ယောင်္ကျားလေးတွေစိတ်ဝင်စားတတ်ကြတဲ့မိန်းကလေးပုံစံ (၁၀) မျိုး

ယောင်္ကျားလေးတွေစိတ်ဝင်စားတတ်ကြတဲ့မိန်းကလေးပုံစံ (၁၀) မျိုး google.com

လူတိုင်းကတော့ပြီးပြည့်စုံနေတာမဟုတ်ပါဘူး။ ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုကြည့်ပြီဆိုရင်

ထူးခြားတဲ့အချက်ကလေးတွေကို သတိထားပြီးကြည့်ကြပါတယ်။ ဒီတော့ ယောင်္ကျားလေးတွေကြိုက်နှစ်သက်တတ်ကြတဲ့မိန်းကလေးပုံစံ (၁၀) မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

 

-       ယောင်္ကျားလေးတွေက မျက်နှာကိုအလွန်အကြူးချယ်သပြီး ပြင်ဆင်တတ်တဲ့မိန်းကလေးတွေထက် မပြင်မဆင်ဘဲသဘာဝအတိုင်းလှနေတဲ့မိန်းကလေးတွေကို ပိုပြီးစိတ်ဝင်စားတတ်ကြပါတယ်။

-       ယောင်္ကျားလေးတွေက သူတို့ကိုယ်တိုင် Game ဆော့၊ Gym ကစားကြတာနဲ့အညီပဲ Gamer Girl, Gym Girl တွေကိုစိတ်ဝင်စားကြပါတယ်။

-       ခန့်မှန်းရခက်ပြီး သိုသိုသိပ်သိပ်နေတတ်တဲ့မိန်းကလေးတွေကိုလည်း သဘောကျတတ်ကြပါတယ်။

-       မိမိစိတ်ညစ်နေတဲ့အချိန်မှာ ဘေးနားကနေ နှစ်သိမ့်အားပေးတတ်တဲ့ မိန်းကလေးမျိုးကိုယောင်္ကျားလေးတွေက တန်ဖိုးထားချစ်ခင်ကြပါတယ်။

-       လောဘ၊ ဒေါသ၊ မောဟ တွေမရှိတဲ့ အေးအေးချမ်းချမ်းပဲနေတတ်တဲ့ မိန်းကလေးတွေကိုလည်း သဘောကျကြပါတယ်။

-       ယောင်္ကျားလေးတွေက မိန်းကလေးတွေကိုကြည့်တဲ့နေရာမှာ ဆံပင်ကိုလည်းသတိထားပြီးကြည့်တတ်ကြပါတယ်။ နက်မှောင်ကျော့ရှင်းပြီး ရှည်လျားတဲ့ဆံပင်ပိုင်ရှင်လေးတွေကို အထူးနှစ်သက်ကြပါတယ်။

-       ယောင်္ကျားလေးတွေက ထက်မြက်ပြီး အရာရာကိုဦးဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့မိန်းကလေးမျိုးတွေကိုလည်း ချစ်ခင်လေးစားကြပါတယ်။

-       အ၀တ်အစားကိုအဆင့်အတန်းရှိရှိနဲ့ စမတ်ကျအောင်ဝတ်တတ်တဲ့မိန်းကလေးတွေကိုလည်း ယောင်္ကျားလေးတွေက စိတ်ဝင်စားကြပါတယ်။

-       ပညာအရည်အချင်းထူးချွန်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်မှုအပြည့်ရှိတဲ့မိန်းကလေးတွေကို ယောင်္ကျားလေးတွေက သဘောကျတတ်ကြပါတယ်။ ဒါပေမယ့် မာနအလွန်ကြီးပြီး မောက်မာတဲ့မိန်းကလေးတွေကိုကျတော့ မကြိုက်ကြပါဘူး။

-       ယောင်္ကျားလေးတွေက လူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းနိုင်ပြီး ဖော်ဖော်ရွေရွေရှိတဲ့ မိန်းကလေးတွေကိုလည်း သဘောကျနှစ်သက်ကြပါတယ်။

 

Source – Aunty May

 

Read More: အသက် ၈၀ အရွယ်အဘိုးကြီးနဲ့ မိန်းမပျိုလေးတို့လင်မယား ကလေးမရလို့ဆေးခန်းလာပြသောအခါ
7 600x400

Read times Last modified on Wednesday, 19 September 2018 10:48
Rate this item
(1 Vote)