မိန်းကလေးတွေဘက်က တကယ်ပြတ်ပြီဆိုရင် ဒီ (၁၀) ချက်ကို ပြုလုပ်ကြပါတယ်

မိန်းကလေးတွေဘက်က တကယ်ပြတ်ပြီဆိုရင် ဒီ (၁၀) ချက်ကို ပြုလုပ်ကြပါတယ် google.com

အချစ်ရေးတစ်ခု အဆုံးသတ်ကို ရောက်လာတဲ့အခါ များသောအားဖြင့် မိန်းကလေးတွေဘက်က လွယ်လွယ်နဲ့ သံယောဇဉ်မပြတ်နိုင်သလို၊ အဆုံးစွန်အထိလည်း သည်းခံကြပါတယ်။

 

 

ဒါပေမယ့်လည်း မိန်းကလေးတွေဘက်က တကယ်စိတ်ကုန်လာပြီ၊ တကယ်ပြတ်တော့မယ်လို့ ဆုံးဖြတ်ပြီးသွားတဲ့အခါမှာတော့ ဒီ (၁၀) ချက်ကို ပြုလုပ်ပြီး ချစ်သူကို ဘဝထဲကနေ အပြီးထုတ်လိုက်ကြပါတယ်။

 

 

() သူ့ဖုန်းနံပါတ်ကို ဖျက်လိုက်တယ်

 

ဒါဟာ မိန်းကလေးတွေ အရင်ဆုံးလုပ်တတ်တဲ့ အရာဖြစ်ပါတယ်။ ယောက်ျားတစ်ယောက်ကို တကယ်စိတ်ကုန်သွားတဲ့အခါ သူ့ဖုန်းနံပါတ်အပြင်၊ သူနဲ့ဆက်သွယ်လို့ရမယ့် ဆက်သွယ်ရေးမှန်သမျှကို ဖြတ်တောက်လိုက်ပါတယ်။ စိတ်မာတဲ့ မိန်းကလေးတွေက တစ်ချိန်တည်းမှာပဲ ချစ်သူရဲ့ ဓာတ်ပုံတွေအားလုံး၊ သူနဲ့ပတ်သက်သမျှအားလုံးကို ဖျက်ပစ်လိုက်ကြပါတယ်။ သူနဲ့ပတ်သက်တဲ့ ဘယ်လိုအရာကိုမှ ဘဝထဲမှာ ရှိမနေစေချင်တော့လို့ပါပဲ။

 

 

() အချစ်ရေးမှာ ပိုတော်လာကြတယ်

 

အသည်းကွဲဖူးတဲ့ မိန်းကလေးတွေဟာ အချစ်ရေးမှာ ပိုပြီး အတွေ့အကြုံရှိသလို၊ အထာတွေကိုလည်း ပိုပြီးသိလာကြပါတယ်။ အရင်တုန်းက နုံအခဲ့သမျှတွေအားလုံးကို အသည်းကွဲသွားတဲ့အချိန်မှာ ကွက်ကွက်ကွင်းကွင်း ပိုမြင်နိုင်ကြတာကြောင့် နောက်ဆိုရင် အချစ်ရေးမှာ ဆရာမကြီးတွေဖြစ်လာကြပါပြီ။ ဆိုလိုတာက လုံးဝမ အ, တော့ပါဘူး။

 

 

() ဘာသာတရားပိုပြီးကိုင်းရှိုင်းလာတယ်

 

မိန်းကလေးတွေ တကယ်စိတ်ကုန်လာလို့ ပြတ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ ဘာသာတရားပိုပြီး ကိုင်းရှိုင်းလာကြပါတယ်။ ကိုယ်ကိုးကွယ်တဲ့ဘာသာအလိုက် ဘုရားသွားကျောင်းတက်ပြီး ဘာသာရေးမှာပဲ ပိုပြီး စိတ်နှစ်ထားကြလို့ တရားတော်မှာ မွေ့လျော်ပြီး တရားပေါက်သွားတဲ့သူတွေလည်း အများကြီးရှိပါတယ်။ လောကီသာမက လောကုတ္တရာဘက်မှာလည်း အားစိုက်ထုတ်ကြတဲ့အတွက် သူတို့အတွက် အရှုံးဆိုတာ မရှိပါဘူး။

 

 

() Single ဘဝကို ခုံမင်လာတယ်

 

ဆိုးဆိုးရွားရွား အသည်းကွဲပြီးနောက်ပိုင်းမှာ မိန်းကလေးတွေဟာ အချစ်ဆိုတဲ့အရာနဲ့ ခပ်ဝေးဝေးမှာနေချင်လာကြပါတယ်။ ဒဏ်ရာတွေ ကုစားနိုင်သွားတဲ့အထိ၊ အသည်းနှလုံးက အနာတွေ ကျက်သွားတဲ့အချိန်အထိ Single ဘဝနဲ့ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်နေချင်ကြပါတယ်။ ဒါကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ Single အဖြစ်နဲ့ ဘဝကို ဖြတ်သန်းဖို့ ရွေးချယ်လိုက်ကြပါတယ်။

 

 

() ကောင်းကောင်းစားတယ်

 

မိန်းကလေးတစ်ယောက် အသည်းကွဲတဲ့အခါ အစားအသောက်က သူ့အတွက် အကောင်းဆုံးသူငယ်ချင်းဖြစ်လာပါတယ်။ အသည်းကွဲနေစဉ်ကာလမှာလည်း အစားကောင်းလေးတွေ စားပြီး ကိုယ့်ကိုယ်ကို နှစ်သိမ့်တတ်တဲ့သူတွေဖြစ်ပါတယ်။

 

 

() အသည်းကွဲသီချင်းတွေ နားထောင်တယ်

 

မိန်းကလေးတွေ အသည်းကွဲတဲ့အခါ သူများတွေရှေ့မှာ ဘာမှမဖြစ်သလို နေတတ်ကြပေမယ့် တကယ်တမ်းတစ်ယောက်တည်း ဖြစ်တဲ့အချိန်တွေမှာဆို အသည်းကွဲသီချင်း ဆွေးဆွေးလေးတွေ၊ ဝမ်းနည်းစရာကောင်းတဲ့ သီချင်းလေးတွေကို နားထောင်ပြီး ကြိတ်ငိုတတ်ကြပါတယ်။ အကြာကြီးတော့ မဟုတ်ပါဘူး။ တစ်ပတ် နှစ်ပတ်ပါပဲ။ ဒီအဆင့်ကို ကျော်လွန်သွားပြီးရင် အေးဆေးဖြစ်သွားကြပါတယ်။

 

 

() စိတ်အပြောင်းအလဲများတယ်

 

အသည်းကွဲခါစမှာ မြင်မြင်သမျှက ချစ်သူကို လွမ်းမောစေပြီး နေရာတိုင်း၊ အရာတိုင်းက ချစ်သူနဲ့ အမှတ်တရတွေကို နှိုးဆွပေးသလို ခံစားရကြပါတယ်။ ဒါပေမယ့်လည်း တစ်ပြိုင်တည်းမှာပဲ သူ့ကို နာကျည်းတဲ့စိတ်၊ မုန်းတဲ့စိတ်တွေပြန်ဖြစ်လာတာကြောင့် လွမ်းတဲ့စိတ်တွေလည်း ပျောက်သွားပါတယ်။

 

 

() စုံစမ်းတယ်

 

ချစ်သူဟောင်းကို လိုက်ပြီး အကဲခတ်တာတွေ၊ သတင်းစုံစမ်းတာတွေက မိန်းကလေးတွေရဲ့ အကျင့်တစ်ခုပါပဲ။ ဘယ်သူနဲ့ ဘယ်လို ဇာတ်လမ်းတွေ ဆင်နေတယ်၊ ဘာတွေလုပ်နေတယ်၊ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ အားလုံးကို သိနိုင်ပါတယ်။ အကြောင်းကတော့ မိန်းကလေးတွေဟာ အတော်ဆုံး စုံထောက်တွေမို့ပါ။

 

 

() အိမ်မှာမနေဘူး

 

မိန်းကလေးတစ်ယောက်အသည်းကွဲသွားပြီဆိုရင် အိမ်မှာ သိပ်မနေတော့ပါဘူး။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာ၊ မုန့်စားတာ၊ ပြင်ဆင်ပြီး လည်ပတ်တာတွေ လုပ်မှာပါ။ ချစ်သူမပါဘဲ ဘဝကို ပျော်ပျော်ကြီး နေဖို့ ကြိုးစားနေတဲ့ လက္ခဏာဖြစ်ပါတယ်။

 

 

(၁၀) နောက်တစ်ယောက်ကို ပြောင်းချစ်တယ်

 

မိန်းကလေးတစ်ယောက် အသည်းကွဲပြီး ဒဏ်ရာတွေ သက်သာလာတဲ့အခါ နောက်တစ်ယောက်ကို ပြောင်းချစ်ဖို့ အဆင်သင့်ဖြစ်လာပါပြီ။ ဒါဆိုရင်တော့ သူတို့ရဲ့ နောက်ထပ်ချစ်ရမယ့်သူအသစ်ကို အချစ်တွေအားလုံးပေးပြီး အရင်ကနဲ့မတူတဲ့ ပိုကောင်းတဲ့အချစ်မျိုးနဲ့ ချစ်တော့မှာ ဖြစ်ပါတယ်။

 

 

Credit;Aunty May

Read times Last modified on Wednesday, 31 October 2018 14:46
Rate this item
(1 Vote)