ချစ်သူရှိနေတဲ့ ပျိုမေတွေသာ ခံစားခွင့်နိုင်မယ့် အကျိုးကျေးဇူးများ

ချစ်သူရှိနေတဲ့ ပျိုမေတွေသာ ခံစားခွင့်နိုင်မယ့် အကျိုးကျေးဇူးများ google.com

တစ်ယောက်တည်းနေရတာ ပိုကောင်းလား ၊ ချစ်သူရှိနေတာ ပိုကောင်းလား ဆိုတဲ့မေးခွန်းတွေကြားမှာ ဘယ်အရာကမှ ပိုကောင်းတယ်လို့တော့ မရှိပါဘူး။

 

 

သူဟာနဲ့သူတော့ ကောင်းကျိုး ၊ ဆိုးကျိုးရှိနေတာပါပဲ။ အခုဖော်ပြပေးမှာကတော့ ချစ်သူရှိနေရခြင်း ၊ RS ဖြစ်နေရခြင်းရဲ့ အကျိုးကျေးဇူးတွေပဲဖြစ်ပါတယ်။

 

 

() အမှတ်တရတွေ ဖန်တီးလို့ရတယ်

 

သင့်က RS ဖြစ်နေတဲ့အချိန်မှာ တစ်ဖက်လူနဲ့ကုန်ဆုံးတဲ့ အချိန်တိုင်း ၊ စက္ကန့်တိုင်း ၊ နေ့ရက်တိုင်းတွေက အမှတ်တရတွေဖြစ်လာတယ်။ ချစ်ရတဲ့သူနဲ့ အမှတ်တရတွေ ဖန်တီးရတာက Relationship တစ်ခုမှာ ကြည်နူးရဆုံးပါ။ သူငယ်ချင်းတွေနဲ့ အပြင်သွားရင်တောင် ချစ်သူနဲ့သွားခဲ့တဲ့ နေရာတွေရောက်မိရင်တောင် သတိရနေမိကြတယ်။

 

 

()စိတ်ဖိစီးတာတွေ လျော့နည်းသွားမယ်

 

ချစ်သူဖြစ်ခါစမှာတော့ တစ်ယောက်နဲ့တစ်ယောက် အယုံအကြည်နည်းနေသေးတာကြောင့် စိတ်ဖိစီးတတ်ကြတယ်။ နောက်ပိုင်းနှစ်ကြာလာရင် တစ်ယောက်နဲ့တစ်ယောက် ပိုယုံကြည်လာပြီး စိတ်ဖိစီးမှုတွေ လျော့နည်းသွားတယ်။ ချစ်သူစုံတွဲတွေက သူတို့ RS မှာပျော်နေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်မှုတွေ ပိုလာတတ်ကြတယ်။

 

 

() ကျန်းမာရေးပိုကောင်းလာမယ်

 

 

RS မှာပျော်နေတယ်ဆိုရင် ကျန်းမာရေးအတွက် ကောင်းစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ဂရုစိုက်ပေးနေတာတွေက ကျန်းမာရေးပိုကောင်းလာစေတယ်။ လူတွေက အချစ်နဲ့တွေ့ရင် အကောင်းဘက်ကို ပြောင်းလဲလာတတ်ကြတယ်။ အချစ်နဲ့မတွေ့ခင် ဆိုးမိုက်နေကြသူတွေ ၊ သူတို့တကယ်ချစ်တဲ့သူနဲ့တွေ့လာရင် အလိုလိုအကောင်းဘက်ကို ပြောင်းလဲလာတတ်ကြသလိုပါပဲ။

 

 

() ပျော်ရွင်လာမယ်

 

အချစ်က ပျော်ရွှင်မှုကိုပေးတယ် ၊ ချစ်သူရှိတဲ့သူတိုင်း ပျော်ရွှင်ကြတယ်။ ကိုယ့်ချစ်တဲ့သူဘေးမှာ နေရရင်မပျော်တဲ့သူဆိုတာ ရှိပါ့မလား။ ကိုယ်ချစ်နေရတဲ့ သူရဲ့မျက်နှာကို ကြည့်ပြီး ကြည်နူးရတဲ့ ၊ ပျော်ရွှင်ရတဲ့အခိုက်အတန့်တွေက RS ရှိနေရခြင်းရဲ့အကျိုးကျေးဇူးတွေပါပဲ။

 

 

() သင်ဆိုတာ ဘာလဲ ပြနိုင်လာမယ်

 

ချစ်သူရှိနေရခြင်းရဲ့ အကျိုးကျေးဇူးတွေထဲကမှ အကောင်းဆုံးတစ်ခုကတော့ သင်ချစ်ရတဲ့ချစ်သူဘေးမှာ သင်ဆိုတာ ဘယ်လိုမိန်းမမျိုးလဲဆိုတာ ပြနိုင်လာတယ်။

 

 

 

Credit;Aunty May

Read times Last modified on Thursday, 18 October 2018 10:29
Rate this item
(1 Vote)