တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (1-12-2019 မှ 7-12-2019အထိ)
တစ်ပတ်စာခုနှစ်ရက်သားသမီးကံကြမ္မာဟောကိန်း (1-12-2019 မှ 7-12-2019အထိ) google
တနင်္ဂနွေသားသမီး
စိတ်သောကဖြစ်စရာ ကိစ္စလေးတွေ အနည်းငယ်ကြုံရတတ်သော ကာလပါ ရေရှည်စီမံကိန်းအဖြစ် planချလုပ်ကိုင်ရန်အတွက် လုပ်ငန်းအသစ်များကို ကြံစည်စဉ်းစားခြင်းမှသည် လက်တွေ့အကောင်အထည်ဖော်ဖို့ စတင်ရပါလိမ့်မည်။
မိမိနှင့်သွေးသား မတော်စပ်သော သက်ကြီးရွယ်အိုများအား မိမိတတ်နိူင်သမျှ အကူအညီများပေးရတတ်သော ကာလပါ နေအိမ်တွင် လျှပ်စစ်ပစ္စည်းများ မကြာခဏပျက်နေတတ်ပါသည် ဒူးအဆစ်များနာခြင်း ရောင်ခြင်းများ ခံစားရတတ်ပါသည်။
ငယ်ရွယ်သူများ အချစ်ရေးကံများဆိုးရာကနေ တစ်ဖန်ပြန်ကောင်းလာသောကာလပါ ထီ၆၅ပါသောထီထိုးပါ။ယတြာ အုန်းဆီကိုလက်ဖဝါးထဲထည့်ပြီးအရဟံဗုဒ္ဓေါဟု၉ခေါက်ရွတ်ခါခေါင်းလိမ်းပေးပါ။
တနင်္လာသားသမီး
ယခုကာလတွေမှာ အထူးသတိထားဖို့ မှာချင်ပါတယ် မိမိပိုင်ဆိုင်မူများကို လိမ်လည်လှည့်စားခံရခြင်းများ ကြုံရတတ်ပါသည် မိမိထံလည်း ပစ္စည်းအဟောင်းများ လာရောက်ရောင်းချခြင်း ကြုံရတတ်ပြီး ဈေးသက်သာတယ်ဆိုပြီး မျက်လုံးစုံမှိတ် မဝယ်လိုက်မိပါစေနဲ့။
နောက်ပိုင်းပစ္စည်းဖိုးထက် ပစ္စည်းပြင်ခ ပိုကုန်နေပါလိမ့်မည် ခါးနာခါးအောင့် ဝေဒနာခံစားရပါမည် ငယ်ရွယ်သူများ အချစ်ရေးတွင် အလွန်ပင်စန်းပွင့်နေမည့် ကာလပါ ထီ၈၀ပါသောထီထိုးပါ။
ယတြာ ဇွန်သုံးချောင်းကိုထပ်၍ဆားထည့်ခါညောင်ပင်တစ်ပင်၏အင်္ဂါထောင့်တွင်ထားခဲ့ပြီးအညံ့အဆိုးများပြေပါစေအိပ်မက်ထူးများမက်ပါစေဆုတောင်းပါ။
အင်္ဂါသားသမီး
ပြောဆိုသမျှ အောင်မြင်၍ လုပ်ကိုင်သမျှ ချောမွေ့စွာပြီးစီးမည့် ကာလပါ ဆရာသမာများ အကြီးအကဲများ၏ အနီးကပ်ကူညီမူများရှိမည် ထင်ရှားခြင်း ကျော်စောခြင်း ချီးမွမ်းခံရခြင်းများ ကြုံရတတ်သောကာလပါ ။
ရပ်ဝေးမိတ်ဆွေများထံမှ လက်ဆောင်ပစ္စည်းနှင့် သတင်းကောင်းများ ကြားရပါလိမ့်မည် ကာလအတန်ကြာ ဖြေရှင်းရန်ခက်ခဲနေသည့် ပြသာနာဟောင်းများကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိူင်ပါလိမ့်မည် ကျန်းမာရေး မကြာခဏ အအေးမိဖျားနာတတ်ပါသည် ။
ငယ်ရွယ်သူများ အချစ်ရေးတွင် အဖြေပေးဖို့အရေးကြိုးရှည်ရှည်ဖြင့် လှန်ထားခံရပြီး အိပ်မက်တွေပေးပြီး မိမိစိတ်ကို ဒုက္ခပေးခံနေရသော ကာလပါ ထီ၉၃ပါသောထီကိုထိုးပါ။
ယတြာ အင်္ဂါညနေမှာငါး၅ကောင်လွှတ်ပေးပါ။
ဗုဒ္ဓဟူးသားသမီး
အခက်အခဲပြသာနာများ ဖြေရှင်နိူင်မည့်ကာလပါ သူတစ်ပါးကြောင့် ဖြစ်လာသော ပြသာနာများကိုလည်း ကူညီဖြေရှင်းပေးမည့်သူများ ပေါ်လာလိမ့်မည်။ တောင်အရပ်မှ ဧည့်သည်များ ရောက်လာလိမ့်မည်။
ထိုသို့ရောက်လာပြီးပါက နေအိမ်မ ှဗုဒ္ဓဟူးနံတစ်မျိူးမျိူး ထွက်တတ်ပါသည် ။ယခုကာလတွင် ထူးခြားသော ကံအခွင့်အလန်း ကောင်းများကြုံတွေ့ရမည်ဖြစ်ပြီး ထိုကံအခွင့်အလန်းများကို အသုံးချ၍ မိမိဘဝတိုးတက်မူ အဆင့်ဆင့်ကို ဖန်တီးနိူင်ပါလိမ့်မည်။
ကျန်းမာရေးတွင် သွေးပြစ်၍ ကိုယ်လက်လေးလံနေလိမ့်မည် ငယ်ရွယ်သူများ အချစ်ရေးတွင် ရတာမလိုလိုတာမရ ဖြစ်နေလိမ့်မည် ထီ၄၆ပါသောထီထိုးပါ။
ယတြာ ဖယောင်းတိုင်တစ်တိုင်ကို သုံးပိုင်းပိုင်း၍ နေအိမ်ဘုရားတွင် တစ်တိုင်ကျန်နှစ်တိုင်ကို ခြံအဝင်ဝတွင်ထွန်း၍ အရဟံလာဘံသိဒ္ဓိ ၉ခေါက်ရွတ်ပေးပါ။။
ကြာသာပတေးသားသမီး
စိတ်အတွေးများနေမည့် ကာလပါ စိတ်ပျံ့လွင့်လွယ်ပြီ အလုပ်အကိုင်များ မကြာခဏ မှားယွင်းလုပ်ကိုင်နေမိတတ်ပါသည် နေအိမ်(သို့မဟုတ်) အလုပ်တွင် အသေးစားပြင်ဆင်မူများ ပြုလုပ်ရပါလိမ့်မည်။
မိမိအလုပ်တွင် မိမိ၌ အရည်အချင်းရှိသော်လည်း ကိုယ်ပိုင်အရည်အသွေးကို ထုတ်ဖော်ခွင့်မရဖြစ်နေလိမ့်မည် ဝင်ငွေနှင့် ထွက်ငွေမမျှ ဖြစ်နေလိမ့်မည် ။ကျန်းမာရေးတွင် ဇက်ကြောများ လေးလံနေလိမ့်မည် ။
ငယ်ရွယ်သူများ အချစ်ရေးတွင် မိမိမှမနှစ်သက်ပဲ အတင်းဇွတ်တိုး နှောင့်ယှက်လွန်းသူကြောင့် စိတ်ညစ်နေရလိမ့်မည် ထီ ၃၀ပါသောထီထိုးပါ။
ယတြာ မျက်နှာသစ်ပြီးကျန်တဲ့ရေကိုနောက်ပြန်ပက်၍အညံ့အခိုက်တွေပြေပါစေဆုတောင်းပါ။
သောကြာသားသမီး
အရေးကြီးကိစ္စများ အနည်းငယ်နှောင့်နှေးပြီးမှ အဆင်ပြေပါလိမ့်မည် မိဘအကြီးအကဲ ရုတ်တရက် ကျန်းမာရေး ညံ့တတ်ပါသည် ။အထူးသဖြင့် သွေးတိုးသွေးကျ နှလုံးအောင့်ခြင်းများ ဖြစ်တတ်ပါသည် ။အပေါင်းအသင်းပေါင်းခြင်း အထူးသတိထားပါ။
မပေါင်းအပ်သူနှင့် ပေါင်းမိ၍ မိမိပါနာမည်ပျက်တတ်ပါသည် ။အယုံမလွယ်သင့်သောကာလပါ အယုံသွင်းလိမ်ညာသောသူများ၏ လှည့်ကွက်တွင် အငိုက်မိအလိမ်ခံရတတ်ပါသည် ။
ငယ်ရွယ်သူများ အချစ်ရေးတွင် မှတ်တိုင်လိုနေရာမျိူးတွင် ဖူးစာဘက်နှင့် ဆုံတွေ့ပါမည် ။ထီ၉၃ပါသောထီထိုးပါ။
ယတြာ ဖန်ခွက်ကိုမှောက်သံပုရာသီးတစ်လုံးတင်၍ဘုရားလှုပါ။
စနေသားသမီး
စာရွက်စာတမ်းကိစ္စ ငွေကြေးကိစ္စများ အထူးသတိနှင့် ဆောင်ရွက်ဖို့လိုပါတယ် ။အမှားအယွင်းတွေဖြစ်တတ်ပြီး တစ်ကြိမ်တည်းပြီးရမည့် ကိစ္စများကို ချက်ချင်းတစ်ကြိမ်နှင့် မပြီးဘဲ အကြိမ်ကြိမ်ဆောင်ရွက်ပြီးမှသာ အဆင်ပြေပါလိမ့်မည် ။
စပ်တူရှယ်ယာလုပ်ကြသူများ အတွင်းလူ၏ ကတိမတည်မူကြောင့် အဖွဲ့အစည်းအတွင်း လုပ်ငန်းစဉ်များ ကမောက်ကမဖြစ်ရတတ်ပါသည် ။ငယ်ရွယ်သူများ အချစ်ရေး ကံအလွန်ကောင်းပါတယ် ။
စန်းအပွင့်လွန်နေတတ်တဲ့ ကာလလည်းဖြစ်ပါတယ် ။ကျန်းမာရေး သွေးပြစ်ပြီး ကိုယ်လက်လေးလံ နေတတ်ပါသည်။ ထီ၆၀ပါသောထီထိုးပါ။
ယတြာ လင်ဗန်းကိုမှောက်၍ဖယောင်းတိုင်အနီတစ်တိုင်ထွန်းပေးပါ
ကျော်ဘိုဘိုဟိန်း
Zawgyi ဖြင့်ဖတ်ရန်...
တနင်္ဂနွေသားသမီး
မိမိနှင့်သွေးသား မတော်စပ်သော သက်ကြီးရွယ်အိုများအား မိမိတတ်နိုင်သမျှ အကူအညီများပေးရတတ်သော ကာလပါ နေအိမ်တွင် လျှပ်စစ်ပစ္စည်းများ မကြာခဏပျက်နေတတ်ပါသည် ဒူးအဆစ်များနာခြင်း ရောင်ခြင်းများ ခံစားရတတ်ပါသည်။
တနင်္လာသားသမီး
အင်္ဂါသားသမီး
ရပ်ဝေးမိတ်ဆွေများထံမှ လက်ဆောင်ပစ္စည်းနှင့် သတင်းကောင်းများ ကြားရပါလိမ့်မည် ကာလအတန်ကြာ ဖြေရှင်းရန်ခက်ခဲနေသည့် ပြသာနာဟောင်းများကို ပြေလည်အောင် ဖြေရှင်းဆောင်ရွက်နိုင်ပါလိမ့်မည် ကျန်းမာရေး မကြာခဏ အအေးမိဖျားနာတတ်ပါသည် ။
ဗုဒ္ဓဟူးသားသမီး
ထိုသို့ ရောက်လာပြီးပါက နေအိမ်မှဗုဒ္ဓဟူးနံတစ်မျိုးမျိုး ထွက်တတ်ပါသည် ။ယခုကာလတွင် ထူးခြားသော ကံအခွင့်အလန်း ကောင်းများကြုံတွေ့ရမည်ဖြစ်ပြီး ထိုကံအခွင့်အလန်းများကို အသုံးချ၍ မိမိဘဝတိုးတက်မူ အဆင့်ဆင့်ကို ဖန်တီးနိုင်ပါလိမ့်မည်။
ကြာသာပတေးသားသမီး
သောကြာသားသမီး
ငယ်ရွယ်သူများ အချစ်ရေးတွင် မှတ်တိုင်လိုနေရာမျိုးတွင် ဖူးစာဘက်နှင့် ဆုံတွေ့ပါမည် ။ထီ၉၃ပါသောထီိထိုးပါ။
စနေသားသမီး
ကျော်ဘိုဘိုဟိန်း
Myanmar Wedding Guide
jjjj
Read times Last modified on Friday, 14 February 2020 16:15
Rate this item
(0 votes)
Tagged under