ချစ်သူတွေကြား ပြဿနာဖြစ်စေနိုင်သော အချက်များ - ၂

ချစ်သူတွေကြား ပြဿနာဖြစ်စေနိုင်သော အချက်များ - ၂ google.com

ချစ်သူစုံတွဲများကို လေ့လာမှုအရ ချစ်သူစုံတွဲတွေကြား ပြဿနာဖြစ်စေနိုင်တဲ့ အချက်အများအပြားကို တွေ့ရှိခဲ့ကြပါတယ်။

မိမိချစ်သူပောာင်းနဲ့ သို့မဟုတ် လက်ရှိချစ်သူတွေနဲ့ကြား ပြဿနာတွေက ဒီအချက်လေးတွေ ကိုက်ညီရဲ့လားဆိုတာကို အောက်တွင် ဖော်ပြပေးထားပါတယ်။

 

ဂရုစိုက်မှုလျော့ခြင်း


နှစ်ဦးကြားမှာ ဂရုစိုက်မှုပာာလဲ လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘယ်လောက်ပင် အလုပ်များနေပါစေ အလုပ်ရှုပ်နေပါစေ ချစ်သူကို ဂရုစိုက်မှုလစ်လပ်သွားခြင်းကတော့ မဖြစ်သင့်ပါဘူး။

 

မိန်းကလေး အများစုက ဂရုစိုက်မှုကို အထူးလိုလားတာကို တွေ့မြင်နိုင်ပါတယ်။ တကယ်ချစ်တဲ့ သူတစ်ယောက်ကို မဆုံးရှုံးလိုဘူးဆိုရင်တော့ ချစ်သူကို ဂရုစိုက်ပေးတာက ကို့အချစ်ကိုလဲ ဖော်ပြပေးတဲ့ အကောင်းဆုံး နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။

 

အင်တာနက်အသုံးပြုမှုများခြင်း


ယနေ့ခေတ်တွင် facebook, twitter, wechat အစရှိသဖြင့် လူမှုကွန်ယက်များကို အသုံးများခြင်းနှင့် အထူးသဖြင့် ယောက်ျားလေးများ ဂိမ်းအလွန်အကျွံ ဆော့ခြင်းကလဲ အချစ်ရေးကို ထိခိုက်စေတဲ့ အကြောင်းတစ်ချက်ဖြစ်ပါတယ်။

 

အင်တာနက်ကြောင့်ဖြစ်တဲ့ ပြဿနာတွေကလဲ အများဆုံးတွေ့ရတဲ့ ပြဿနာတွေထဲမှာ တစ်ခုဖြစ်ပါတယ်။ မိမိအားကိုး တန်ဖိုးထားရမယ့် ချစ်သူက ရှေ့ရေး ကိစ္စတွေထက် ဂိမ်းတွေကို အလွန်အကျွံဆော့ကစားမယ်ဆိုရင် ကိုယ်ချစ်ရသူနဲ့ ဝေးတတ်ပါတယ်။

 

အခြားတစ်ယောက်ရှိလာခြင်း


ယင်းအချက်ကတော့ မိန်းကလေးတွေနဲ့ ပိုသက်ဆိုင်တယ်လို့ ဆိုချင်ပါတယ်။ မိန်းကလေး အများစုက မိမိအကြောင်း ရင်ဖွင့်စကားပြောလိုတဲ့ အကျင့်ရှိကြပါတယ်။

 

ကိုယ့်ခံစားချက်ကို အရင်းနီးအကျွမ်းဝင်တဲ့လူကို ပြောပြ ရင်ဖွင့်ရာမှ အခြားလူက ဇာတ်လမ်းတွေ စတင်ပြီး အချစ်တွေ ကုန်ဆုံး၍ ပျက်စီးနိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 14:47
Rate this item
(1 Vote)