ကိုယ့်ချစ်သူကို အမြဲတမ်း ပွင့်လင်းရိုးသားနေဖို့ လိုအပ်ပါရဲ့လား

ကိုယ့်ချစ်သူကို အမြဲတမ်း ပွင့်လင်းရိုးသားနေဖို့ လိုအပ်ပါရဲ့လား pintrest

လူအများစုက ရိုးသားဖြောင့်မတ်တာကို နှစ်သက်ကြပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူတို့ရဲ့ Privacy တွေကိုလည်း တစ်ဖက်လူကို လေးစားစေလိုကြပါတယ်။

 

 

ရိုးသားမှုနဲ့ Privacy စောင့်ထိန်းနိုင်မှုက အမြဲတမ်းတော့ ထပ်တူမကြနိုင်ပါဘူး။

 

ဥပမာအားဖြင့် ကိုယ့်ရဲ့လက်ရှိသိကျွမ်းနေတဲ့ မိတ်ဆွေတစ်ယောက်နဲ့ အရင်ကတွဲခဲ့ဖူးတယ်၊ သူက ကိုယ့် Ex ပဲ ဆိုပါစို့။ သို့ပေမယ့် လက်ရှိမှာတော့ ဘာခံစားချက်မှမရှိဘဲ မိတ်ဆွေအဖြစ်သာ ပြောဆိုဆက်ဆံနေကြပြီ။

 

အဲ့အချိန်မှာ လက်ရှိရည်းစားက ကိုယ့်အရင် Ex တွေအကြောင်းပြောပြခိုင်းတဲ့အခါ ဒီမိတ်ဆွေအကြောင်းကို ထည့်သွင်းပြောဖို့ အဆင်ပြေနိုင်မလား?

 

 

စိတ်ဆိုး ၊ စိတ်ကောက်လွယ်တဲ့ လူမျိုးဆိုရင် ကိုယ့်ကို ချက်ချင်းပြသနာရှာပြီး မဟုတ်မဟပ်တွေ စွပ်စွဲမှာ သေချာပါတယ်။ ကျွန်တော်ဆိုရင် ဒီလိုအခြေအနေတွေကို Handle မလုပ်နိုင်ပါဘူး။

 

ပြီးခဲ့တဲ့ကိစ္စတွေအတွက် အပြစ်တင်မခံနိုင်သလို ချစ်သူစိတ်ဆိုးမှာလည်း မလိုလားပါဘူး။ အဲ့အတွက် ဒီလူနဲ့ ကိုယ်နဲ့ ချစ်ကြိုက်ခဲ့ရတဲ့ကိစ္စကို သူ့ကိုမပြောပြဘဲ ထိန်ချန်ခဲ့ရပါတယ်။တစ်နည်းအားဖြင့် လိမ်ညာလိုက်ရတယ်ပေါ့လေ။

 

တကယ်လို့ အခုလို မလိမ်ညာဘဲ အမှန်အတိုင်းသာ ပြောခဲ့မိရင် အခန့်မသင့်တဲ့အခါ ဘာမဟုတ်တဲ့ကိစ္စကြောင့် လမ်းခွဲပြတ်ဆဲရသည်အထိ ဦးတည်နိုင်ပါတယ်။အလားတူ ကိစ္စရပ်တွေ များစွာကြုံရပါတယ်။

 

ဥပမာဘော်ဒါတွေနဲ့ အရက်သောက်တာ ခွင့်မပြုလို့ လိမ်ညာပြီး အပြင်ထွက်ရတာ ၊ အပြင်လူ မသိစေလိုတဲ့ ကိုယ့်မိသားစု အတွင်းရေးတွေကို ချစ်သူက မေးမြန်းတဲ့အခါ ထိန်ချန်ထားခဲ့ရတာ အစရှိသဖြင့်ပေါ့။

 

အထူးသဖြင့် သဘောထားသိပ်မကြီးလှတဲ့ Partner မျိုးနဲ့ ကြုရတဲ့အခါ အချိန်ပြည့်ရိုးသားနေဖို့ဆိုတာ အင်မတန်ခက်ခဲတဲ့ ကိစ္စပါ။ သာမန်အားဖြင့် လိမ်လိုက်လို့ သူရောကိုယ်ရော ဘာမှမထိခိုက်သွားမယ့်ကိစ္စဆို ဖုံးကွယ်လိုက်တာ သင့်လျော်ပါတယ်။

 

 

အမှန်အတိုင်းပြောလိုက်တဲ့အခါ ပြန်ရလာမယ့် Response ကို ခံနိုင်ရည်မရှိရင် ဒီနည်းလမ်းအပြင် ရွေးချယ်စရာမရှိလှပါဘူး။ ဒါ့အပြင် လူတိုင်းမှာ ကိုယ်ပိုင် Privacy နဲ့ အခွင့်အရေးရှိတယ်ဆိုတာလည်း နှစ်ဦးလုံး သတိထားမိသင့်ပါတယ်။

 

 

Credit;lungemedia

Read times Last modified on Tuesday, 18 December 2018 17:05
Rate this item
(1 Vote)