောင်စုံ ရှိခြင်း၊ နေရာတိုင်း လွယ်လွယ်ကူကူ ရှာဖွေနိုင်ခြင်း နဲ့အနံ့မွှေးခြင်းတို့ပဲ ဖြစ်တဲ့အတွက် မင်္ဂလာပွဲနဲ့ အလိုက်ဖက်ဆုံးပန်းက ဘာပန်းဖြစ်မလဲ လို့မေးရင်တော့ နှင်းဆီပန်းလို့ ဆိုရမှာပါ။

 

 

သစ်ခွပန်း

 

ချမ်းသာကြွယ်ဝခြင်း၊ ရှားပါးခြင်း၊ ကြွယ်ဝခြင်းဆိုတဲ့ ဂုဏ်ကိုဆောင်တဲ့ပန်းကတော့ သစ်ခွပန်းပဲ ဖြစ်ပါတယ်။ ကျက်သရေပြည့်တဲ့မင်္ဂလာပွဲလေးအတွက်ကတော့ သစ်ခွပန်းတွေရဲ့ အလှဂုဏ်ကို ပေါင်းစပ်ပေးဖို့ကတော့ လိုအပ်ပါတယ်။ သစ်ခွပန်းအပွင့်ကြီးကြီး တစ်ပွင့်လောက်ကို သတို့သမီးလေးဆံထုံးမှာ ဆင်မြန်းပေးလိုက်ခြင်းကလည်း ပြီးပြည့်စုံတဲ့အလှနဲ့ ကျက်သရေဆောင်နေတဲ့သတို့သမီးလေး ဖြစ်စေမှာပါ။

 

 

သဇင်ပန်း

 

ရှေးမြန်မာမင်းတွေ လက်ထက်တုန်းကဆိုရင် သဇင်ဆိုတာက နန်းတွင်းနွယ်ဖွားတွေသာ ပန်ဆင်ခွင့်ရတဲ့ တော်ဝင်သဇင်ပန်းပါ။ နန်းထိုက်ခြင်း၊ တော်ဝင်နန်းဆန်းခြင်းဆိုတဲ့ သဇင်ပန်းလေးကတော့ ခန့်ညားထည်ဝါ ဂုဏ်ရှိခြင်းရဲ့ ပြယုဒ်ပဲ ဖြစ်ပါတယ်။ မင်္ဂလာပွဲလေးကို ကျက်သရေ တိုးစေဖို့အတွက်ကတော့ သဇင်ပန်းလေးကို မမေ့လိုက်ပါနဲ့နော်။

 

 

Credit;Marry

Read times
Rate this item
(1 Vote)