တနင်္လာနှင့်အင်္ဂါသားသမီးတွေအတွက်တနှစ်တာအချစ်ရေးအိမ်ထောင်ရေး

တနင်္လာနှင့်အင်္ဂါသားသမီးတွေအတွက်တနှစ်တာအချစ်ရေးအိမ်ထောင်ရေး google

တနင်္လာသားသမီးများအတွက်အချစ်ရေး

 

 

 

 

collage2

 

 

 


အချစ်ရေး

 

ဒီနှစ်ဟာအချစ်ရေးကံကောင်းနေပါလိမ့်မယ်။ အချစ်ရေးကံကောင်းတယ်ဆိုတာက ချစ်သူသစ်၊ရည်းစား သစ်ရမဲ့ကံကောင်းတယ်လို့ပြောတာပါ။


လက်ရှိတွဲနေတဲ့ချစ်သူနဲ့တော့ အဆင်မပြေတာ၊ခဏခဏစကားများရတာ လေးတွေရှိနေအုံးမှာပါ။ မိမိချစ်သူက အဝေးသွားပြီး စီးပွားရှာတာမျိုးတွေလဲကြုံရတတ်ပါတယ်။


ကောင်းမွန်တာ တစ်ခုက တကယ်လက်ထပ်ကြမဲ့ချစ်သူစုံတွဲတွေဆိုရင်တော့ ချစ်သူကငွေရှာလို့လွယ်နေတာကြောင့် လက်ထပ်ဖို့ အတွက်ငွေစုဆောင်းနိုင်ပါလိမ့်မယ်။


အချစ်ရေးမှာ တစ်ခုအားနည်းချက်ရှိနေတာကတော့ မိဘတွေကသဘောတူ ၊လက်ခံဖို့တော့ မလွယ်ပါဘူး။ မိဘတွေသဘောမတူတာကြောင့် ချစ်ရသူနဲ့ဝေးရတတ်ပါတယ်။


အထူးသဖြင့် မိဘ စကားကိုမလွန်ဆန်နိုင်တဲ့ချစ်သူမျိုးဆိုရင်တော့ အပြီးတိုင်လမ်းခွဲရဖို့ကိစ္စတွေဖြစ်လာတတ်ပါတယ်။

 

 

အိမ်ထောင်ရေး

 

အိမ်ထောင်ရေးနယ်ပယ်မှာတော့ ဒီနှစ်ဟာအဆင်ပြေတာများပါလိမ့်မယ်။ အိမ်ထောင်ဘက်နဲ့လက်တွဲညီ ညီရှေ့ဆက်သွားနိုင်ပါလိမ့်မယ်။


မိမိရဲ့လုပ်ငန်းစီးပွားတွေကို အိမ်ထောင်ဘက်ကကူညီလုပ်ကိုင်ပေးနေတတ်ပါ တယ်။ ပါရမီဖြည့်ဘက်အနေနဲ့ရှိနေမဲ့နှစ်ပါပဲ။


အလုပ်အကိုင်ကနှစ်ယောက်စလုံးတူတယ်ဆိုရင်တော့ ပိုမိုနားလည် မှုတွေရပါလိမ့်မယ်။ မိမိဝယ်ချင်တဲ့ အသုံးအဆောင်များ၊အဖိုးတန်ပစ္စည်းများ ၀ယ်ဖို့ရှိတယ်ဆိုရင်လဲ အိမ်ထောင် ဘက်ကကြည်ကြည်ဖြူဖြူဝယ်ခွင့်ပေးပါလိမ့်မယ်။


ကောင်းတာတွေထဲက ညံ့တဲ့အချက်အချို့ကိုရွေးထုတ်ပြရမယ် ဆိုရင်တော့ သားသမီးနဲ့ပက်သက်ပြီး လင်မယားချင်းစကားများရတတ်ပါတယ်။


နောက်တစ်ချက်က ဆွေမျိုးသား ချင်းတွေကို အိမ်ထောင်ဘက်မသိအောင်ပိုက်ဆံချေးတဲ့ကိစ္စတွေကြောင့်စကားများရတတ်ပါတယ်။

 

 

 

အင်္ဂါသားသမီးများအတွက်အချစ်ရေးကတော့

 

 

SANY

 

 

 

 

 

 

 

 

 

အချစ်ရေး

 

ဒီနှစ်ပိုင်းမှာအချစ်ရေးနဲ့ပက်သက်ပြီး အားသာချက်တွေအလွန်များတဲံ့နှစ်မျိုးပါပဲ၊ ချစ်သူရည်းစားမရှိသေး တဲ့သူဆိုရင်တော့ သေချာပေါက်ချစ်သူရည်းစားရပါလိမ့်မယ်။


မိမိချစ်ရသူ၊မိမိတစ်ဖက်သတ်မြတ်နိုးရသူကို ရအောင်ကြိုးစားနိုင်မဲ့နေ့ရက်မျိုးပါပဲ။ ဒီနှစ်မှာချစ်သူသစ်ရည်းစားသစ်ရလာပြီဆိုရင်တော့ ထိုသူနဲ့ လက်ထပ်ဖြစ်ဖို့ ရေရှည်တွဲဖြစ်ဖို့များပါလိမ့်မယ်။


လက်ထပ်ဖို့စီစဉ်ထားတဲ့ချစ်သူစုံတွဲတွေဆိုရင်တော့ ဒီနှစ်မှာကြီးကျယ်ခမ်းနားစွာ မင်္ဂလာပွဲတွေ ကျင်းပခွင့်ရပါလိမ့်မယ်။ ဒါမှမဟုတ်လက်ထပ်ဖို့နှစ်ယောက်အတူငွေစုမယ်ဆိုရင်တော့ အကောင်းဆုံး နှစ်တစ်ခုပါပဲ။


အချစ်ရေးကတော့ အဘက်ဘက်က ကံကောင်းနေမှာပါ။ သတိထားရမှာကတော့ ဒီနှစ်ဟာ ကိုယ် ကျင့်သီလရှိဖို့လိုပါတယ်။ ချစ်သူနဲ့စည်းကျော်ဘောင်ကျော် ကျူးလွန်နေထိုင်တာမျိုးတွေက အလွန်ပဲကံကိုညံ့သွား စေပါတယ်။


2019ခုနှစ် သင်္ကြန်ကျော်ပြီးတာနဲ့ အချစ်ရေးကံထူးခြားစွာဖြစ်ပေါ်တတ်ပါတယ်။

 

 

အိမ်ထောင်ရေး

 

အိမ်ထောင်ရေးကံကလဲ အကောင်းဘက်ကိုအလေးသာပါတယ်။


ဒါပေမဲ့ အိမ်ထောင်ဘက်နဲ့ခွဲခွာနေရတာ များတဲ့နှစ်မျိုးပါပဲ၊အလုပ်ကိစ္စနဲ့ပက်သက်ပြီးအိမ်မကပ်ရတာတွေများတဲ့နှစ်ဖြစ်တာကြောင့် အိမ်ထောင်ရေးသုခ တော့နည်းပါလိမ့်မယ်။


အိမ်ထောင်ရေးကံအညံ့အဆိုးနည်းပေမဲ့ စီးပွားရေးနဲ့ပက်သက်ပြီးတစ်ခါတလေ စကားများ ရတာမျိုးတွေတော့ရှိတတ်ပါတယ်။


အိမ်ထောင်ဘက်က စီးပွားရေးအပေါ်အားထည့်လုပ်ကိုင်နေသူဆိုရင် မိမိကိုယ် အလုပ်စီးပွားတွေမှာ လာဘ်မမြင်ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အပြစ်တင်ပြောဆိုနေတတ်ပါတယ်။


အိမ်ထောင်ဘက် နဲ့ကြီးကြီးမားမားပြဿနာမရှိပေမဲ့ ခဏခဏ ကတောက်ကဆဖြစ်ရတာမျိုးတွေတော့ ကြုံနေရအုံးမှာပါပဲ။

 

အိမ် ထောင်ဘက်နဲ့ကွဲနေကြသူများဆိုရင်တော့ ဒီနှစ်မှာအဆင်ပြေပြီး ပြန်လည်ပေါင်းစည်းရတတ်ပါတယ်။


ကြားလူတွေရဲ့ညှိနှိုင်းဆောင်ရွက်ပေးမှုကြောင့်လဲ အိမ်ထောင်ရေးမှာပြန်လည်ပေါင်းစည်သွားရတတ်ပါတယ်။

 

 

 

Source-9 Style

 

Myanmar Wedding Guide 

 

 

Read times
Rate this item
(0 votes)
Tagged under