အချစ်စစ်ကိုလိုချင်ရင် ဘယ်အချက်တွေလိုက်နာသင့်လဲ

အချစ်စစ်ကိုလိုချင်ရင် ဘယ်အချက်တွေလိုက်နာသင့်လဲ google.com

လောကမှာအပေးနဲ့အယူဆိုပြီး နှစ်မျိုးတည်းရှိတာပါ။

ကိုယ့်ဘက်ကဘာမှမပေးဆပ်ချင်ဘဲနဲ့တော့ တခြားဘက်ကအကောင်းတွေချည်းမျှော်လင့်နေလို့မရပါဘူး။ ဟိုဘက်ကပေးဆပ်ခဲ့သည့်တိုင် ဒီအရာကမျှတမှုမရှိနေပါဘူး။ တစ်ချိန်မှာဒါတွေကြောင့်အဖုအထစ်မဖြစ်လာနိုင်ပါဘူးလို့လည်း ဘယ်သူမှတပ်အပ်မပြောနိုင်ပါဘူး။ ဒါကြောင့်မို့ သင်သာလူတစ်ယောက်ဆီက အချစ်စစ်ကိုလိုချင်လာပြီဆို ဒီအချက်လေးတွေတော့လိုက်နာဖို့လိုပါမယ်။

 

လမ်းရှင်းထားပါ

သင့်ဘဝထဲတစ်စုံတစ်ယောက်ကိုဖိတ်ခေါ်ချင်တယ်ဆိုရင်တော့ သူ့အတွက်နေရာတစ်ခုလောက်ရှင်းထားဖို့လိုပါမယ်။ အဆက်ဟောင်းကိုစိတ်မပြတ်သေးတာ၊ တွေဝေနေတာ၊ သံသယများနေတာတွေနဲ့ယုံကြည်ချက်ကင်းမဲ့နေတဲ့ သင့်ရဲ့စိတ်တွေကြောင့်တစ်ဖက်လူကပေးလာမယ့်အချစ်စစ်တွေကိုမဖျက်ဆီးမိပါစေနဲ့။

 

ဘာလိုချင်နေတာလဲ

Relationship တစ်ခုစတင်တော့မယ်ဆို အဲဒီ Relationship ကနေသင်ဘာတွေမျှော်မှန်းထားလဲဆိုတာမလိမ်မညာဘဲသင်ကိုယ်တိုင်သိဖို့လိုပါမယ်။ မျှော်မှန်းထားတာနဲ့ထပ်တူမကျတဲ့ Relationship ကိုစတင်မိလိုက်ရင်တော့ အရေအတွက်တာအဖတ်တင်သွားပြီးနာကျင်စရာတွေပဲထပ်ရလာနိုင်ပါတယ်။

 

အများကြီးမမျှော်လင့်ထားပါနဲ့

Relationship တစ်ခုမှာ သင့်ကပဲအချစ်ခံနေရမယ်။ ပျော်ရွှင်စရာတွေကြီးကြုံတွေ့ရမယ်လို့ မျှော်လင့်ထားရင်တော့ သင်မှားနေပါပြီ။ အချစ်စစ်တို့လမ်းမည်သည် ဖြောင့်တန်းရိုးထုံးစံမရှိ ဆိုတဲ့ဆိုရိုးလေးကိုလည်း ကြားဖူးလောက်မယ်ထင်ပါတယ်။

 

ရင်ဆိုင်ဖို့အားမွေးထားပါ

ဘယ်သူမှပြီးပြည့်စုံတယ်ရယ်လို့မရှိပါဘူး။ အခက်အခဲတွေကိုကျော်ဖြတ်နိုင်လေ အရည်အသွေးကောင်းလာလေပါ။ ဒါကြောင့် အချစ်စစ်နဲ့ဆုံတွေ့ချင်တယ်ဆိုရင်တော့ တိုက်ပွဲဝင်နိုင်ဖို့ အားတင်းထားပါ။

 

ငြိမ်မနေပါနဲ့

အချစ်ခံလူတန်းစားဆိုပြီးချေမိုးမနေပါနဲ့။ သူချစ်တာခံချင်ရင် ကိုယ်ကလည်းချစ်ပေးဖို့လိုပါမယ်။ လိုချင်တယ်ဆိုပြီး တစ်နေရာထဲမှာပဲလည်းရပ်နေလို့မရပါဘူး။ ကိုယ်မှန်းထားတဲ့ပုံစံနဲ့ကိုက်ညီတဲ့လက်တွဲဖော်မျိုးဖြစ်အောင်လို့ ကိုယ်ကိုယ်တိုင်လည်းကြိုးစားကြည့်ပါဦး။

 

Source : Mystlye

Myanmar Wedding Guide

Read times Last modified on Tuesday, 12 March 2019 17:17
Rate this item
(3 votes)