သတို့သားလေးတို့အတွက် မြန်မာတိုက်ပုံနဲ့တောင်ရှည်ပုဆိုးအရောင် အတွဲအစပ်လေးတွေ

သတို့သားလေးတို့အတွက် မြန်မာတိုက်ပုံနဲ့တောင်ရှည်ပုဆိုးအရောင် အတွဲအစပ်လေးတွေ google.com

မင်္ဂလာပွဲတစ်ပွဲမှာ ဧည့်ပရိသတ်တွေအားလုံးက သတို့သမီးလေးကို ပိုပြီးတော့ အာရုံစိုက် ကြည့်တတ်ကြပါတယ်။ မိန်းကလေးတစ်ယောက်အတွက် အလှဆုံးအချိန်ဆိုလည်း မမှားပါဘူးနော်။

 

 

သတို့သမီးလေးကို အာရုံစိုက်ကြတယ်ဆိုပေမယ့် သတို့သားလေးတို့လည်း တည်ကြည်ခန့်ညားတဲ့ အသွင်ရှိနေဖို့ လိုပါတယ်။ ဒီလိုဆိုရင်တော့ သတို့သားတို့အတွက် လိုက်ဖက်ညီတဲ့ ဝတ်စုံအရောင်အတွဲအစပ်လေးရှိနေရမှာပါ။ သတို့သားလောင်းလေးတို့အတွက် မြန်မာတိုက်ပုံနဲ့ တောင်ရှည်ပုဆိုး အတွဲအစပ်လေး ဖော်ပြလိုက်ပါတယ်နော်။

 

 

ငွေရောင်

 

မင်္ဂလာဝတ်စုံက သတို့သမီးလေး စိတ်ကြိုက် အရောင်ရွေးချယ်တာဆိုတော့ သတို့သမီးလေးအကြိုက်အရောင်ပဲ ဖြစ်မှာပါ။ ဒါပေမယ့် သတို့သားလေးနဲ့လည်း လိုက်ဖက်မယ့် အရောင်တော့ဖြစ်ရမှာပေါ့နော်။ ငွေရောင်တိုက်ပုံနဲ့ တောင်ရှည်ပုဆိုးကတော့ သတို့သားတော်တော်များများနဲ့ လိုက်ဖက်ပြီး ရွေးချယ်မှုအများဆုံးပါ။ မျက်စိအေးစေတဲ့ အရောင်ဖြစ်ပြီး သတို့သားလေးတို့ ဘယ်လိုအသားအရေအရောင်မျိုးနဲ့မဆို လိုက်ဖက်မှာပါ။ တိုက်ပုံအဖြူနဲ့ တွဲဖက်ဝတ်ဆင်မယ်ဆိုရင်လည်း လှပမှာပါ။

 

 

မင်္ဂလာအဝါရောင်

 

မင်္ဂလာအရောင်တွေထဲက တစ်ရောင်ဖြစ်တဲ့ အဝါရောင်လေးကလည်း အရွေးများတဲ့ အရောင်တစ်ရောင်ပါပဲ။ သတို့သားလေးတော်တော်များများကတော့ မြန်မာတိုက်ပုံရော၊ တောင်ရှည်ပုဆိုးကိုရော အဝါရောင် မဝတ်ချင်ကြပါဘူး။ ဒီလိုဆိုရင်တော့ မြန်မာတိုက်ပုံကို အဖြူရောင်ပဲ ရွေးချယ်လို့ရပါတယ်။ ခေါင်းပေါင်းကလည်း အဖြူပဲဆိုတော့ လိုက်ဖက်ညီပြီးသား ဖြစ်မှာပါ။

 

 

အစိမ်းနဲ့ခရမ်း

 

အစိမ်းနဲ့ ခရမ်းအတွဲအစပ်ကတော့ ရွေးချယ်မှု နည်းတယ်ဆိုပေမယ့် လိုက်ဖက်မှုရှိပါတယ်။ ဝတ်စုံကို သူများနဲ့ မတူတာလေး ဝတ်ချင်တဲ့စုံတွဲလေးတွေအတွက် ပိုပြီးသင့်တော်ပါတယ်။ သတို့သားရော၊ သတို့သမီးရော ဘယ်လိုအသားအရေအရောင်မျိုးမဆို လိုက်ဖက်မှု ရှိပါတယ်။ သတို့သမီးလေးရဲ့ အစိမ်းနဲ့ခရမ်း အတွဲအစပ်တိုင်း သတို့သားလေးတို့ ဝတ်ရုံပါပဲ။ အစိမ်းရောင်ရဲ့ အေးမြမှုနဲ့ ခရမ်းရောင်ရဲ့ ခမ်းနားထည်ဝါခြင်းကို တပြိုင်တည်းဖော်ပြပေးနိုင်တဲ့ အရောင်အတွဲပါ။ ဒီလိုအရောင်ကို ရွေးချယ်မယ်ဆိုရင်တော့ သတို့သားလေးတို့ ခေါင်းပေါင်းကို အစိမ်း ဒါမှမဟုတ် ခရမ်းအဖျော့ ရွေးချယ်နိုင်ပါတယ်။ သတို့သားလေးတို့အတွက် ကောင်းမွန်တဲ့ အရောင်အတွဲအစပ်ပါ။

 

သတို့သား၊ သတို့သမီးလေးတို့ရေ မင်္ဂလာပွဲတစ်ပွဲမှာ နှစ်ဦးလုံး လိုက်ဖက်ညီစွာ လှနေနိုင်ဖို့အတွက် သတို့သားလေးတို့ရဲ့ မင်္ဂလာဝတ်စုံ အရောင်အတွဲအစပ်ကိုလည်း သတိထားပေးရမှာပါနော်။ မင်္ဂလာပွဲမှာ သတို့သားလေးလည်း လှဖို့ လိုတာပေါ့နော်။

 

 

Credit;Marry

Read times Last modified on Wednesday, 10 October 2018 15:19
Rate this item
(1 Vote)