25.9.2019ကနေ1.10.2019အထိတစ်ပတ်စာကံကြမ္မာဟောစာတမ်း
25.9.2019ကနေ1.10.2019အထိတစ်ပတ်စာကံကြမ္မာဟောစာတမ်း google
တနင်္ဂနွေသားသမီးတွေဟာ ဒီတစ်ပတ်မှာ ရပ်တန့်ထားတဲ့အလုပ်တွေပြန်လည်စတင်နိုင်မယ်။
အခက်အခဲအားလုံးကိုကျော်လွန်ဖြေရှင်းပြီးတော့ အလွန်ပြည့်စုံခြင်း၊ဘဝတိုးတက်ခြင်းရည်မှန်းချက်အောင်မြင်ခြင်းတွေရနိုင်တယ်။
ရပ်ဝေးနဲ့ဆက်သွယ်ပြီးလုပ်ကိုင်တဲ့အလုပ်ကိစ္စတွေအဆင်ပြေမယ်။နိုင်ငံရပ်ခြားခရီးသွားရန်စီစဉ်သူတွေအောင်မြင်မယ်။
အလုပ်ရှိသူတွေတိုးတက်မှုနဲ့အပြောင်းအလဲရှိမယ်။နိုင်ငံခြားနဲ့ပက်သက်တဲ့ကံကောင်းတယ်။အချစ်ရေးကံမကောင်းဘူး။
၂၅ရက်နေ့မှာရပိုင်ခွင့်ဟောင်းတွေလက်ဝယ်ပိုင်ဆိုင်မယ်။ကြန့်ကြာနေတာတွေအဆင်ပြေမယ်။၂၆၊၂၇ဆက်တိုက်ကံကောင်းမယ်။
၂၈ရက်နေ့မှာရန်များမယ်။အတိုက်အခိုက်များမယ်။၂၉၊၃၀နှစ်ရက်အတွင်းအခက်အခဲတွေအားလုံးပြေလည်အောင်ဖြေရှင်းနိုင်မယ်။
၁ရက်နေပမှာလူယုံဒုက္ခပေးနိုင်တယ်။လူလည်လူပတ်တွေကိုသတိထားသင့်တယ်။
ဒီကာလအတောအတွင်းမှာတနင်္ဂနွေနေ့၊သောကြာနေ့နဲ့စနေနေ့မွေးဖွားသူတွေ ကိုယ့်ကိုကောင်းကျိုးပေးပြီးတနင်္လာနေ့နဲ့ကြာသပတေးနေ့မွေးသူတွေကြောင့်စိတ်အနှောက်အယှက်တွေဖြစ်ရတတ်ပါတယ်။
၂၊၅၊၉ဂဏန်းတွေအကျိုးပေးတယ်။အဖြူ၊အစိမ်း၊မီးခိုးရောင်တို့ကိုသုံးပြီးအလိုရှိရာကိစ္စတွေဆောင်ရွက်ပါ။လက်ကိုင်ပုဝါအဖြူတစ်ထည်ကိုအမွှေးနံ့သာဆွတ်ပြီးလူနဲ့ဆောင်ယူပါ။
တနင်္လာသားသမီးတွေကတော့ထူးခြာတဲ့ကောင်းခြင်းကံနဲ့တက်လမ်းတွေဆက်တိုက်ရမယ်။ပြောသမျှ၊လုပ်သမျှအောင်မြင်မယ်။
အလုပ်အဆင့်တိုးတက်မယ်။ပညာသင်တန်းနဲ့ပက်သက်တဲ့ကံတက်မယ်။စီးပွားတက်လမ်း၊လုပ်ငန်းတက်လမ်း၊ဘဝတက်လမ်းမလွဲဧကန်ကြုံလိမ့်မယ်။
၅၂၈၊၁၅၀၀မေတ္တာနှစ်ခုစလုံးမှာလည်းအထူးကံကောင်းမယ်။အတတ်ပညာ၊အသိပညာ၊အလုပ်အကိုင်၊ဘဝ အလုံးစုံ
ဒီကာလအတွင်းမှာပဲထူးခြားတဲ့ဘဝတက်လမ်းတစ်ခုကိုဖန်တီးဖြစ်ပေါ်စေတဲ့အနေအထားတစ်ခုကို၂၅ရက်ကနေစကြုံမယ်။
၂၆ရက်နေ့ဆက်တိုက်ကံကောင်းမယ်။၂၇မှာအပြိုင်အတိုက်အခံတွေများမယ်။အတိုက်အခံကြားကတက်လမ်းပေါ်မယ်။၂၈၊၂၉၊၃၀ဆက်တိုက်ကံကောင်းမယ်
။အောက်တိုဘာ၁ရက်နေ့မှာလမ်းကြောင်းအပြောင်းအလဲတွေနဲ့တိုးတက်နိုင်တယ်။ကြာသပတေးနေ့၊ဗုဒ္ဓဟူးနေ့၊အင်္ဂါနေ့မွေးဖွားသူတွေကောင်းကျိုးပေးမယ်။
တနင်္လာနေ့နဲ့သောကြာနေ့မွေးသူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရနိုင်တယ်။အပြာရောင်၊အနီရောင်၊ကြက်သွေးရောင်များဝတ်ဆင်သုံးစွဲပြီးတော့အလိုရှိရာကိစ္စများဆောင်ရွက်ပါ။
စပယ်ပန်းပွင့်ကိုဆောင်ကာလုပ်စရာရှိတာများဆောင်ရွက်ပါ။
အင်္ဂါသားသမီးတွေအနေနဲ့ကတော့အရေးပါတဲ့ဆုံးဖြတ်ချက်တွေချပြီးဘဝအတွက်ခြေလှမ်းသစ်တွေစတင်ရမယ်။
ဒီအချိန်ကာလမှာရပ်တန့်ထားတဲ့လုပ်ငန်းတွေပြန်လည်ဆောင်ရွက်နိုင်မယ်။အပြိုင်အတိုက်အခံတွေကြားကထိုးဖောက်အောင်မြင်နိုင်တယ်။
မိသားစုမှာလည်းလုပ်ငန်းသစ်၊စီးပွားသစ်တွေလုပ်ကိုင်အောင်မြင်နိုင်ပါတယ်။၂၅၊၂၆ရက်နေ့တွေမှာဦးတည်ချက်ပြောင်းပြီးလုပ်ကိုင်တာတွေအဆင်ပြေမယ်။
၂၇၊၂၈ဆက်တိုက်ကံကောင်းပြီးတက်လမ်းပေါ်မယ်။၂၉ရက်နေ့မှာငွေကုန်ကြေးကျများတတ်တယ်။၃၀ရက်နေ့နဲ့အောက်တိုဘာ၁ရက်နေ့မှာတော့
ဆက်တိုက်ကံကောင်းပြီးဘဝတိုးတက်လမ်းတွေပေါ်မယ်။တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးနေ့မွေးသူတွေကောသင်းကျိုးပေးမယ်။တနင်္ဂနွေနေ့နဲ့စနေနေ့မွေးသူတွေကြောင့်စိတ်အနှောက်အယှက်ဖြစ်ရနိုင်တယ်။
အဝါရောင်၊အပြာရောင်၊နို့နှစ်ရောင်တွေသုံးပြီးလုပ်ငန်းဆောင်တာများဆောင်ရွက်ပါ။၁၊၆၊၅ဂဏန်းတွေအကျိုးပေးပါတယ်။အဝါရောင်ပန်းကိုဘုရားကပ်လှူခြင်းဖြင့်ကံဇာတာတိုးတက်အောင်လုပ်ဆောင်နိုင်ပါတယ်။
ဗုဒ္ဓဟူးသားသမီးများစိတ်ချမ်းသာမယ်။အလိုပြည့်စုံမယ်။ဘဝတက်လမ်းပေါ်မယ်။မေတ္တာရေးကံကောင်းမယ်။စန်းပွင့်မယ်။စပ်တူအလုပ်တွေအကျိုးပေးမယ်။စုတ်ရောလာဘ်ရောဝင်မယ်။
၂၅ရက်နေ့မှာအထူးကံကောင်းပြီး၂၆၊၂၇ဆက်တိုက်ကံကောင်းမယ်။၂၈ရက်နေ့မှာမမျှော်လင့်ဘဲပစ္စည်းပျောက်တတ်တယ်။ကျန်းမာရေးလည်းချူချာနိုင်တယ်။
၂၉၊၃၀ရက်တွေမှာအရာရာအဆင်ပြေပြီးအောက်တိုဘာလတစ်ရက်နေ့မှာတော့ ဆန္ဒနဲ့ဘဝတစ်ထပ်တည်းကျရောက်ပြီးအရာရာအဆင်ပြေမှာပါ။
တနင်္လာ၊အင်္ဂါ၊သောကြာနေ့မွေးသူတွေ ကောင်းကျိုးပေးပြီးတော့ စနေနေ့မွေးသူများကြောင့် စိတ်အနှောက်အယှက်ဖြစ်မယ်။
အပြာရောင်၊ပန်းရောင်၊အနီရောင်များသုံးပြီးအလိုရှိရာကိစ္စများဆောင်ရွက်ပါ။မီးဖိုချောင်ထဲက ပုလင်းခွံတွေ၊ဘူးခွံ့လွတ်တွေလွှင့်ပစ်ပါ။ထူးခြားစွာကောင်းခြင်းများရရှိလာပါလိမ့်မယ်။
ရာဟုမွေးသူတွေကတော့နည်းနည်းပြသနာများပါမယ်။တစ်ပါးသူတွေကြောင့်ကိုယ့်ရဲ့ရည်မှန်းချက်တွေနှောင့်နှေးမယ်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်မယ်။
၂၅ရက်နေ့မှာပြသနာမြောက်များစွာနဲ့တွေ့မယ်။၂၆ရက်နေ့မှာမထင်မှတ်ဘဲမိတ်ကောင်းဆွေကောင်းရဲ့အထောက်အပံ့ရပြီး၂၇ရက်နေ့မှာပစ္စည်းပျောက်ခြင်း၊ရန်များခြင်းရှိမယ်။
၂၈ရက်နေ့မှာအလုံးစုံကောင်းတယ်။၂၉အညံ့ရှိတယ်။၃၀မှာကံဇာတာအထူးကောင်းပြီးတော့အောက်တိုဘာ၁ရက်နေ့မှာကံဇာတာဆက်ကောင်းပါလိမ့်မယ်။
တနင်္လာ၊ကြာသပတေး၊သောကြာနေ့မွေးဖွားသူတွေကြောင့်ကောင်းကျိုးပေးပြီးတော့တနင်္ဂနွေနဲ့အင်္ဂါနေ့မွေးသူတွေကြောင့်စိတ်အနှောက်အယှက်ကြုံရနိုင်ပါတယ်။
အဖြူရောင်၊အနီရောင်၊မီးခိုးရောင်တွေကို ဝတ်ဆင်အသုံးပြုပြီးလုပ်စရာအလုပ်များလုပ်ကိုင်ဆောင်ရွက်ပါ။၅၊၇၊၉ဂဏန်းတွေအကျိုးပေးပါတယ်။
အဖြူရောင်ပန်းဘုရားကပ်လှူခြင်းအားဖြင့်ကောင်းသောအကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။
ကြာသပတေးသားသမီးတွေကတော့ယှဉ်ပြိုင်မှုအောင်မြင်မယ်။အတတ်ပညာနဲ့ဘဝတက်လမ်းပေါ်မယ်။
၂၅ရက်နေ့မှာကိုယ်ပိုင်အတွေးအခေါ်နဲ့လုပ်ကိုင်သမျှအောင်မြင်မယ်။၂၆ရက်နေ့မှာရန်အနှောက်အယှက်အနည်းငယ်ရှိမယ်။
၂၇၊၂၈၊၂၉သူံးရက်မှာသူများထက်အစစအရာရာသာနိုင်တယ်။၃၀ရက်နေ့မှာရန်များမယ်။အောက်တိုဘာ၁ရက်နေ့မှာအစစအရာရာအဆင်ပြေမယ်။
တနင်္လာ၊သေကြာ၊စနေနေ့မွေးသူတွေအကျိုးပေးပြီးတနင်္ဂနွေ၊ဗုဒ္ဓဟူးနေ့မွေးသူများကြောင့် စိတ်အနှောက်အယှက်ဖြစ်ရနိုင်တယ်။
အညိုရောင်၊အပြာရောင်၊မီးခိုရောင်စတာတွေကို ဝတ်ဆင်အသုံးပြုပြီးလုပ်ငန်းများဆောင်ရွက်ပါ။၄၊၇၊၉ဂဏန်းတွေအကျိုးပေးတယ်။
မီးဖိုခန်းမှာရှိတဲ့ဝါးတူအဟောင်းတွေစွန့်ပစ်ခြင်းဖြင့် ကံဇာတာမြှင့်ပေးနိုင်ပါတယ်။
သောကြာသားသမီးတွေကတော့ထူးခြားတဲ့အပြောင်းအလဲနဲ့ကြုံမယ်။ရပ်ဝေးနဲ့ဆက်သွယ်ပြီးလုပ်ဆောင်တဲ့ကိစ္စတွေအဆင်ပြေမယ်။
လူမျိုးကွဲအကျိုးပေးမယ်။ပစ္စည်းပျောက်တတ်ယ်။အမေဖြစ်သူရဲ့ကျန်းမာရေးချူချာနိုင်တယ်။ခြံ၊ကားလဲလှယ်မှုတွေမှာပါဝင်နိုင်တယ်။
၂၅၊၂၆နှစ်ရက်အတွင်းအထူးကံကောင်းမယ်။၂၇ရက်နေ့မှာရန်အတိုက်အခိုက်ကြုံနိုင်တယ်။၂၈ရက်နေ့မှာမထင်မှတ်ဘဲပြောင်းလဲလုပ်ကိုင်လိုက်တဲ့ကိစ္စတွေအဆင်ပြေမယ်။
၂၉၊၃၀၊နဲ့အောက်တိုဘာ၁ရက်နေ့အထိတောက်လျှောက်အဆင်ပြေမယ်။ကြာသပတေး၊ဗုဒ္ဒဟူး၊စနေနေ့မွေးဖွားသူတွေကြောင့်ကောင်းကျိုးရနိုင်ပြီး
တနင်္ဂနွေနဲ့တနင်္လာနေ့မွေးသူတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။အဖြူ၊အစိမ်း၊မီးခိုရောင်တွေကိုဝတ်ဆင်သုံးစွဲပြီးလုပ်ငန်းဆောင်တာများလုပ်ဆောင်ပါ။
၂၊၇၊၉ဂဏန်းတွေအကျိုးပေးပါတယ်။အစိမ်းရောင်ပစ္စည်းလေးတွေအနားမှာထားခြင်းဖြင့်ကံဇာတာမြှင့်တင်နိုင်ပါတယ်။
စနေသားသမီးတွေကတော့ပြသနာများမယ်။စိတ်ပင်ပန်း၊လူပင်ပန်းဖြစ်မယ်။မတော်တဆထိခိုက်မှုရှိနိုင်တယ်။၂၅ရက်နေ့ကိုအထူးသတိထားပါ။
ရန်အနှောက်အယှက်များတယ်။၂၈၊၂၉၊၃၀ဆက်တိုက်ကံကောင်းမယ်။အောက်တိုဘာ၁ရက်နေ့မှာရန်အနှောက်အယှက်တွေကြားကတက်လမ်းပေါ်ပေါက်မယ်။
တနင်္လာ၊အင်္ဂါ၊ဗုဒ္ဓဟူးသားသမီးများအကျိုးပေးပြီးသောကြာ၊စနေသားသမီးများကိုယ့်ကိုဒုက္ခပေးတတ်တယ်။၉၊၇၊၅ဂဏန်းတွေအကျိုးပေးတယ်။
အနီရောင်၊ကြက်သွေးရောင်တို့ဝတ်ဆင်အသုံးပြုပါ။အနီရောင်ပန်းများဘုရားကပ်လှူပြီးကောင်းသောကံတို့ကိုဖော်ထုတ်နိုင်ပါတယ်။