ကိုယ့်ချစ်သူကကိုယ့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ

ကိုယ့်ချစ်သူကကိုယ့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာဘယ်လိုသိနိုင်မလဲ google.com

ကိုယ့်ချစ်သူရဲ့ ရူးရူးမူးမူးချစ်ခြင်းကိုခံရဖို့ဆိုတာ မိန်းကလေးတိုင်းရဲ့ဆန္ဒဖြစ်ပါတယ်။

ချစ်သူက ကိုယ့်ကိုတကယ်မှချစ်ရဲ့လား၊ ဘယ်လောက်အထိချစ်လဲဆိုတာ မိန်းကလေးတိုင်းသိချင်မယ်လို့ထင်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ချစ်သူဟာ သင်မရှိရင်မဖြစ်တော့လောက်အောင် သင့်ကိုချစ်မိနေတဲ့လက္ခဏာပဲဖြစ်ပါတယ်။ သင့်ချစ်သူသာဒီအချက်တွေနဲ့ကိုက်ညီခဲ့ရင် သင်ဟာကံကောင်းဆုံးသူတစ်ယောက်ပါ။

 

သင့်ကိုထုတ်ပြရဲတယ်

သင့်ကို တကယ်ချစ်တဲ့ယောကျာ်းတစ်ယောက်ဟာ သင်တို့နှစ်ယောက်ရဲ့ပတ်သက်မှုကို ဖုံးကွယ်ထားမယ့်သူမျိုးမဟုတ်ပါဘူး။ ဒါဟာသူ့ချစ်သူပါဆိုတာတစ်လောကလုံးကိုပြရဲတဲ့သူမျိုးဖြစ်ပါတယ်။ ဒါကြောင့် သင့်ချစ်သူဟာ သင့်ကို လူသိရှင်ကြားတွဲတယ်ဆိုရင် သင်ဟာသူ့အတွက်မရှိမဖြစ်မို့လို့ပါ။

 

သင်နဲ့အတူတူအမြဲရှိချင်တယ်

သင့်ချစ်သူမှာအစီအစဉ်တွေ၊ အိပ်မက်တွေအများကြီးရှိမှာပါ။ အဲဒီ့အရာတွေအားလုံးမှာလည်းသင်ပါဝင်နေမှာပါ။ သင်နဲ့သွားအတူ၊ လာအတူ၊ စားအတူ အမြဲတမ်း မခွဲတမ်းရှိချင်တယ်။ သင့်အနားမှာလည်း အမြဲတမ်းရှိနေပေးတယ်ဆိုတာ သင့်ကိုတကယ်ချစ်လို့ပါ။ သင့်အနားမှာနေရရင် ပျော်ရွှင်နေတယ်ဆိုတာ သူ့အတွက်သင်ဟာမရှိမဖြစ်မို့လို့ပါ။

 

အနာဂတ်အကြောင်းသင်နဲ့ပြောတယ်

သင့်ချစ်သူဟာ သင်နဲ့အတူတူဘဝတစ်ခုကိုတည်ဆောက်ချင်တယ်၊ အနာဂတ်တစ်ခုကိုပုံဖော်ချင်တယ်ဆိုတာ သင့်ကိုတကယ်ချစ်လို့ပါ။ အနာဂတ်မှာ သင်နဲ့သူအတူတူနေမယ်၊ လက်ထပ်မယ်၊ ဘယ်သွားမယ်၊ ဘာလုပ်မယ်ဆိုတာမျိုးလေးတွေကိုပြောတယ်၊ သူ့ရဲ့စိတ်ကူးယဉ်လေးတွေထဲမှာ သင်အမြဲတမ်းပါနေတယ်ဆိုရင် သူ့အတွက်သင်ဟာမရှိမဖြစ်ပါ။

 

အကြာကြီးပစ်မထားဘူး

တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုးစိတ်ကောက်တာက သဘာဝပါ။ ဒါပေမယ့် သင့်ကိုတကယ်ချစ်တဲ့ယောက်ျားဟာ သူမှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ သင့်ကို အကြာကြီးပစ်ထားမှာမဟုတ်ပါဘူး။ ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သင်နဲ့ပြန်ပြေလည်ဖို့ကြိုးစားမယ့်သူပါ။ သင့်ချစ်သူဟာသင့်ကိုအကြာကြီးပစ်မထားဘူး၊ သူမှန်နေရင်တောင်သင့်ကို အရှုံးပေးတယ်ဆိုတာ သူ့ရဲ့မာနတွေထက်သင်ကပိုအရေးကြီးလို့ပါ။

 

သူ့အကြောင်းသင်အားလုံးသိတယ်

သင့်ချစ်သူနဲ့ပတ်သက်ပြီး သင်မသိတာဘာမှရှိမှာမဟုတ်ပါဘူး။ အကြောင်းကတော့ သူ့ရဲ့အတွင်းရေးတွေ၊ လူသိမခံချင်တဲ့အရာတွေကအစ သင့်ကိုသိခွင့်ပေးထားလို့ပါ။ သူ့ရဲ့မိသားစုနဲ့တောင် သင့်ကိုရင်းနှီးစေပြီးသင်နဲ့သူကြားမှာ ဘာလျှို့ဝှက်ချက်မှမရှိဘူးဆိုရင်တော့ သင်ဟာသူ့ဘဝရဲ့မရှိမဖြစ်ပါ။

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Friday, 01 March 2019 16:52
Rate this item
(2 votes)