လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်မိသွားတဲ့အခါ

လူတစ်ယောက်ကို ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်မိသွားတဲ့အခါ google.com

ကိုယ့်ကိုယ်ကိုယ်အချစ်ဆုံးလို့ လူတိုင်းကထင်ထားတတ်ကြပေမဲ့ တစ်ခါတစ်ရံမှာ ကိုယ်တိုင်တောင်မသိလိုက်ပဲ ကိုယ့်ကိုယ်ကိုယ်ထက်တစ်ပါးသူကို ပိုချစ်မိနေတဲ့အခိုက်အတန့်မျိုး ရှိနေတတ်တာမယုံမရှိပါနဲ့။

 

 

ဒါမျိုးက ချစ်တယ်ဆိုတာထက် မေတ္တာတရားကြီးမားတယ်လို့လည်း ဆိုလို့ရပါတယ်။ ဘယ်လိုအခြေနေမျိုးဘယ်လိုစိတ်ခံစားချက်မျိုးကသူတစ်ပါးအပေါ် ကိုယ့်ကိုယ်ကိုယ်ထက်ပိုချစ်နေတယ်ဆိုတာကို ထောက်ပြသလဲဆိုတာပေးဆပ်နေရတာကို သာယာမိနေတာမျိုး၊

တစ်စုံတစ်ယောက်ဆီကဘာကိုမှမျှော်လင့်ချက်ကြီးကြီးမားမားမရှိပဲ ကိုယ့်ဘက်ကလုပ်ပေးနိုင်တာလောက်လေးကိုသူကျေနပ်သွားတယ်ဆိုတာနဲ့တင် ကြည်နူးပီတိဖြာနေတာမျိုး၊ သည်းခံမိမှန်းမသိသည်းခံပေးနေမိတာမျိုး သူ့အပေါ်မှာကြာကြာစိတ်တို စိတ်ဆိုးစိတ်ကောက်မလုပ်နိုင်ပဲ သည်းခံစိတ်နဲ့ ခွင့်လွှတ်စိတ်က အလိုလိုပေါ်ပေါက်နေတာမျိုး၊ကောင်းတာကိုပိုတွေးပြီးမကောင်းတာကိုဖော့တွေးမိနေတာမျိုး၊ သူ့မှာရှိတဲ့အားနည်းချက်တွေကိုဖော့တွေးပေးတတ်ပြီး ကောင်းကွက်တွေကို ရှာကြံတွေးပေးနေတတ်တာမျိုးဒီလိုမျိုးစိတ် လူတစ်ယောက်အပေါ်မှာသင်ထားမိနေပြီဆိုရင်တော့ ဘယ်လိုမှငြင်းလို့မရတော့ပါဘူး သင့်ကိုယ်သင်ထက် သူ့ကိုပိုချစ်မိနေတာသေချာနေပါပြီ။

 

 

Credit;Trend

Read times Last modified on Monday, 29 October 2018 15:58
Rate this item
(1 Vote)