ချစ်သူတွေကို လက်ထပ်ခြင်းဆီ အရောက်ပို့ပေးနေတဲ့  အကြောင်းအရင်းများ

ချစ်သူတွေကို လက်ထပ်ခြင်းဆီ အရောက်ပို့ပေးနေတဲ့  အကြောင်းအရင်းများ google.com

အချစ်ေရးတိုင်းကသက်ဆုံးတိုင်ပေါင်းဖက်သွားကြရတယ်ဆိုတာမရှိပါဘူး။ အချို့စုံတွဲတွေက ချစ်ကြ၊ ကြိုက်ကြ၊ လက်ထပ်ကြပြီးနောက်ဆုံးတရားသူကြီးရှေ့က စာချုပ်တစ်စောင်မှာတင်ဇာတ်လမ်းဆုံးသွားတတ်ကြပါတယ်။

အဲဒီအချိန်ကျမှ"ငါသူ့ကို လက်မထပ်ခဲ့ မိရင်ကောင်းမှာ" ဆိုတဲ့ အတွေးတွေ ဝင်တတ်ကြပါတယ်။

စာရေးဆရာတစ်ယောက်ပြောတာကြားဖူးတယ်။ အိမ်ထောင်ရေးဆိုတာဇာတ်ရုံကြီးလိုပဲတဲ့ ။ ကြည့်ဖူးပြီးတဲ့သူတွေက မကောင်းပါဘူးလို့ပြောတာတောင်အပြင်ကလူတွေကရုံထဲကို ဇွတ်တိုးဝင်နေကြတုန်းပဲတဲ့။

ဒါဆိုသူတို့ဘာလို့အိမ်ထောင်ရေးပိုက်ကွန်ထဲကို ဇွတ်တိုးဝင်ကြတာလဲ။အကြောင်းရင်းတွေကိုလေ့လာလိုက်တော့ ဒီလိုအဖြေထွက်လာပါတယ်။

၁။ အချစ်ရေးဘဝမှာ ပိုပြီးလက်တွေ့ကျတဲ့အဆင့်ကို့တက်လှမ်းချင်လို့ ...

၂။ အေးစက်သွားတော့ မလိုဖြစ်နေတဲ့ အချစ်တွေ တစ်ဖန်ပြန်လည်နွေးထွေးလာစေချင်လို့ ...

၃။ ရင်ကျက်သူတစ်ယောက်အဖြစ်ကိုယ့်ဘဝကို ကိုယ်တိုင်စီမံချင်လို့ ...

၎။ လက်ထပ်ပြီးတဲ့နောက်ကိုယ့်လက်တွဲဖော်က ပိုကောင်းအောင်ကြိုးစားလိမ့်မယ်လို့ထင်မိနေလို့ ...

၅။ ဘဝကို တစ်ယောက်တည်းအထီးကျန်စွာဖြတ်သန်းရမှာကြောက်လို့ ...

၆။ လက်ထပ်ပြီးအတူတူကြိုးစားကြရင်း ပိုကောင်းတဲ့ဘဝကို တည်ဆောက်နိုင်မယ်လို့ထင်လို့ ..

၇။ ငွေရေးကြေးရေး၊ နေရေးထိုင်ရေးနဲ့ စိတ်ပိုင်းဆိုင်ရာလုံခြုံစိတ်ချမှုတွေရချင်လို့ ...

၈။ မမျှော်လင့်ဘဲဖြစ်လာတဲ့ အခြေအနေတွေကြောင့်လက်ထပ်ဖို့လိုလာလို့ ...

၉။ ပတ်ဝန်းကျင်နဲ့ အသိုင်းအဝိုင်းကလက်ထပ်သင့်ပြီလို့ ဝိုင်းပြီးဖိအားပေးကြလို့ ...

၁ဝ။ အချိန်နဲ့ဇရာက နှလုံးသားကို မစောင့်တာကြောင့်သမီးကညာအခါမလင့်ခင့်လက်ထပ်သင့်တာမို့လို့… စတဲ့အကြောင်းအရင်းတွေကြောင့်ဖြစ်ပါတယ်။

ဘယ်လိုအကြောင်းအရင်းကြောင့်ပဲလက်ထပ်ပါစေ...လက်ထပ်ပြီးသွားရင်အိမ်ထောင်တစ်ခုကိုရေရှည်တည်မြဲအောင်၊အိမ်ေထာင်ရေးသာယာအောင်ကာယကံရှင်နှစ်ဦးကပဲတာဝန်ယူတည်ဆာက်သွားရမှာပါ။

 

Myanmar Wedding Guide

 

Credit;Gandawin Magazine

Read times Last modified on Wednesday, 19 September 2018 10:30
Rate this item
(0 votes)