အိမ်ထောင်ရေးမှာအချင်းချင်းအသိမပေးဘဲငွေစုထားတတ်တဲ့အကျင့်

အိမ်ထောင်ရေးမှာအချင်းချင်းအသိမပေးဘဲငွေစုထားတတ်တဲ့အကျင့် google.com

ဒီတစ်ခါပြောပြပေးချင်တာကတော့ အိမ်ထောင်ရေးလေးမှာရှိတတ်တဲ့ သဘောတရားလေးတစ်ခုအကြောင်းပါ။ အိမ်ထောင်ရေးရယ်လို့ ဖြစ်လာရင်ဘဝရဲ့အရာတိုင်းကိုယ့်ရဲ့အရာတိုင်းက သူကိစ္စ၊ သူ့ရဲ့အရာတိုင်းကလည်း ကိုယ့်ကိစ္စရယ်လို့ အကြမ်းဖျင်းယူဆလိုက်တတ်ပါတယ်။

ဒီလိုအချိန်မှာ အချင်းချင်းအသိမပေးဘဲ ငွေစုထားတတ်တဲ့အကျင့်ကိုအများစုက ပြုလုပ်တတ်ပါတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

 

အကြောင်းပြချက်ကဘာလဲ

 

သိပ်ချစ်တဲ့ချစ်သူတွေမို့လို့တစ်ဘဝလုံးအတူတူ ဖြတ်သန်းချင်လို့နှစ်ယောက်သား အိမ်ထောင်ရေးလေးကို ထူထောင်လိုက်တာဖြစ်တဲ့အတွက် အချင်းချင်းကြားမှာလျှို့ဝှက်ထားတဲ့ အရာတွေကိုနည်းနိုင်သမျှနည်းအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ အိမ်ထောင်ဖက်မသိအောင် ငွေကိုတိတ်တိတ်လေးကြိတ်ပြီးစုတယ်ဆိုတာကို သူပြန်သိသွားတဲ့အချိန်ကျရင်ဘာကြောင့်စုရတာလဲဆိုတဲ့အကြောင်းပြချက်က သူလက်ခံနိုင်တာမျိုး ဖြစ်ရမှာပါ။ မဟုတ်ရင်တော့သာယာနေတဲ့ အိမ်ထောင်ရေးလေးကိုအဟန့်အတားဖြစ်စေနိုင်မှာမို့လို့ပါ။

 

 

နှစ်ဖက်ဆွေမျိုး မိဘတွေကြောင့်လား

 

ဒီအချက်ကိုတော့ အိမ်ထောင်မပြုခင်အချိန်ကတည်းက သေချာရှင်းလင်းအောင် ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။ နှစ်ဖက် မိဘတွေ၊ ဆွေမျိုးတွေ လိုအပ်တဲ့အချိန် ကူညီထောက်ပံ့ဖို့ အစီအစဉ်အတွက် နှစ်ဦးသဘောတူ ဆွေးနွေးထားရမှာပါ။ အိမ်ထောင်ရေးမှာ ယောက်ျားကဝင်ငွေတွေအကုန်ကို မိန်းမဖြစ်သူကို အပ်တယ်ဆိုရင် ယောက်ျားဘက်ကလိုတဲ့အချိန်မှာ မိန်းမဖြစ်သူက မပေးချင်တာမျိုးတွေ၊ မိန်းမ ဖြစ်သူကလည်း သူ့ဆွေမျိုးတွေကို ပေးကမ်းချင်တဲ့အချိန်မှာ ယောက်ျားပြန်သိရင် စိတ်ခုမှာစိုးလို့နှစ်ယောက်သားကိုယ့်အကြံနဲ့ကိုယ် တိတ်တိတ်လေးငွေစုတတ်တဲ့အကျင့်လေးတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်လို့ပါ။

ဒီလိုအရာတွေ မဖြစ်ပေါ်လာအောင် အိမ်ထောင်ရေးလေးကိုစတင်လိုက်မယ်လို့တွေးလိုက်တဲ့အချိန်မှာဒီအချက်တွေကိုလည်းပွင့်ပွင့်လင်းလင်းကြိုတင်တိုင်ပင်ထားဖို့လိုအပ်ပါတယ်။

 

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:48
Rate this item
(0 votes)