ကိုယ့်ရဲ့ အိမ်ထောင်ရေးလေးပိုပြီးသာယာစေဖို့

ကိုယ့်ရဲ့ အိမ်ထောင်ရေးလေးပိုပြီးသာယာစေဖို့ google

ချစ်ရတဲ့သူနဲ့စတင်လိုက်တဲ့ဘဝရဲ့နေ့ရက်လေးတွေတိုင်းကို ကြည်နူးစရာပန်းခင်းလမ်းလေးအဖြစ်ပဲ ပုံဖော်ချင်တာကတော့အိမ်ထောင်သည်တိုင်းရဲ့ မျှော်လင့်ချက်ပါပဲ။


အိမ်ထောင်ရေးလေးသာယာပြီး ပျော်ရွှင်နေဖို့ဘယ်အရာတွေကို ထိန်းချူပ်သင့်လဲ ပြောပြမယ်နော်...... 


ပုံမသွင်းမိပါစေနဲ့


လူတစ်ယောက်နဲ့ တစ်ယောက်က type မတူဘူးလေ။


ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေရောပတ်ဝန်းကျင်ရောမတူကြပါဘူး။


ဒါ့ကြောင့် အိမ်ထောင်ကျမှကိုယ်လိုချင်တဲ့ပုံစံကိုအတင်းပုံသွင်းလို့မရနိုင်ပါဘူး။


သူတို့စိတ်ရှုပ်တာဘဲအဖတ်တင်လိမ့်မယ်နော်။


အများကြီး မမျှော်လင့်ပါနဲ့


ဘယ်အရာမဆိုအရမ်းမျှော်လင့်မထားတာသာအကောင်းဆုံးပါဘဲနော်။


ထင်ထားသလိုမဖြစ်တဲ့အခါကိုယ်ပဲနာကျင်ရတာလေနော်။


အဲ့လိုနာကျင်ရတဲ့အခါအိမ်ထောင်ဖက်ကိုအလိုမကျတာတွေဖြစ်ပြီး ကိုယ့်အိမ်ထောင်ရေးကိုထိခိုက် စေနိုင်ပါတယ်နော်။


ရောင့်ရဲတတ်ပါ

 

ရောင့်ရဲတတ်ခြင်းကလဲကိုယ့်ကိုပျော်ရွှင်စေခြင်းပါဘဲ။


အရာရာတိုင်းကို ကိုယ်ဘဲလိုချင်နေလို့တော့အဆင်မပြေနိုင်ပါဘူးနော်။


ကိုယ်ပိုင်ဆိုင်ထားတဲ့ နေရာလေးတစ်ခုမှာဘဲရောင့်ရဲတတ်ဖို့ ကြိုးစားကြည့်ပါ။


ခွင့်လွှတ်ပေးပါ


ခွင့်လွှတ်တတ်ခြင်းကလဲကိုယ့်စိတ်ကိုယ်ငြိမ်းချမ်းစေပါတယ်။


သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်နိုင်ကြပါစေနော်………..

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)