ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ - ၂

ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ - ၂ google.com

မိန်းကလေးတွေအနေနဲ့ အသက်ငယ်တဲ့ မောင်လေးတွေဆီမှ အချစ်ကို မျှော်လင့်ကြပေမယ့်

မိန်းကလေးတွေဘဝမှာ တစ်သက်မှာတစ်ခါတော့ ကိုယ့်ထက်အသက်ကြီးတဲ့လူနဲ့တော့ ပတ်သက်ဖူးကြပါလိမ့်မယ်။

 

ယောက်ျားလေးတွေက မိန်းကလေးတစ်ယောက်ရဲ့ ပထမဆုံးအချစ်ကို လိုချင်မိပေမယ့် မိန်းကလေးတွေကတော့ ယောက်ျားလေးတစ်ယောက်ရဲ့ နောက်ဆုံးအချစ်ကိုပဲ တောင့်တကြပါတယ်။

 

ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အကြောင်းအချက်များကို ဖော်ပြလိုက်ပါတယ်။

 

ပူပင်စရာမလိုခြင်း

 

ကိုယ့်ထက်အသက်ကြီးတဲ့လူတွေဟာ အကွက်ကျကျလုပ်ဆောင်တတ်သူများပီပီ ရည်းစားဖြစ်တာနဲ့ တစ်ပြိုင်နက် ဘဝရှေ့ရေးအတွက် ငွေကြေးစုဆောင်းမှုများကို ပြုလုပ်တတ်ကြပါတယ်။

 

ငွေကြေးကိစ္စများကို ပူစရာမလိုတဲ့အတွက် အိမ်ထောင်ရေးချစ်ခရီးမှာလည်း သာယာချောမွေ့အောင် နေတတ်ကြပါတယ်။ ငွေရေးကြေးရေးကိစ္စ မပူချင်ရင်တော့ ကိုယ့်ထက်အသက်ကြီးတဲ့သူများကို လက်ခံဖို့ မမေ့ပါနဲ့။

 

ရွေးချယ်မှုမှန်ကန်ခြင်း

 

ကိုယ့်ထက် အသက်ငယ်တဲ့လူကို ရွေးချယ်မိရင် ကိစ္စရပ်တိုင်းမှာ မိုက်ရူးရဲဆန်ခြင်း၊ ကလေးဆန်ဆန်ပြုလုပ်တတ်ခြင်းတို့ကြောင့် စိတ်မချမ်းမမြေ့စရာတွေ ကြုံတွေ့ရတတ်ပါတယ်။

 

အမှန်တကယ်ကတော့ အတွေးအခေါ် ရင့်ကျက်တဲ့ ကိုယ့်ထက်အသက်ကြီးသူတွေကသာ ပြဿနာတိုင်းကို ခေါင်းအေးအေးနဲ့ ဖြေရှင်းနိုင်ရုံသာမက ကိုယ့်ဘ၀အတွက် အရှင်သခင် အိမ်ဦးနတ်ကြီးများ ဖြစ်ကြပါတယ်။

 

Read more>>>>>>> ကိုယ့်ထက်အသက်ကြီးတဲ့လူကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်သင့်တဲ့ အချက်များ

သာယာဖွယ်ကောင်းခြင်း

 

ယင်းအချက်ကတော့ နေ့စဉ်လူနေမှုဘဝသာမက လင်မယားနှစ်ယောက်ဘဝမှာပါ ပြည့်စုံချမ်းသာ စေပါလိမ့်မယ်။

 

ကိုယ့်အတွက် လိုချင်တဲ့စည်းစိမ်အမျိုးမျိုးကို အတွေ့အကြုံ ရှိသူများသူပီပီ လက်တွဲခေါ်ဆောင်သွားရင်း ချစ်ဗိမာန်ကို နှစ်ကိုယ်တူ လျှောက်လှမ်းနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:06
Rate this item
(1 Vote)