အိမ်မက်မက်ခြင်း ဆိုင်ရာ နိမိတ်များ အဟော
အိမ်မက်မက်ခြင်း ဆိုင်ရာ နိမိတ်များ အဟော google
“အိမ်မက်မက်သောအခါ (၄) ပါး”
၁။ နေ့အခါမက်ခြင်း (မှန် – မမှန်) ၂ပါး
၃။ မိုးသောက်ယံမက်ခြင်း – (အမှန်)
၄။ အာရုဏ်တတ်မက်ခြင်း – (အမှန်)
“တစ်နည်း အိမ်မက်သောအခါ (၅) ပါး”
၂။ မိုးသောက်ယံမက်ခြင်း ၂ နှစ်အတွင်း အကျိုးအပြစ် ပေးသည်။
၃။ အာရုဏ်တတ်မက်ခြင်း ၁ လအတွင်း အကျိုးအပြစ်ပေးသည်။
၄။ နံနက်နေထွက်မက်ခြင်း ၇ လအတွင်း အကျိုးအပြစ် ပေးသည်။
“မြင်သည်ကိုစွဲ၍ မက်သော အိမ်မက်များ”
(၁) စတီရုပ်ပွား၊ပုထိုးကို မြင်မက်သော် နတ်ကြီးတို့ ချစ်ခင်သည်။
(၂) ဘုရားစင်တု ရုပ်ပွားကြွသွားသည်ကိုမြင်မက်သော်ကျက်သရေတိုးသည်။
(၃) နေ၊လ ကြတ်သည်ကို မြင်မက်သော်ဘုန်းရှိသောသား ဖွားသည်။
(၄) အသီးအရွက် ပြည့်စုံသော သစ်ပင်ကို မြင်မက်သော်ဥစ္စာပြန်ပွား၍ များပြားသည်။
(၅) အုန်းသီး၊ထန်သီးကို မြင်မက်သော်လာဘ်ရသည်။
(၆) ရေအိုးတွင် လ,ကျသည် လည်းကောင်း၊လယ်တွင်ကျားရောက်သည်ကိုလည်းကောင်း မြင်မက်သော်အကြီးအကဲ ဖြစ်သည်။
(၇) နေ၊အိမ်၊လ ဖွဲ့သည်ကို မြင်မက်သော်ကျးဇူး ကြီးစွာ ချမ်းသာသုခရသည်။
(၈) နေ၊လ မွန်းတည့်သည် မြင်မက်သော်ချမ်းသာကြီးသည်။
(၉) အိမ်ပြို၊တောင်ပြို၊ဘုရားပြို သစ်ပင်ကျိုးသည် မြင်မက်သော် ဘေးကြီးစွာရောက်သည်။
(၁၀) ကြယ်ကို မြင်မက်သော်သူတစ်ပါးထက်မြတ်သည်။
(၁၁) ထမ်းစင်ထက် ကျီးနားသည်ကို မြင်မက်သော်နာဖျားသေပျောက်သည်။
(၁၂) ရေကိုနောက်ကို မြင်မက်သော် ဘေးကြီးစွာရောက်သည်။
(၁၃) ရေကြည်ကို မြင်မက်သော – ချမ်းသာသည်။ရန်းငြိမ်းသည်။ (၁၄) ကျားကို မြင်မက်သော်မကောင်းပါ။
(၁၅) လှည်း၊ပျဉ်း၊စာစည်းဆုံ၊ချားရဟတ်တို့ကို မြင်မက်သော် မကောင်းကြံသည်။
(၁၆) ခရုကို မြင်မက်သော – ဘေးကြီးသည်။ (၁၇) ဘုရားရုပ်ထုကို မြင်မက်သော်ဘုန်းကြီးသည်။
(၁၈) အယူမှားသောသူတို့ကို မြင်မက်သော် မိစ္ဆာနတ်နှောက်ယှက်သည်။
(၁၉) ဆင်၊မြင်၊ဗိုလ်ပါကို မြင်မက်သော်ချမ်းသာသည်။
(၂၀) စစ်သည်အများ လာသည့်ကို မြင်မက်သော် ရောဂါရသည်။
(၂၁) မျောက်ကို မြင်မက်သော – ရွေငွေ ရသည်။ (၂၂) ချောင်း၊ကန်ရေကို မြင်မက်သော်သူကြီးဖြစ်သည်။
(၂၃) ဥယျာဉ်ကို မြင်မက်သော်လာဘ်ရသည်။
(၂၄) အိမ်ကို မီးလောင်းသည် မြင်မက်သော် ဘေးရောက်သည်။
(၂၅) ရဟန်း အိမ်တွင်နေသည်ကို မြင်မက်သော – အကြီးအကဲဖြစ်သည်။
(၂၆) အပုတ်ကို မြင်မက်သော်လာဘ်ရသည်။
(၂၇) အိုးလည်ပြတ်ကို မြင်မက်သော်မကောင်းပါ။
(၂၈) ကြက်ခွပ်သည်ကို မြင်မက်သော်တရားတွေ့သည်။
(၂၉) ကျွဲလာသည်ကို မြင်မက်သော် ဘေးတွေ့သည်။
(၃၀) ကျွဲခတ်သည် မြင်မက်သော် ရန်တွေ့သည်။
(၃၁) စပါးကို မြင်မက်သော် စကားဖြစ်လာသည်။
(၃၂) ဝက်ချင်းပတ်သည် မြင်မက်သော် ရန်ဖြစ်သည်။
(၃၃) လယ်ကတုံတိုင်လဲသည် မြင်မက်သော် ကိုးကွယ် ပြုသူသည်။
(၃၄) လဲကတီးတိုင်လဲသည်ကို မြင်မက်သော်မယားသေသည်။
(၃၅) တိုင်မ လဲသည် မြင်မက်သော်မိမိသေသည်။
(၃၆) ဖွဲ့မီး တငွေ့ငွေ့ မြင်မက်က အပူတွေ့သည်။
(၃၇) မီးဖိုကို မြင်မက်က အလွန်ပူသည်။
(၃၈) သူသေသည် မြင်မက်က အပြီးအစီးရောက်သည်။
(၃၉) သူသေသည် ထသည် မြင်မက်က စကားဟောင်းပေါ်သည်။
(၄၀) မြွေးပွေး မြွေဟောက် မြင်မက်သော် ရန်ပျောက်သည်။
(၄၁) မုန်းတိုင်ထသည် မြင်မက်က ကြောင့်ကြများသည်။
(၄၂) ဥဗျိုင်း ဝန်းရံသည် မြင်မက်သော်အကြီးအကဲဖြစ်သည်။
(၄၃) အိမ်နား ဝန်းကျင်၌ မှိုပေါက်သည် မြင်မက်သော်မိုးကြိုးကျသည်။
(၄၄) သူခိုးခေါင်းပြတ်သည် မြင်မက်သော်ရန်အောင်သည်။
(၄၅) ဓါး၊လှံ, အရောက်တောက်သည်ကို မြင်မက်သော် ဘုန်းကြီးသည်။
(၄၆) ထောပတ်ရည်၊နိုရည်ကို ရွံ့ရှာသောအားဖြင့် မြင်မက်သော်ငတ်မွတ်ဘေး၊နာဖျားဘေးရောက်သည်။
(၄၇) အသီးနှင့်ပြည်စုံသော သရက်၊ဥသျှစ်ပင်တို့ကို မြင်မက်သော်ဥစ္စာတိုးသည်။
(၄၈) ထောပတ်ပျားရည်တို့ကို မြင်မက်က ချမ်းသာကြီးသည်။
(၄၉) ရေနှင့်မြွေ၊ကင်းကို မြင်မက်က ချမ်းသာရောက်သည်။
(၅၀) စတီ၊ဆင်တု၊တိမ်တိုက်၊ရဟန်း၊ပုဏ္ဍား၊မင်းတို့ကို မြင်မက်က ကောင်းကျိုးရောက်သည်။
(၅၁) စင်ကြယ်သော သူငယ်၊ ကြွယ်ဝသောသူ၊ မီးရဲရဲ၊ မြင်း၊ စစ်သား၊ ယာဉ်၊ သစ်ပင်၊
အစွယ်ရှိသောဆင်၊ ငါးစိမ်း၊ အဆိပ်တို့ကို မြင်မက်က ကောင်းကျိုးရောက်သည်။
ဆရာဟိဏ်းမိုးထက်[B.A-Geog;]