လက်မထပ်ခင် ကိုယ့်ချစ်သူကို မေးသင့်တဲ့အချက်များ

လက်မထပ်ခင် ကိုယ့်ချစ်သူကို မေးသင့်တဲ့အချက်များ google.com

ချစ်သူဖြစ်ချိန်ကာလများသည် သင်တို့နှစ်ဦးအတွက် ပျော်ရွှင်စရာအချိန်များနဲ့ ပြည့်နှက်နေတဲ့ အချိန်ဖြစ်ပါတယ်။

သင့်အနေနှင့် တစ်ယောက်ယောက်ကို လက်တွဲဖို့ စဉ်းစားဆုံးဖြတ်တော့မယ်ဆိုရင်တော့ ဒီမေးခွန်းတွေကို စောစီးစွာ မေးမြန်းသင့်ပါတယ်။

 

ကိုယ့်မှာ ဘာမကြိုက်တာရှိလဲ

ချစ်သူနှစ်ဦး လက်မထက်ခင်အချိန်အတွင်းမှာ ကိုယ့်ချစ်သူကို မေးမြန်းထားရမှာက သူမကြိုက်တာ၊ အဆင်မပြေတာ၊ ပြောင်းလဲချင်တာများရှိလားလို့ မေးသင့်ပါတယ်။ ဘာမှမရှိဘူးဆိုရင်တော့ သူဟာ အနာဂတ်ကို ကြိုမတွေးဘဲ ပေါ့ပေါ့ဆဆပဲတွေထားတာလို့ ယူဆနိုင်ပါတယ်။

 

သူဘယ်လောက် ပိုက်ဆံရှာနိုင်လဲ

ချစ်သူနှစ်ဦး လက်မထက်ခင်အချိန်အတွင်းမှာ ကိုယ့်ချစ်သူက ပိုက်ဆံဘယ်လောက်ရှာနိုင်တယ်ဆိုတာ သိထားဖို့တော့လိုပါလိမ့်မယ်။ သူ့ရဲ့ပိုင်ဆိုင်မှုကိုကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားလို့ရအောင် သူ့ကို ပွင့်ပွင့်လင်းလင်းမေးမြန်းရပါမယ်။ မချမ်းသာတာထက် မရှိတာကို ရှိတာလုပ်တာက ပြဿနာဖြစ်စေနိုင်ပါတယ်။

 

ဘယ်လိုညှိမလဲ

ချစ်သူနှစ်ဦး ဘယ်လောက်ပဲချစ်ကြတယ်ပြောပြော အရာရာတိုင်းကတော့ အမြင်မတူတာတွေ ရှိကြမှာပါ။ တစ်ယောက်နှင့်တစ်ယောက် အမြင်မတူတာတွေ ရှိလာတဲ့အခါ ဘယ်လိုညှိနိုင်းတတ်သူလဲဆိုတာ သင့်ဘက်က အကဲခတ်ထားဖို့နဲ့ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်းမေးထားဖို့ လိုပါလိမ့်မယ်။

 

ဘယ်လို ဘာသာရေးအတူတူလုပ်မလဲ

နှစ်ဦးစိတ်သဘောတူ ဘုရားသွားကျောင်းတက်ကိစ္စတွေကို နှစ်ယောက်အတူတူ လုပ်နိုင်မလားဆိုတာ သိထားသင့်ပါတယ်။ သင့်မွေးနေ့တိုင်း ဘုရားသွား၊ ကျောင်းတက်တာတို့ဆိုရင်ကော သူက လိုက်လုပ်ပေးနိုင်မလားဆိုတာ သိထားသင့်ပါတယ်။

 

သင် ဘာမျှော်လင့်ထားသလဲ

ချစ်သူနှစ်ဦးအတွက် အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ နှစ်ယောက်တစ်ဘ၀ မထူထောင်ခင်မှာ သူကိုယ့်ဆီမှ ဘာကိုမျှော်လင့်ထားတာလဲဆိုတာ မေးထားသင့်ပါတယ်။ သင်ကအိမ်မှုကိစ္စအချို့ကို အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တဲ့အခါ သူဘယ်လိုလုပ်မလဲဆိုတာ မေးထားသင့်ပါတယ်။ နှစ်ဦးမှာရှိတဲ့ လူမှုဆက်ဆံရေးအခြေအနေကို နားလည်တယ်ဆိုတာမျိုး ဖြစ်သင့်ပါတယ်။

 

အသုံးအစွဲကြီးတာ ဘယ်လိုလျှော့မလဲ

ကိုယ့်ချစ်သူဟာ ပိုက်ဆံရှာကောင်းသူတစ်ဦးဖြစ်သလို ငွေအသုံးအစွဲကြီးသူလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအသုံးအစွဲ လျှော့သုံးမလဲဆိုတာကိုတော့ သူ့ကို မဖြစ်မနေ မေးရမှာဖြစ်ပါတယ်။ သူဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်နေရင်တောင်မှ ငွေအသုံးအစွဲကြီးတဲ့သူတော့ မဖြစ်သင့်ပါဘူး။

 

 

Read times Last modified on Wednesday, 19 September 2018 15:22
Rate this item
(3 votes)