(၇)ရက်သားသမီးများအတွက် တားရော့ဗေဒင်
(၇)ရက်သားသမီးများအတွက် တားရော့ဗေဒင် google
ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်ကြီးအတွက် ဧပြီလ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၇)ရက်သားသမီးအတွက် တားရော့ဗေဒင်လေးကိုဖော်ပြပေးလိုက်ပါတယ်……
တနင်္ဂနွေ
မမျှော်လင့်ထားပဲရင်တုန်ပန်းတုန်ဖြစ်စရာများကြုံရတတ်ပြီး ၊ မိမိမျှော်လင့်သည်ကတစ်မျိုး ဖြစ်လာသည်ကတစ်ဖုံဆိုသလိုဖြစ်ရတတ်သည်။
စီစဉ်ထားသည့်အကြံအစည်များရုတ်တရက်အဖျက်ပေါ်တတ်ပြီး ၊နိုင်ငံရေးခေါင်းဆောင်တို့အဖို့လျို့ဝှက်ကြံစည်လုပ်ဆောင်သည့်ကိစ္စများ
လူသိရှင်ကြားဖြစ်ရတတ်သည်။ယုံကြည်မှုလွန်ကဲခြင်း ၊ တစ်ပါးသူအပေါ်အထင်အမြင်သေးခြင်းကြောင့်ဒုက္ခရောက်ရတတ်သည်။
ယာယီအညံ့ရှိသောကာလဖြစ်သည့်အတွက်လုပ်ငန်းခွင်မှသူတို့အဖို့ စာရွက်စာတမ်းကိစ္စများ ၊လက်မှတ်ရေးထိုးခြင်းကိစ္စများကိုသတိဖြင့်ဆောင်ရွက်သင့်ပြီး ၊
ချောက်တွန်းခံရတတ်သည်။
ရုတ်တရက်ပေါ်ပေါက်လာသောအခက်အခဲများကြောင့်ငွေကုန်ကြေးကျများရခြင်းကြုံရတတ်သလို
ငွေလိမ်ခံရခြင်း ၊ ငွေဆုံးရှုံးရခြင်းကြံမည်။အချစ်ရေးမှာပျိုရွယ်သူတို့အဖို့လူယုံသစ္စာဖောက်ဒုက္ခပေးတတ်ပြီးပျိုရွယ်သူတို့အဖို့အချစ်ရေးကြောင့်မိတ်ပျက်ရခြင်းကြုံမည်။
မိမိကြံစည်စိတ်ကူးထားသည်များပျက်ရခြင်းကြုံရတတ်သလိုချစ်သူအိမ်ထောင်ဖက်နဲ့ကိုယ့်အကြားပြသနာများရတတ်ပြီးလောကဓံကိုမိမိနှင့်အတူ
ရင်ဆိုငါလိုစိတ်မရှိတော့ခြင်းကြုံရတတ်သည်။
ယတြာ ။ နေအိမ်အပေါက်ဝမှာအမွှေးတိုင် ၁၆ တိုင်ထွန်းညှိခြင်းလေးပြု၍နေအိမ်သန့်ရှင်းမှုပြုပါ။
တနင်္လာ
ပြသနာဟောင်းလေးများပြန်လည်ဖြေရရှင်းရကြုံတွေ့ရတတ်သလိုမိဟောင်းဆွေဟောင်းတို့နဲ့လည်းပြန်လည်ဆုံတွေ့ရတတ်သည်။
မိမိအားအမြင်မကြည် ၊ ရန်စရှိသူများနဲ့ပြန်လည်တွေ့ရဆုံရတိုက်ရခိုက်ရတတ်ပြီးလုပ်ငန်းသစ်အစပြုခါနီးမှလုပ်ငန်းဟောင်းများလက်စသတ်ရခက်ခဲခြင်းကြုံမည်။
အတိတ်ကမိမိပြုထားသောအကောင်းအဆိုးကံ(၂)မျိုးလုံးကိုခံစားရမည့်အချိန်ဖြစ်ပြီး ၊ ထူးခြားချက်ကတော့သူတစ်ပါးကမဖြစ်နိုင်လုပ်ဆောင်ရန်
ခက်ခဲသောကိစ္စများကိုမိမိအရည်အချင်းအစွမ်းအစဖြင့်ဖြေရှင်းလုပ်ကိုင်နိုင်မည်။
ငွေကြေးကံကောင်းသလို ၊ အရေးကြီးကိစ္စများစကားပြောအောင်မြင်မည်။လူယုံထားမရပါ။
ရက်ပိုင်းအတွင်းငွေဝင်ခြင်းကြုံမည်။မနာလိုအတိုက်အခံပြုသူများကိုကျော်လွှားအောင်မြင်မည့်နိမိတ်ကိုရရှိထားချိန်ဖြစ်ပြီးအခြေအနေတစ်ခုကြောင့်
ရပ်တန့်ထားရသောလုပ်ငန်းများတနည်းတစ်ဖုံပြန်လည်ပတ်လာပါလိမ့်မည်။
ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ဖို့ကောင်း၍လုပ်ငန်းခွင်မှသူများအဖို့အထက်လူကြီး၏နှုတ်၏ဆောင်မခြင်းလက်ဖြင့် ဆောင်မခြင်းကြုံမည်။
အချစ်ရေးမှာရေခြားမြေခြားနေရသူတို့အဖို့ဆုံတွေ့ဖို့ရာကြံစည်မှုလေးတွေရှိပါကအကြံအစည်အောင်မြင်ပါလိမ့်မယ်။
မေတ္တာရေးကံကောင်းသည့်အနေအထားမှာရှိပြီးအရွေးရခက်လောက်အောင်မေတ္တာရေးလမ်းကြောင်းနှစ်ခွဖြစ်တတ်ပြီးအဟောင်းပြတ်ပြီ
အထင်နဲ့အသစ်စကာမှအဟောင်းအသစ်တပြိုင်တည်းကြုံရတတ်သည်။
မမျှော်လင့်ပဲ တစ်ကိုယ်တည်းသူများအဖို့မေတ္တာရေးကိစ္စလေးတွေကြူံရတတ်ပြီးပျိုရွယ်သူတို့အဖို့ရဲရဲတင်းတင်းရှေ့တိုးသင့်သည့်အချိန်ပါ။
ယတြာ။ ပေါက်ပေါက်ဆုပ်လေးငါးစာကျွေးပေးပါ။
အင်္ဂါ
ယခုကာလသည် စိတ်ထောင်းကိုယ်ကြေဆိုသလို စိတ်နှင့်လူနှင့်မကပ် လောကဓံ၏အနှောက်အယှက်များ ကြုံတွေ့ရမည့် ကာလဖြစ်သည်။
မနာလိုသူ အလွန်များသော ကာလဖြစ်သည့်အလျောက် စီးပွားရေးတွင် အတိုက်အခိုက်အနှောက်အယှက်များသဖြင့် အခွင့်အရေးရှိက သတိနှင့်ဆောင်ရွက်ပါ။
ငွေရေးကြေးရေးနှင့် ပတ်သက်၍ လူလိမ်၊ ငွေလိမ်ခံရခြင်းများဖြစ်တတ်သည်။
တဇွတ်ထိုးသိပ်ဆန်နေမည်။ မချစ်သင့်သူကို ချစ်မိသော အချစ်မှား ဆုံးဖြတ်ချက်မှားသောကာလ ဆိုလျှင်ပိုမှန်လိမ့်မည်။
လက်ရှိချစ်သူနှင့်လည်း တစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေယိုယွင်းကာ ပူလောင်နေရမည့်ကာလဖြစ်သည်။
ချစ်သူဟောင်းအိမ်ထောင်ဘက်ဟောင်းမှအကောက်ကြံ နှောက်ယှက်ခြင်းမျိုးခံစားရမည်။
အိမ်ထောင်ရှင်များအဖို့ ကြားစကားသိပ်အရေးကြီးသည့်ကာလပါ မိဘအုပ်ထိန်းသူ အကြီးအကဲများ ပြသနာကြားဝင်နိုင်ပါသည်။
ကျန်းမာရေးအထူးဂရုစိုက်ပါ။ ဂရုမစိုက်မိသော ဝေဒနာအနည်းအကျဉ်းမှ နာတာရှည် သဘောမျိုးဖြစ်လာရတတ်သည်။
သားအိမ် သွေးသားရောဂါနှင့်ပတ်သတ်၍ သတိရှိပါ။
အချစ်ရေးမှာလောကဓံ၏အနှောက်အယှက်ဝင်ကာ ခိုက်ရန်ဖြစ်ပွားခြင်း ဖြစ်မည်။
မနာလိုသူ အလွန်များသော ကာလဖြစ်သည်။ တဇွတ်ထိုးသိပ်ဆန်နေမည်။ မချစ်သင့်သူကို ချစ်မိသော အချစ်မှား ဆုံးဖြတ်ချက်မှားသောကာလ ဆိုလျှင်ပိုမှန်လိမ့်မည်။
လက်ရှိချစ်သူနှင့်လည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေယိုယွင်းကာပူလောင်နေရမည့် ကာလဖြစ်သည်။
ချစ်သူဟောင်း အိမ်ထောင်ဘက်ဟောင်းမှ အကောက်ကြံနှောက်ယှက်ခြင်းမျိုးခံစားရမည်။
အိမ်ထောင်ရှင်များအဖို့ ကြားစကားသိပ်အရေးကြီးသည့်ကာလပါ မိဘအုပ်ထိန်းသူ အကြီးအကဲများပြသနာကြားဝင်နိုင်ပါသည်။
ကျန်းမာရေးအထူးဂရုစိုက်ပါ။ ဂရုမစိုက်မိသော ဝေဒနာအနည်းအကျဉ်းမှ နာတာရှည် သဘောမျိုးဖြစ်လာရတတ်သည်။
သားအိမ် သွေးသားရောဂါနှင့်ပတ်သတ်၍ သတိရှိပါ။
ယတြာ ။ တစ်စုံတယောက်ထံမှပစ္စည်းလေးတစ်ခုလက်ဆောင်တောင်းယူပြီးကံကောင်းစေသည့်အရာလေးအဖြစ်ဘာပဲရရဆောင်ပေးပါ။
ဗုဒ္ဓဟူး
အတိတ်ကာလပြုလုပ်ခဲ့သော ကောင်းခြင်း ဆိုးခြင်းများခံစားရမည်။
မိမိကောင်းတာလုပ်လျှင် စံစားရပြီး ဆိုးတာလုပ်လျှင် အပြစ်ဒါဏ်ခံရမည်။
မိမိအားမကောင်းကြံသူများရှိနေတတ်သည်။ အရာအားလုံး အကျိုးအကြောင်း ဆက်စပ်၍ ဖြစ်ပေါ်နေမည့်ကာလဖြစ်သည်။
လုပ်ငန်းနှင့်ပတ်သတ်၍ လူယုံ ဒုခပေးမည်။
ယခုကာလအတွင်း လူယုံမထားလေကောင်းလေဖြစ်မည်။ မိမိလုပ်ဆောင်စရာများကို သိုသိုသိပ်သိပ်နှင့် လမ်းကြောင်းအတိုင်း လုပ်ဆောင်ပါ။
မိမိကိုယ်တိုင်ကငွေဖြုန်တီးချင်စိတ်များဖြစ်ပေါ်နေမည်။ မိမိဆန္ဒကိုမထိန်းချုပ်နိုင်ပါကငွေကုန်ကြေးကျများနိုင်မည့်ကာလဖြစ်သည်။
အမှုအခင်းအသေးလေးများကြုံရနိုင်ကာ ငွေကုန်ပေါက်ဖြစ်မည်။
ချစ်သူစုံတွဲများ အဆင်မပြေမှုများ ချုပ်ငြိမ်၍ သာယာသောကာလလေးပိုင်ဆိုင်ရမည်။ ချစ်သူမရှိသူများ ချစ်သူရရှိမည်။
အိမ်ထောင်ရှင်များမိမိအိမ်ထောင်ဘက်အပေါ်ရိုးသားပါ။
ယတြာ.။ မိသားစုတွင်းကအကြီးအကဲအမျိုးသမီးအခြားဘယ်သူမှမသိအောင်လက်ဆောင်လေးပေးပေးပါ။
ကြာသပတေး
မမျှော်လင့်ထားသည့်အခြေအနေများတစ်ခုပြီးတစ်ခုကြုံရတတ်သလို ၊ ပဲလှော်ကြားဆားညပ်သလိုပြသနာတွေမှာကြားရောက်သွားတတ်သည်။
အေးအေးချမ်းချမ်းဖြစ်မည်ကြံကာမှအနှောင့်အယှက်တစ်ခုပြီးတစ်ခုရုတ်တရက်ကြုံရတတ်သည်။
ဒီကာလအတွင်းမှာသင့်အနေနဲ့အနှောင့်အယှက်များမယ် ၊ ရန်များမယ်အရာရာကိုယ့်ခြေကိုယ့်လက်နဲ့လုပ်ကိုင်မှတော်ကာကျလိမ့်မည်။
မိမိယုံကြည်ရသောသူများတဖြည်းဖြည်းစာရိတ္တပျက်စီးလာတတ်ပြီး။
အမှားအမှန် ၊ ကောင်းဆိုးခွဲဖို့ခက်ခဲသောအချိန်ပါပဲ။သီးသန့်ဆန်နေတတ်ပြီး ၊ မိမိအခက်အခဲဒုက္ခဖြစ်မှုအပေါ်ဝမ်းသာသူများရှိမည်။
ကျန်းမာရေးအညံ့ရှိသည်။မတော်တဆထိခိုက်ခြင်းယာဉ်ကားမောင်းနှင်ခြင်းဂရုစိုက်ပေးပါ။
ခန္ဓာကိုယ်ဓာတ်မညီမျှခြင်း ၊ သွေးခြည်သွေးပေါက်ဖြစ်ခြင်း ၊ ပေတေ၍ကုသမှုမပြုသောဝေဒနာတို့ဆိုးဆိုးဝါးဝါးဖြစ်ရတတ်သည်။
ပျိုရွယ်သူတို့အဖို့အချစ်ရေးမှာမပတ်သက်သင့်သူကိုပတိသက်မိခြင်း ၊ မှားမှန်းသိရက်ရှေ့တိုးနေမိခြင်းကြုံမည်။
မေတ္တာရှင်အစစ်ကိုပစ်ခွာထားမိပြီးအတုအယောင်များအပေါ်သာယာနေမိခြင်းကြောင့်မလိုလားသောစိတ်အနှောင့်အယှက်ကြုံမည်။
အထင်လွဲခံရခြင်း ၊ စွပ်စွဲခံရခြင်းကြုံမည်။ အိမ်ထောင်ရှင်များအဖို့အိမ်ထောင်ဖက်ကကိစ္စတချို့ဖုံးဖိထားခြင်းကြုံမည်။
ယတြာ ။ မိမိစိတ်ဆင်းရဲအောင်စိတ်ထိခိုက်အောင်ပြုလုပ်ခဲ့ဖူးသောသူတစ်ယောက်ကိုလက်ဆောင်လေးတစ်စုံတစ်ခုပေးပေးပါ။
သောကြာ
ယခုကာလသည် မိမိကြိုးစားမှု အနစ်နာခံမှုများ၏ အကျိုးကျေးဇူး အသီးအပွင့်များ ခံစားရရှိမည့်ကာလဖြစ်သည်။
အလိုရှိသည်များပြည့်စုံ ကုံလုံ ကြွယ်ဝနိုင်သောကာလဖြစ်သည်။ အမျိုးသမီး မိတ်ဆွေအကြီးအကဲမှ အထောက်အပံ့ကောင်းများရမည်။
ကိုယ်ပိုင်လုပ်ငန်းများအနေဖြင့် တိုးချဲ့အောင်မြင်နိုင်မည်။
ချစ်ရေးချစ်ရာအဖြာဖြာတွင်လည်း ပျော်ရွှင်ကြည်နူး စိတ်အေးချမ်းဖွယ်ရာ အတိ ကြုံတွေ့ရပါလိမ့်မည်။
ချစ်သူချင်း နားလည်မှုအပြည့်ဖြင့် အထင်လွဲမှုများကင်းလွတ် အဆင်ပြေသွားမည်။
အိမ်ထောင်မရှိသူ အိမ်ထောင်ကျ၍ အိမ်ထောင်ရှင် အမျိုးသမီးများအဖို့ သားသမီးရတနာ ရခွင့် အခွင့်အလမ်းများပါသည်။
ကျန်းမာရေးအနေဖြင့် ဝမ်းဗိုက် ခါး ကျောရိုး ဒုက္ခပေးမည်။ ဆီး ဝမ်း မှန်အောင် ဂရုစိုက်ပါ။
ပညာရပ် အထွေထွေကို အချိန်ရသလို လေ့လာရင်း ဘဝလမ်းကြောင်းတွင် ထူးခြားသော တိုးတက်အောင်မြင်မှုများကြုံမည်။
ယတြာ ။ အခက်အခဲကြုံတဲ့အခါသောကြာသားသမီးတစ်ဦးအားလက်ဆောင်လေးတစ်ခုခုပေးပေးပါ။
စနေ
မိမိ၏ကိုယ်ပိုင်အစွမ်းအစ များထုတ်ဖော်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ မိမိအားနှိမ်ချခဲ့သူများအပေါ် မိမိ၏ကိုယ်စွမ်းကိုယ်စဖြင့်အနိုင်ယူ အောင်မြင်မည်။
ကိုယ်ပိုင်ဆုံးဖြတ်ချက်အတိုင်း အရေးကြီးသောဆုံးဖြတ်ချက်များ ခြေလှမ်းသစ်များချမှတ်အောင်မြင်မည်။
လုပ်ငန်းသစ်စတင်ရန်အကောင်းဆုံးအချိန်ဖြစ်သည်။ အထက်လူကြီး၏ကူညီစောင်မမှု ရရှ်မည်။
လုပ်ငန်းခွင်အတွင်း နေရာသစ်အပြောင်းအလဲရှိနိုင်သည်။ အရာရာ မိမိယုံကြည်ချက်အတီုင်းဆောင်ရွက်ပါက အောင်မြင်မည့်ကာလဖြစ်သည်။
ဒီကာလအတွင်း စာချုပ်စာတမ်း ငွေကြေး အာမခံခြင်း မပြုလုပ်ပါနှင့်။ သူများပြသနာ ကိုယ့်ပြသနာဖြစ်တတ်သည်။
ဆရာကောင်းသမားကောင်းနှင့်တွေ့ရမည်။ စန်းပွင့်အားကောင်းနေသော ကာလလေးဖြစ်သည်။ မိမိအားချစ်စကားဆိုခံရမည်။
ချစ့သူများယခုအချိန်မှစ၍ ကြည်နူးစရာလေးများကြုံမည်။ အိမ်ထောင်ရှင်များ လဘ်လာဘ တိုးတတ်မည့်ကာလလေးဖြစ်သလို သာယာမှုလေးများရရှိမည်။
ယတြာ ။ အနှောင့်အယှက်လေးများကြုံရတဲ့အခါခင်မင်ရသူအမျိုးသမီးတစ်ဦးအားပန်းစည်းလေး
သို့မဟုတ်ဘုရားပန်းလှုရန်ပန်းလေးလက်ဆောင်ဝယ်ပေးလိုက်ပါ။
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
ig
<<<Zawgyi>>>
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူ
ကြာသပတေး
သောကြာ
စနေ
Source: Yair Htet Mon
Bridal Dress သတို့သမီးဝတ်စုံဆိုင် ဆိုင်ကိုရှာရန်နှိပ်ပါ။
Myanmar Wedding Guide
1we
Read times Last modified on Thursday, 02 April 2020 16:09
Rate this item
(0 votes)
Tagged under