အသက်သုံးဆယ်မကျော်ခင် Date ဖူးသင့်တဲ့ယောက်ျားလေးများ

အသက်သုံးဆယ်မကျော်ခင် Date ဖူးသင့်တဲ့ယောက်ျားလေးများ google.com

အသက်သုံးဆယ်မကျော်ခင် Date ဖူးသင့်တဲ့ ယောက်ျားလေး () ယောက်ရှိပါတယ်။ အဲဒီ့ယောက်ျားလေး () ယောက်လောက်နဲ့သာ Date ဖူးခဲ့မယ်ဆိုရင်တော့ လူ့လောကကြီးအကြောင်းကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် နားလည်သွားပါလိမ့်မယ်။

 

 

မိန်းကလေးတွေအနေနဲ့လည်း ရည်းစားတွေများတာ သိပ်ကိစ္စမရှိပါဘူးနော်။ မအူမလည်နဲ့ဖြစ်နေမှ မဟုတ်ကဟုတ်ကလူမျိုးနဲ့ ညားနေပါဦးမယ်။ ဒီတော့ ကိုယ့်ရဲ့ ဘဝလုံခြုံစိတ်ချရဖို့ ဘယ်လိုပုံစံယောက်ျားလေးတွေနဲ့ Date ဖူးသင့်တာလဲ သိရဲ့လား။

 

 

ဆယ်လီ

 

ဘယ်လိုယောက်ျားလေးမျိုးလဲဆိုတော့ လူကြိုက်များတယ်။ Popular ဖြစ်တယ်။ သွားသမျှလာသမျှနေရာတိုင်းမှာ အသိမိတ်ဆွေပေါများပြီး လူမှုဆက်ဆံရေးလည်းကောင်းမွန်တယ်။ အဲဒီလိုယောက်ျားလေးမျိုးနဲ့ တွဲဖူးမယ်ဆိုရင်တော့ သင်တို့လည်းလူကြိုက်များပြီး လူမှုဆက်ဆံရေးကောင်းတဲ့လူတစ်ယောက်ဖြစ်အောင် ဘယ်လိုနေရလဲဆိုတာကို အတုယူလို့ရပြီး သူကနေတစ်ဆင့် မိတ်ဆွေအပေါင်းအသင်းနဲ့ လူမှုဆက်ဆံရေးနယ်ပယ်ပါ ပိုပြီးကျယ်ပြန့်လာစေမှာပါ။

 

 

ပွေရှုပ်သူ

 

သူတို့ကတော့ သိတဲ့အတိုင်းပဲ ဟိုကောင်မလေးမြင်ရင် သဘောကျလိုက်၊ ဒီကောင်မလေးမြင်ရင်ချစ်လိုက်နဲ့ ဘယ်ကောင်မလေးကိုမှလည်း အတည်တကျမလက်ထပ်ချင်ကြဘူး။ မိန်းကလေးအများစုကတော့ ဒီလိုယောက်ျားလေးမျိုးကို ရှောင်ကြတာများပါတယ်။ တကယ်တော့ ရှောင်ရမှာမဟုတ်ပါဘူး။ သူတို့နဲ့ ခဏလောက်ဖြစ်ဖြစ် တွဲကြည့်ရမှာပါ။ ဒါမှ ကျန်တဲ့ဘ၀တစ်သက်တာလုံး ယောက်ျားလေးမြင်တိုင်း ဘယ်ခြေလှမ်းလှမ်းရင် ဘယ်ကိုသွားမှာလဲဆိုတာကို နောကျေသွားမှာပေါ့။ ယောက်ျားလေးတွေ ပါးစပ်ဟလိုက်တာနဲ့ အူဘယ်နှခွေရှိလဲ တစ်ခါတည်း သိရဖို့ ဒီလိုကစားတတ်တဲ့ယောက်ျားလေးတွေနဲ့လည်း တွဲဖူးသင့်ပါတယ်။

 

 

ချစ်တတ်တဲ့သူ

 

သင့်ရဲ့ မိဘတွေကတော့ ဒီလိုကောင်လေးမျိုးတွေနဲ့ သင်တွဲရင် သဘောတူကြပါလိမ့်မယ်။ သင့်ကိုအမြဲတမ်း ကြည့်ရှုစောင့်ရှောက်ပြီး အချိန်တိုင်းကြင်နာစွာဆက်ဆံနေနိုင်ပါတယ်။ နေ့လည် ၁၂နာရီဒေါင်ဆိုတာနဲ့ သင့်ရုံးအောက်ကို ထမင်းဘူးလေးနဲ့လာစောင့်နေတတ်ပြီး ပိုးလိုမွေးကောင်းမွေးနေနိုင်ပါတယ်။ သင့်ရဲ့ဘဝမှာလည်း တစ်ခါလောက်ဖြစ်ဖြစ် သည်းသည်းမဲမဲ အချစ်ခံဖူးတယ်ရှိရအောင် တွဲကြည့်ပါ။

 

 

စာတတ်ပေတတ်ပုဂ္ဂိုလ်

 

သူတို့က ဥာဏ်ကောင်းတယ်။ အတူတူ စူးစမ်းလေ့လာစရာတွေ မကုန်နိုင်အောင်ရှိလာပြီး စကားပြောလို့လည်း အရမ်းကောင်းပါလိမ့်မယ်။ သူတို့လိုယောက်ျားလေးမျိုးတွေဆီကနေ သင်မသိသေးတဲ့၊ မတတ်သေးတဲ့အရာတွေအများကြီး သိရတတ်ရမှာဖြစ်သလို ချိန်းတွေ့လိုက်တိုင်းမှာ ဗဟုသုတတွေလည်း အများကြီးရလာနိုင်ပါတယ်။ ဒီလိုစာတတ်ပေတတ်ပုဂ္ဂိုလ်မျိုးဆိုရင်လည်း တွဲကြည့်ဖို့ သင့်တော်ပါတယ်။

 

 

ဘောစိ

 

ချမ်းသာတဲ့ကောင်လေးနဲ့ တွဲခုတ်နေပြီဆိုရင်တော့ ဘဝဟာပျော်စရာကောင်းမှာပါ။ လိုချင်တာတွေဝယ်၊ မစားဖူးတာတွေစားရင်း စိတ်ကြိုက်ပျော်ပါးလိုက်ပါ။ သူတို့ကနေတစ်ဆင့် ချမ်းသာတဲ့အသိုင်းအဝိုင်းတွေရဲ့ အဆင့်အတန်းရှိတဲ့ နေပုံထိုင်ပုံ၊ ပြုမူပြောဆိုပုံတွေကို အတုယူလို့ရသလိုပဲ သူတို့နဲ့အတူတူ လူချမ်းသာတွေဇိမ်ခံတဲ့အရာတိုင်းကို မျှဝေခံစားကြည့်ခွင့်ရဦးမှာပါ။

 

 

အနုပညာသည်

 

ပန်းချီဆရာ၊ ကဗျာဆရာ၊ ဓာတ်ပုံဆရာ၊ အဆိုတော် စတဲ့အနုပညာသည်တွေနဲ့တွဲရတာကလည်း အတွေ့အကြုံသစ်တစ်ခုပါပဲ။ အနုပညာက သူတို့ရဲ့ဘဝဖစ်ပြီး အဲဒီ့သူတို့ရဲ့ဘဝတစ်စိတ်တစ်ပိုင်းကို သင်လည်း ခံစားခွင့်ရမှာပါ။ အနုပညာလောကရဲ့ သိမ်မွေ့နူးညံ့မှုတွေ၊ ချစ်ခြင်းမေတ္တာတွေနဲ့ ရိုးသားမှုတွေကို သင်လေ့လာနိုင်ပါတယ်။ အရမ်းလည်း Romantic ဆန်ပြီး တခြားသူတွေဆီက မရနိုင်တဲ့ အနုပညာလက်ဆောင်တွေကိုလည်း ရရှိနိုင်ပါသေးတယ်။ သင့်ရဲ့ပုံတူပန်းချီကား၊ ဓာတ်ပုံတွေ၊ သင့်နာမည်ပါတဲ့သီချင်းတစ်ပုဒ်စတဲ့ တစ်သက်တာအမှတ်တရလက်ဆောင်တွေကို သူတို့ကပဲပေးနိုင်တာပါ။

 

 

နိုင်ငံခြားသား

 

နိုင်ငံခြားသားတွေနဲ့တွဲရင် မတူညီတဲ့ယဉ်ကျေးမှု၊ မတူညီတဲ့ဘာသာတရားနဲ့ မတူညီတဲ့အရာမျိုးစုံကို သိရှိရမှာပဲဖြစ်ပါတယ်။ နိုင်ငံခြားဘာသာစကားလေ့လာရာလည်းရောက်ပါတယ်နော်။ ဒီဘက်ခေတ်က နိုင်ငံခြားသားနဲ့တွဲရင် မျက်နှာပွင့်တဲ့ခေတ်ကို ရောက်နေတာဆိုတော့ နိုင်ငံခြားသားတစ်ယောက်လောက်နဲ့လည်း တစ်ခါလောက် Date ဖူးသင့်ပါတယ်။

 

ဒီလိုယောက်ျားလေးတွေနဲ့ အသက်သုံးဆယ်မကျော်ခင်တော့ Date သွားကြည့်သင့်ပါတယ်။ နယ်ပယ်အစုံကို နှံ့နှံ့စပ်စပ်သိတဲ့ အတွေ့အကြုံသစ်တွေနဲ့ သင့်ကိုဘယ်သူမှလိုက်မီနိုင်တော့မှာမဟုတ်ပါဘူး။ ဒီနေရာမှာ တစ်ခုပဲ မေးစရာရှိတော့ပါတယ်။ ဒီလိုယောက်ျားလေးတွေထဲမှာမှ ဘယ်လိုလူနဲ့ လက်ထပ်သင့်သလဲဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်ပါတယ်နော်။

 

 

Credit;Moethaesay (Akhayar)

 

 

Read times Last modified on Wednesday, 19 September 2018 09:43
Rate this item
(1 Vote)