အချစ်ဆိုတာဘယ်လိုလဲ ချိုမြိန်ခြင်းလား...?

အချစ်ဆိုတာဘယ်လိုလဲ ချိုမြိန်ခြင်းလား...? google.com

အိမ်ထောင်ရေးဆိုတာ ပြီးပြည့်စုံသူ နှစ်ဦးပေါင်းဖက်ခြင်းမဟုတ်ပါ။ တစ်ဦးရဲ့လိုအပ်ချက်တွေကိုကျန်တစ်ဦးက အပြန်အလှန်ကူညီဖြည့်ဆည်းပေးရင်းနဲ့ ပြည့်စုံအောင်ကြိုးစားနေကြခြင်းဖြစ်ပါတယ်။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ ပူလောင်တဲ့အနမ်းတွေမရှိတော့ဘဲ နွေးထွေးတဲ့မေတ္တာနဲ့အနမ်းတွေပဲရှိတော့တာပါ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ သဝန်တိုခြင်းတွေမရှိတော့ဘဲ နွေးထွေးတဲ့နားလည်မှုတရားတွေပဲရှိတော့တာပါ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ ရန်ဖြစ်ခြင်းတွေမရှိတော့ဘဲ တစ်ယောက်နဲ့တစ်ယောက် နွေးထွေးတဲ့ဖေးမခြင်းတွေပဲရှိတော့တာပါ။

 

အချစ်ဆိုတဲ့အရာက အသက်တွေကြီးလာတဲ့အခါ မျှော်လင့်ချက်တွေ မှေးမှိန်ကောင်း မှေးမှိန်လာလာနိုင်ပါတယ်ရင်ခုန်သံခုန်နှုန်းတွေ လျော့ကျကောင်းလျော့ကျလာနိုင်တယ်။ဒါပေမဲ့တကယ့် အချစ်ဆိုတာကတော့ လျော့ကျမသွားနိုင်ပါဘူးဆိုတာ ယုံကြည်လိုက်ပါ။

 

တကယ်လို့ အချစ်ဆိုတာ အချိန်နဲ့သာဆုံးဖြတ်တာဆိုရင်အချိန်ကြာလေတကယ့်အချစ်ဟာပိုလေးနက်လာလေပါပဲဖြစ်ပါတယ်။

 

အချစ်စစ်ဆိုတာ ဝိုင်လိုပဲပေါ့။ ၀ိုင်ဆိုတာက သက်တမ်းရင့်လေပိုသောက်လို့ ကောင်းလာလေပါပဲ။

 

သေဆုံးတော့မဲ့ လူတစ်ယောက်ရဲ့ဘေးမှာလက်ကိုကိုင်ပြီး အားပေးနေမဲ့ တစ်စုံတစ်ယောက်ဟာတခြားလူမဟုတ်ပါဘူးသင့်ကိုအရမ်းချစ်တဲ့ချစ်သူပါပဲဖြစ်ပါတယ်။

 

 

Myanmar Wedding Guide

Read times Last modified on Tuesday, 18 September 2018 15:51
Rate this item
(1 Vote)