အသဲကွဲတာကို ကုစားဖို့ နည်းလမ်းကောင်း

အသဲကွဲတာကို ကုစားဖို့ နည်းလမ်းကောင်း google

သင့်ရဲ့အချစ်ရေးက ဘယ်လိုပုံစံနဲ့ပဲအဆုံးသတ်သွားခဲ့သည်ဖြစ်စေ သူနဲ့ပြတ်သွားပြီ၊ အရင်ကကိုယ့်ကိုအရမ်းချစ်တဲ့သူ၊ ကိုယ်ကအရမ်းချစ်ခဲ့သူနဲ့ အပြီးတိုင်ဝေးသွားပြီဆိုတာကိုတော့ လက်မခံလို့မရပါဘူး။

 ပြီးတော့ ဘယ်လောက်ဆိုးတဲ့ခံစားချက်ပဲဖြစ်ဖြစ် ကျော်ဖြတ်ပြီး ကိုယ့်ကိုယ်ကိုပြန်ထူထောင်ဖို့ ကြိုးစားရမှာပါ။ ဘယ်လိုပုံစံနဲ့ပဲအသည်းကွဲကွဲ ဝေဒနာတွေအားလုံးကို ကျော်ဖြတ်ဖို့အတွက် အမှန်တကယ်လိုအပ်တဲ့နည်းလမ်းရှိပါတယ်။ အဲ့ဒီနည်းလမ်းတွေက လက်တွေ့ကျပြီး တကယ်ထိရောက်၊ တကယ်အသုံးဝင်တဲ့နည်းလမ်းတွေဖြစ်လို့ အသည်းကွဲနေသူတွေ၊ အသည်းကွဲတာကြာပေမယ့် အခုထိပြန်ပြီးမထူထောင်နိုင်သေးသူတွေအတွက် အထောက်အကူဖြစ်မယ်လို့ထင်ပါတယ်။

နှစ်ယောက်သားပြတ်သွားတာကို လက်မခံချင်ပေမယ့် လက်ခံရတော့မယ်၊ မဝေးချင်ပေမယ့် မဖြစ်မနေဝေးရတော့မယ်ဆိုရင် ပြတ်သားဖို့လိုပါတယ်။ ကိုယ်ရောသူရောက ပြန်ဆက်ဖို့လည်း မဖြစ်နိုင်၊ ပြတ်လည်းမပြတ်သားနိုင်တွေဖြစ်နေမယ်ဆိုရင်တော့ နှစ်ယောက်လုံးအတွက် အဆိုးတွေချည်းဖြစ်လာမှာပါ။ အချိန်တော်တော်များများအတူတူဖြတ်သန်းခဲ့တဲ့သူ၊ ကိုယ့်အနားရှိခဲ့သူ၊ ကိုယ့်ကိုချစ်ခဲ့တဲ့သူ၊ ကိုယ်က ချစ်ခဲ့တဲ့သူတစ်ယောက်အပေါ်စိတ်ပြတ်သားဖို့အတွက် အကောင်းဆုံးနည်းလမ်းက သူ့ရဲ့ မကောင်းတဲ့အချက်တွေကို စဉ်းစားခြင်းပါပဲ။ သူ့ရဲ့မကောင်းတဲ့အမူအကျင့်တွေ၊ ကိုယ်လက်မခံနိုင်တဲ့ အကျင့်ဆိုးတွေ နဲ့ သူ့ရဲ့ မကောင်းတာတွေမှန်သမျှအားလုံးစဉ်းစားပြီးသာနေပါ။  တစ်ခုသိထားရမှာက သူ့မကောင်းကြောင်းတွေကိုတစ်ယောက်တည်းစဉ်းစားရမှာဖြစ်ပြီး သူများတွေကိုလိုက်ပြောရမှာမဟုတ်ဘူးဆိုတာပါပဲ။

 

လူတိုင်းက တစ်ဖက်သားကိုဘယ်လောက်ပဲချစ်နေပါစေ၊ ကိုယ့်အတွက်ကိုယ်သိတတ်တဲ့ အတ္တမျိုးတော့ရှိကြတာချည်းပါပဲ။ ဒီတော့ ကိုယ်နဲ့ပြတ်သွားပြီး သူက ကိုယ့်ထက်အစစအရာရာသာတဲ့သူမျိုးနဲ့တွဲနေတဲ့အခါမျိုးမှာ မကျေနပ်နိုင်တဲ့ခံစားချက်မျိုးဖြစ်လာပါတယ်။ အဲ့ဒီစိတ်ကပဲ သူ့ကိုမေ့လို့မရအောင်၊ စိတ်မပြတ်နိုင်အောင်လုပ်နေတာပါ။ ဒီတော့ သူအသစ်ရသွားတဲ့အချိန်မှာ ကိုယ်က သူ့ရဲ့ကောင်းကွက်တွေကိုပဲစဉ်းစားပြီး သူက ဒီလိုမျိုးကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ငါ့ထက်ကောင်းတဲ့၊သာတဲ့သူနဲ့ထိုက်တန်ပါတယ်လို့ တွေးပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

 

တွဲတွေပြတ်ပြီဆိုပြီးလာပြောရင် ဘယ်သူငယ်ချင်းမှမယုံကြပါဘူး၊ ဘာလို့ဆို မကြာခင်မှာပဲပြန်အဆင်ပြေပြီး ပြန်ဆက်သွားကြလို့ပါ။ အရှေ့မှာ အဲ့ဒီလိုမကြာခဏဖြစ်ခဲ့တော့ တကယ်ပြတ်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြန်အဆင်ပြေမှာပဲလို့ထင်နေမိတတ်ပါတယ်။ အဲ့ဒီအခါ သူကိုယ့်ကိုဖုန်းဆက်မလား၊ မက်ဆေ့ပို့မလား၊ ဆက်သွယ်လာမလားဆိုပြီး မျှော်လင့်နေတတ်ကြပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေက အရင်ကပြတ်သလိုမျိုး ခဏတဖြုတ်ပြတ်တာမဟုတ်မှန်း ကိုယ်တိုင်လည်း သိနေတာမျိုးပေါ့။ အဲ့ဒီအခြေအနေမျိုးမှာ သူ့ဘက်ကဆက်သွယ်လာရင်အလွယ်လေးပါသွားပြီး၊ သူ့ဘက်ကမဆက်သွယ်လာရင် ကိုယ်ကစပြီးဆက်သွယ်ဖို့ကြိုးစားနေမိတတ်ပါတယ်။ သင့်အနေနဲ့ သင်တို့ပြန်အဆင်မပြေလောက်တော့ဘူးဆိုတာ သိနေပြီးရင် ဒါကိုလက်ခံပြီး သူ့ဘက်က ဆက်သွယ်လာတာကိုရော၊ ကိုယ့်ဘက်ကစဆက်သွယ်ချင်တဲ့စိတ်ကိုတော့ ငြင်းနိုင်ဖို့လိုပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ စိတ်အလိုလိုက်နေမယ်ဆိုရင်တော့ ပြန်ဆက်လို့လည်းမရ၊ ပြတ်လည်းမပြတ်တဲ့အနေအထားကြီးမှာ နှစ်ယောက်လုံးစိတ်ဆင်းရဲရပါလိမ့်မယ်။

 

Myanmar Wedding Guide

Read times
Rate this item
(0 votes)
Tagged under