တဖက်သက် အချစ်ဆိုတာ

တဖက်သက် အချစ်ဆိုတာ google.com

ကိုယ့်ဆီကို မလာချင်တဲ့ လူတယောက်ကို အတင်း ဆွဲခေါ်နေရတာ ပင်ပန်းပါတယ် ။မာန နဲ့ အရှက် သိက္ခာတွေ အောက်ကျ နောက်ကျ ဖြစ်ပြီး တွယ်ကပ်နေ ရတဲ့ အဖြစ်က တော်တော်ရှက်ဖို့ကောင်းပါတယ် ။

 

သိပ်ချစ်လွန်းလို့သူ့အချစ်ကိုရဖို့ကြိုးစားနေရသော်လည်း သူ့ဘက်ကတော့ အသိမှတ်ပြု ဖို့ နေနေသာသာ မသိချင်ယောင်တောင် ဆောင်နေမှာပါ ။တစ်ခြားသူကိုချစ်နေရတာစိတ်ပင်ပန်းရပါတယ် ။

 

သူ့စိတ်ကကိုယ့်ဆီမှာမှမရှိတာ ။သူ့ကိုကိုယ့်ဘက်ကဘယ်လောက်ထိတောင်တစ်ဖက်သတ်ကြီးချစ်နေနေကိုယ့်ရဲ့အချစ်ကသူ့အတွက်တော့ဝန်ထုပ်ဝန်ပိုးဖြစ်ရုံထက်ပိုမယ်မထင်ပါဘူး ။

 

သူနဲ့ အဝေးဆုံးအရပ်မှာပဲကျန်နေခဲ့ပါ ။ ကိုယ့်အပေါ်စိတ်မရှိတဲ့သူတယောက်အတွက်အတင်း လုပ်ယူနေလဲအရာထင်မှာမဟုတ်ပါဘူး ။အဝေးကချစ်နေရလည်း အချစ်ပါပဲ။ ( ဒီအတိုင်းလေး သူ့ဘေးနားမှာ ရှိချင်တယ်ဆိုတာကိုယ့်ရဲ့လောဘပါ )

 

အရမ်းကြီး ဖက်​တွယ်​ထား တာတွေ ၊ ပေးဆပ်နေ တာတွေ ရပ်ပစ်လိုက်ပါ ။ကိုယ်ပဲ နာကျင်ရပါတယ် ။ ကိုယ်ပဲလျစ်လျူရှုခံရနေရပြီးနာကျင်အချိန်ပိုတွေကိုဆက်မခံစားချင်ပါနဲ့ ။တစ်ဖက်သတ်အချစ်ဆိုတာအရမ်းခံစားရပါတယ်။

 

Myanmar Wedding Guide

 

Ref;ခဲတံ

Read times Last modified on Wednesday, 19 September 2018 09:52
Rate this item
(1 Vote)