(၅) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ

(၅) ဂဏာန်းသမားများ အတွက် ၂၀၂၁ တစ်နှစ်တာ ကံကြမ္မာ Google

အင်္ဂလိပ်ရက် ၅ ရက် ၊ ၁၄ ရက် ၊ ၂၃ ရက် မွေးဖွားသောမိတ်ဆွေများကို (၅) ဂဏာန်းသမားများ ဟုခေါ်သည်။

 

အောင်မြင်ခြင်း ၊ စိတ်ချမ်းသာပျော်ရွှင်ခြင်း ၊ သြဇာအာဏာတိုးတက်ခြင်း ၊ အရိုအသေပေးခံရခြင်း ၊ အထင်ကြီးလေးစားခံရခြင်း ၊ မုန်းနေတဲ့သူများက ပြန်ချစ်လာခြင်း ၊ နှိမ်ထားတဲ့သူများက နေရာပြန်ပေးခြင်း စသည်တို့ကြုံရလတ္တံ့။

 

အရင်နှစ်တွေက နလန်မထူနိုင်အောင် ဖြစ်နေစမ်းပါစေ။ ကုန်းကောက်စရာမရှိလောက်အောင် မွဲချင်တိုင်းမွဲနေစမ်းပါစေ။ ဒီနှစ်ထဲမှာတော့ မျက်လှည့်ပြလိုက်သလို ဖျက်ကနဲပြောင်းပြီး ဂွပ်ကနဲကောင်း စားမယ့်အချိန်နှစ်ကိုရောက်မည်။

 

ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်မယ့် အခြေအနေကောင်း အခွင့်အလမ်းကောင်း အဆက်အသွယ်ကောင်းတွေပေါ်လာအံ့။ လက်ရှိအဆင့်ထက် အဆမတန် မြင့်တတ်သွားအံ့။ ပျော်စရာအကောင်းဆုံး၊စိတ်ဝင်စားစရာ အကောင်းဆုံးနှစ်ဖြစ်အံ့။

 

အဖက်ဖက်ကနေ စိတ်ချမ်းသာစရာတွေပေါ်လာအံ့။ အကူအညီကောင်း၊ အထောက်ပံ့ကောင်း၊ အဆက်အသွယ်တွေလည်းပေါ်လာအံ့။ သတင်းကောင်းတွေကြားရတာ၊ ဝမ်းသာစရာဧည့်သည်တွေရောက်လာတာလည်း ကြုံရအံ့။
ရတနာပုံဆိုက်တယ် ၊ စိုင်ကော်လို့ချုံပေါ်ရောက်တယ် ဆိုတဲ့ကိန်းမျိုးဟာ ဒီလိုနှစ်မျိုးကို ခေါ်တာဖြစ်တယ်။

 

နှိမ်ချင်တဲ့သူတွေက ဘယ်လောက်ပဲနှိမ်ထားနှိမ်ထား ကံတရားကတော့ မျက်နှာသာပေးပြီ။ အားလုံးက လက်ပိုက်ကြည့်နေရတော့မယ် မနာလိုတဲ့လူများရှိရင်တော့ သူတို့အနေနဲ့ လဲပြီးသေရုံကလွဲလို့ ဘာမှမတတ်နိုင်ကျတော့ဘူး။

 

ရှုံးနိမ့်တုန်းကခံထားတာတွေ ပေဖြစ်တုန်းကအထုခံထားရတာတွေ ခုတော့အနိုင်ရပြီ။ ပေမဟုတ်တော့ဘူး တူဖြစ်သွားပြီး။ စိတ်ကြိုက်သာထုပေတော့။ ဒီအချိန်ဟာ အတော့ကို အဖက်ဖက်က ကောင်းတော့မယ်လို့နားလည်ပါ။

 

အချစ်ရေး - ဝမ်းသာကြည်နူးစရာ အလည်အပတ်ခရီးများသွားရတတ် …။ ချစ်သူနဲ့ပက်သက်ပြီး ဝမ်းသာစရာသတင်းကောင်းများကြားရတတ် …။ ချစ်သူထံမှ ဝမ်းသာစရာ လက်ဆောင်ပစ္စည်းရတတ် …။ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့ … ။

အရာအားလုံးသည် ကြည်နူး ကျေနပ် ပျော်ရွှင်စရာ အတိပြီးနေအံ့ … ။ စိတ်ပူစရာအချို့တော့ရောထွေးနေအံ့ … ။

 

အိမ်ထောင်ရေး - အိမ်ထောင်ရေးသုခ အပြည့်အ၀ ခံစားရတတ် … ။ သားသမီးမရှိသေးသူများ သားကောင်းသမီးရတနာထွန်းကားတတ် … ။ ဆွေမျိုးဝင်ရှုပ်တတ် …။ ကောင်းသောခရီးများသွားရတတ် …။

အိမ်ထောင်ဘက်ရဲ့အကျိုးကိုခံစားရတတ် … ။ မောင်တစ်ထမ်း မယ်တစ်ရွက် စိတ်တူ ကိုယ်တူ သဘောတူဖြင့် ကြည်ဖြူနေအံ့ … ။

 

ငွေရေးကြေးရေး - ထင်မှတ်ထားတာထက်ပိုမိုအောင်မြင်လတ္တံ့ …။ ငွေကြေးအကြံအစည်များ အောင်မြင်အံ့ …။ ငွေကြေးအခက်အခဲများမှ လွတ်မြောက်အံ့ … ။ ငွေရမည့်ခရီးများသွားရတတ် …။ ငွေပေးမည့်ဧည့်သည်များရောက်လာတတ် … ။ ငွေကြေးကိစ္စများ အနည်းငယ်စိတ်ပူပြီးမှ အောင်မြင်မည်။

 

၁။ ပညာအသစ်ရ သင်တန်းတက်ရတတ် ပညာရေးရည်မှန်းချက်များ အောင်မြင်မည်

၂။ စပ်တူလုပ်ငန်းများ အောင်မြင်မည်

၃။ အလုပ်အပြောင်းအလဲ နေရာအပြောင်းအလဲကြုံအံ့ …။ ( ကောင်းသောပြောင်းလဲခြင်း)

၄။ အောက်လက်ငယ်သားကို အကြောင်းပြုပြီး သတင်းကောင်းကြားရအံ့ ...။ ဝမ်းသာပျော်ရွှင်ရအံ့ … ။ အကူအညီကောင်းရအံ့ … ။

၅။ ဘာပဲလုပ်လုပ် ရဲရဲလုပ်ပါ အောင်မြင်လတ္တ့ ံ။

၆။ ပြည်တွင်းပြည်ပ ခရီးများ အောင်မြင်အံ့ ။ ဝမ်းသာစရာဧည့်သည်များ ရောက်လာတတ်

၇။ လုပ်ငန်းစီးပွား ငွေကြေးတိုးတက်အံ့

၈။ မမျှော်လင့်သော သူထံမှ အကူညီကောင်းများ ရတတ်

၉။ ကြီးမားသော အောင်မြင်ခြင်းများ တွေ့ကြုံရတတ်

၁၀။ စွန့်စားရသောလုပ်ငန်းများ မုချအောင်မြင်မည်

၁၁။ ငွေကြေးကိစ္စ (၇) ဂဏန်း ဒုက္ခပေးတတ်

အကျိုးပေးအဆောင် - ပယင်း ၊ ဥဿဖယား ၊ အဝါရောင်စိန်

အကျိုးပေးအရောင် - ရွှေရောင် ၊ အဝါရောင် ၊ ကြေးဝါရောင် ၊ ရွှေညိုရောင်

သင့်တော်သည့်ဓါတ်စာ - စပျစ် ၊ လိမ္မော် ၊ ရှောက် ၊ သံပရာ ၊ ကျွဲကော ၊ လေးညှင်း ၊ ဂျင်း ၊ ပေါင်မုန့် ၊ ပျားရည်

သိထားသင့်သည့်အန္တရာယ် - မီး ၊ လျှပ်စစ် ၊ အပူ

သတိထားသင့်သည့် ရောဂါ - နှလုံး ၊ မျက်စိ ၊ သွေးတိုး

နေ့ကောင်း - တနင်္ဂနွေ ၊ တနင်္လာ

ရက်သာ (ထီဂဏန်း) - ၁ ၊ ၁၀ ၊ ၁၉ ၊ ၂၈ ၊ ၄ ၊ ၁၃ ၊ ၂၂ ၊ ၃၁ ၊ ၂ ၊ ၁၁ ၊ ၂၀ ၊ ၂၉ ၊ ၇ ၊ ၁၆ ၊ ၂၅ ရက်များ

ယတြာ။ ။ အခိုက်အညံ့တွေပြေပျောက်ပြီး ကံတွေကောင်းသထက်ကောင်းစေဖို့အတွက် မိမိအိပ်ခန်း၊ မိမိအလုပ် လုပ်သောနေရရာတွင် နေကြာပန်းပုံများချိတ်ထားပါ … ။ ကြွေပန်းကန်ပြားထဲမှာ နေကြာစေ့ထည့်ပြီး ဘုရားလှူဆုတောင်းပါ။ ကလေးများ ၊ သူငယ်ချင်းမိတ်ဆွေများကိုလည်း နေကြာစေ့ မကြာခဏဒါနလုပ်ပေးပါ။ မရောက်ဖူးသေးသော နေရာဒေသများသို့ မကြာခဏခရီးထွက်ပေးပါ …။

 

 

Myanmar Wedding Guide
Crd: ဆရာမင်းသိမ်းခိုင်

Read times Last modified on Tuesday, 05 January 2021 10:35
Rate this item
(0 votes)
Tagged under