နိုဝင်ဘာလမှာ မွေးဖွားသူလေးတွေရဲ့ သူမတူတဲ့ ထူးခြားတဲ့မွေးရာပါအမူအကျင့်များ

နိုဝင်ဘာလမှာ မွေးဖွားသူလေးတွေရဲ့ သူမတူတဲ့ ထူးခြားတဲ့မွေးရာပါအမူအကျင့်များ google

မွေးလတွေဟာ လူတစ်ယောက်ရဲ့ အမူအကျင့်နဲ့ အားသာချက်လေးတွေပေါ်မှာ အများကြီးသက်ရောက်မှုရှိတယ်ဆိုတာ အားလုံးလည်းကြားဖူးကြမှာပါ။

ခုဖော်ပြပေးမှာကတော့ နိုဝင်ဘာလမှာမွေးဖွားတဲ့သူလေးတွေရဲ့ မွေးရာပါအမူအကျင့်နဲ့ အားသာချက်လေးတွေပဲဖြစ်ပါတယ်နော်

(၁) နိုဝင်ဘာဖွားတွေဟာ ထူးခြားတဲ့သူတွေပါ။ သူများတွေနဲ့ လုံးဝမတူသလို၊ ခန့်မှန်းရခက်ပြီး လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတဲ့သူတွေပါ။

သူတို့ရဲ့ အတွေးအခေါ်၊ အမြင်တွေဟာလည်း သူများတွေနဲ့ လုံးဝကွဲပြားတဲ့အတွက် အမြဲလိုလို သူမျာ်းတွေနဲ့ ကွဲပြားတတ်ကြပါတယ်။

(၂) နိုဝင်ဘာဖွားတွေဟာ အရမ်းအလုပ်ကြိုးစားတဲ့သူတွေပါ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင် တကယ်လုပ်ရမှကျေနပ်တဲ့သူတွေဖြစ်ပြီး

ရေသာခိုအချောင်လိုက်ချင်တဲ့ စိတ်မျိုး လုံးဝမရှိတဲ့သူတွေဖြစ်ပါတယ်။ ဝါသနာကိုမြေတောင်မြှောက်ပေးရင် ထိပ်ဆုံးထိရောက်နိုင်တဲ့သူတွေဖြစ်ပါတယ်။

(၃) နိုဝင်ဘာဖွားတွေဟာ တည်ငြိမ်အေးဆေးတဲ့သူတွေဖြစ်ပါတယ်။ ခံစားချက်ကို ထိန်းချုပ်နိုင်စွမ်း ကြီးမားတဲ့သူတွေဖြစ်ပြီး

ဘယ်အရာကိုမဆို သွေးအေးအေးနဲ့ ဖြေရှင်းတတ်တဲ့သူတွေဖြစ်ပါတယ်။

(၄) နိုဝင်ဘာဖွားတွေဟာ အရမ်းသစ္စာရှိတဲ့သူတွေဖြစ်ပါတယ်။ တစ်ယောက်ကိုချစ်ပြီဆိုရင် စွဲစွဲလန်းလန်း ချစ်တတ်သူတွေဖြစ်ပြီး အချစ်ကြီးတဲ့သူတွေဖြစ်ပါတယ်။

ဘယ်လောက်ပဲခံစားရပါစေ ဘယ်တော့မှ နောက်ပြန်မဆုတ်တတ်သလို၊ နောင်တလည်း မရကြပါဘူး။

(၅) နိုဝင်ဘာဖွားတွေဟာ ရုပ်ရည်ချောမောပြေပြစ်ကြပြီး သူများနဲ့မတူ တမူထူးခြားတဲ့ ဆွဲဆောင်မှုတွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။

(၆) နိုဝင်ဘာဖွားတွေဟာ ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေနဲ့ နေထိုင်တဲ့သူတွေဖြစ်ပါတယ်။ သူများပြောတိုင်းနားယောင်တတ်တဲ့သူတွေမဟုတ်ပါဘူး။

ကိုယ်လုပ်ချင်တာကိုလုပ်၊ ကောင်းရင်လည်းစံ မကောင်းရင်လည်းခံဖို့ ပြင်ဆင်ထားပြီးသားဖြစ်ပါတယ်။

(၇) နိုဝင်ဘာဖွားတွေဟာ တစ်ယောက်တည်းအေးအေးဆေးဆေးနေဖို့ အချိန်လိုအပ်ကြပါတယ်။

သူငယ်ချင်းအပေါင်းအသင်းမင်တဲ့သူတွေဖြစ်ပေမယ့် အမြဲလိုလို လူတွေ တရုန်းရုန်းနဲ့ နေရတာကို မကြိုက်ပါဘူး။

တစ်ခါတလေတော့ တစ်ယောက်တည်း သီးသန့်နေပြီး လုပ်ချင်တာကိုအေးအေးဆေးဆေးလုပ်တတ်ကြတဲ့သူတွေပါ။

(၈) နိုဝင်ဘာဖွားတွေဟာ တရားမျှတတဲ့သူတွေဖြစ်ပါတယ်။ ဘယ်တော့မှ ခွဲခြားဆက်ဆံတတ်တဲ့သူတွေမဟုတ်ပါဘူး။

လူတွေဆီက ဘာမှမမျှော်လင့်ဘူး။ သူတို့အပေါ်ကောင်းရင်ကောင်းမယ်၊ ဆိုးရင်ပြန်ဆိုးမယ်ဆိုတဲ့သူတွေပါ။

 

Zawgyi ျဖင့္ဖတ္ရန္...

ေမြးလေတြဟာ လူတစ္ေယာက္ရဲ႕ အမူအက်င့္နဲ႔ အားသာခ်က္ေလးေတြေပၚမွာ အမ်ားၾကီးသက္ေရာက္မႈရွိတယ္ဆုိတာ အားလံုးလည္းၾကားဖူးၾကမွာပါ။

ခုေဖာ္ျပေပးမွာကေတာ့ ႏိုဝင္ဘာလမွာေမြးဖြားတဲ့သူေလးေတြရဲ႕ ေမြးရာပါအမူအက်င့္နဲ႔ အားသာခ်က္ေလးေတြပဲျဖစ္ပါတယ္ေနာ္

(၁) ႏိုဝင္ဘာဖြားေတြဟာ ထူးျခားတဲ့သူေတြပါ။ သူမ်ားေတြနဲ႔ လံုးဝမတူသလို၊ ခန္႔မွန္းရခက္ျပီး လွ်ိဳ႕ဝွက္ခ်က္ေတြနဲ႔ ျပည့္ေနတဲ့သူေတြပါ။

သူတို႔ရဲ႕ အေတြးအေခၚ၊ အျမင္ေတြဟာလည္း သူမ်ားေတြနဲ႔ လံုးဝကြဲျပားတဲ့အတြက္ အျမဲလိုလို သူမ်ာ္းေတြနဲ႔ ကြဲျပားတတ္ၾကပါတယ္။

(၂) ႏိုဝင္ဘာဖြားေတြဟာ အရမး္အလုပ္ၾကိဳးစားတဲ့သူေတြပါ။ လုပ္မယ္လို႔ ဆံုးျဖတ္ျပီးရင္ တကယ္လုပ္ရမွေက်နပ္တဲ့သူေတြျဖစ္ျပီး

ေရသာခိုအေခ်ာင္လုိက္ခ်င္တဲ့ စိတ္မ်ိဳး လုံးဝမရွိတဲ့သူေတြျဖစ္ပါတယ္။ ဝါသနာကိုေျမေတာင္ေျမွာက္ေပးရင္ ထိပ္ဆံုးထိေရာက္ႏိုင္တဲ့သူေတြျဖစ္ပါတယ္။

(၃) ႏိုဝင္ဘာဖြားေတြဟာ တည္ျငိမ္ေအးေဆးတဲ့သူေတြျဖစ္ပါတယ္။ ခံစားခ်က္ကို ထိန္းခ်ဳပ္ႏိုင္စြမး္ ၾကီးမားတဲ့သူေတြျဖစ္ျပီး

ဘယ္အရာကိုမဆို ေသြးေအးေအးနဲ႔ ေျဖရွင္းတတ္တဲ့သူေတြျဖစ္ပါတယ္။

(၄) ႏိုဝင္ဘာဖြားေတြဟာ အရမး္သစၥာရွိတဲ့သူေတြျဖစ္ပါတယ္။ တစ္ေယာက္ကိုခ်စ္ၿပီဆိုရင္ စြဲစြဲလန္းလန္း ခ်စ္တတ္သူေတြျဖစ္ျပီး အခ်စ္ၾကီးတဲ့သူေတြျဖစ္ပါတယ္။

ဘယ္ေလာက္ပဲခံစားရပါေစ ဘယ္ေတာ့မွ ေနာက္ျပန္မဆုတ္တတ္သလို၊ ေနာင္တလည္း မရၾကပါဘူး။

(၅) ႏိုဝင္ဘာဖြားေတြဟာ ရုပ္ရည္ေခ်ာေမာေျပျပစ္ၾကျပီး သူမ်ားနဲ႕မတူ တမူထူးျခားတဲ့ ဆြဲေဆာင္မႈေတြကို ပိုင္ဆိုင္ထားသူေတြျဖစ္ပါတယ္။

(၆) ႏိုဝင္ဘာဖြားေတြဟာ ကိုယ္ပိုင္စည္းမ်ဥ္းစည္းကမ္းေတြနဲ႔ ေနထိုင္တဲ့သူေတြျဖစ္ပါတယ္။ သူမ်ားေျပာတိုင္းနားေယာင္တတ္တဲ့သူေတြမဟုတ္ပါဘူး။

ကိုယ္လုပ္ခ်င္တာကိုလုပ္၊ ေကာင္းရင္လည္းစံ မေကာင္းရင္လည္းခံဖို႔ ျပင္ဆင္ထားျပီးသားျဖစ္ပါတယ္။

(၇) ႏိုဝင္ဘာဖြားေတြဟာ တစ္ေယာက္တည္းေအးေအးေဆးေဆးေနဖို႔ အခ်ိန္လိုအပ္ၾကပါတယ္။

သူငယ္ခ်င္းအေပါင္းအသင္းမင္တဲ့သူေတြျဖစ္ေပမယ့္ အျမဲလိုလို လူေတြ တရုန္းရုန္းနဲ႔ ေနရတာကို မၾကိဳက္ပါဘူး။

တစ္ခါတေလေတာ့ တစ္ေယာက္တည္း သီးသန္႔ေနျပီး လုပ္ခ်င္တာကိုေအးေအးေဆးေဆးလုပ္တတ္ၾကတဲ့သူေတြပါ။

(၈) ႏိုဝင္ဘာဖြားေတြဟာ တရားမွ်တတဲ့သူေတြျဖစ္ပါတယ္။ ဘယ္ေတာ့မွ ခြဲျခားဆက္ဆံတတ္တဲ့သူေတြမဟုတ္ပါဘူး။

လူေတြဆီက ဘာမွမေမွ်ာ္လင့္ဘူး။ သူတို႔အေပၚေကာင္းရင္ေကာင္းမယ္၊ ဆိုးရင္ျပန္ဆိုးမယ္ဆိုတဲ့သူေတြပါ။

 

Myanmar Wedding Guide

 

jjjj

Read times Last modified on Tuesday, 25 February 2020 16:10
Rate this item
(0 votes)
Tagged under