ချစ်သူဆီမှ သိအောင်လုပ်ထားရမည့် အချက်များ

ချစ်သူဆီမှ သိအောင်လုပ်ထားရမည့် အချက်များ google.com

ကိုယ်နဲ့ချစ်သူဖြစ်မည့်လူဆီမှ သူ့ရဲ့အချက်အလက်ကို သိအောင်ကြိုးစားထားရပါမယ်။

မသိရင်လည်း သိအောင်ကြိုးစားထားသင့်ပါတယ်။

 

လူတိုင်းလူတိုင်းကတော့ အချစ်ရေးမှာ သာယာပျော်ရွှင်တာကိုပဲ လိုချင်တပ်မက်ကြပါတယ်။

 

ကိုယ့်ချစ်သူနဲ့ အချိန်တွေအကြာကြီး လက်တွဲသွားဖြစ်တော့ ပိုကောင်းတယ်လို့လဲ မြင်မိကြမှာပါဖြစ်ပါတယ်။

 

ကိုယ့်ချစ်သူမှာ အရင်က ချစ်သူရှိခဲ့ဖူးလား။ ရှိခဲ့ရင် ဘယ်လိုဖြစ်လို့ ပြတ်သွားတာလဲဆိုတာ မေးမြန်းထားသင့်ပါတယ်။

 

သူ့အကြောင်းကိုသိမှ သူကလည်းကိုယ့်အကြောင်းကိုသိမှ နောက်ထပ် မှားသင့်တာ မမှားအောင် သိထားဖို့လိုပါတယ်။ လူမှုရေး စွက်ဖက်နှောင့်ယှက်ဖို့အတွက် မဟုတ်ကြောင်းကိုလည်း ကြိုပြောထားသင့် ပါတယ်။

 

သူ့ရဲ့အပြုအမူကကော ဘယ်လိုရှိသလဲ။ သူက ရန်ဖြစ်ရင် အော်တတ်လား၊ စိတ်ကောက်တတ်လား၊ လက်ပါတတ်လား ဆိုတာကို သိထားရပါမယ်။

 

ကိုယ်က အေးအေးဆေးဆေးနေတတ်ပြီး၊ သူက ရန်ဖြစ်ရင် အော်ကြီးဟစ်ကျယ်ပြောတတ်ဆိုတတ်တယ်ဆိုရင်တော့ သူနဲ့ကိုယ်နဲ့ စရိုက်ချင်းတူတော့မှာ မဟုတ်တဲ့အတွက် ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။

 

ကိုယ်မကြိုက်တဲ့အရာတွေ ဘာတွေလုပ်တတ်လဲဆိုတာ ကြိုတင်မေးမြန်းထားပါ။ မကြိုက်တဲ့အရာတွေထက် မုန်းတဲ့အရာတွေကိုလည်း သိထားသင့်ပါတယ်။

 

တစ်ယောက်နဲ့တစ်ယောက်ကတော့ အကြိုက်ချင်း၊ ခံယူချက်ခြင်း မတူညီကြပါဘူး။ ထို့ကြောင့် ကိုယ့်ချစ်သူက ဘာတွေလုပ်တတ်တယ်၊ ဘာအကျင့်တွေရှိတတ်သလဲဆိုတာကိုတော့ ကြိုတင် သိထားသင့်ပါတယ်။

 

Read times Last modified on Wednesday, 19 September 2018 16:43
Rate this item
(4 votes)