သင့်သတို့သားလောင်းရဲ့မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၂)

သင့်သတို့သားလောင်းရဲ့မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၂)

သင့်ချစ်သူဟာ ဘယ်လ Born လဲ? သူတို့အကြောင်း အကြမ်းဖျင်းသိရအောင် ကျွန်တော်ကူညီပေးနိုင်ပါတယ်။ ကဲ ဖတ်ကြည့်လိုက်ရအောင်!

 

May
သူတို့က ကိုယ်ပိုင်ဟန်နဲ့လူတွေဖြစ်ပြီး တကယ်ကို ထူးချွန်တဲ့ ဂီတသမား ၊ ရုပ်ရှင်သရုပ်ဆောင် ၊ စာရေးစရာဖြစ်နိုင်ပါတယ်။ သူတို့ဟာ Social ကျတဲ့လူတွေဖြစ်ပြီး သူငယ်ချင်းတွေနဲ့အမြဲလိုလို လျှောက်သွားဖြစ်ပါတယ်။ အသဲမာပြီး အရမ်းတက်ကြွတယ်။ ဒေါသထွက်လွယ်ပြီး အတွေးအခေါ်ကောင်းသလို လူတွေကို ဆွဲဆောင်နိုင်ပါတယ်။ ဒါကြောင့်လဲ အချစ်ရေးနဲ့ပတ်သတ်ရင် သူတို့ကအပျော်တွဲတာများပြီး နောက်ဆုံး မိန်းမယူတော့မယ်ဆိုရင်တောင် အတော်ကိုရွေးချယ်ကြတဲ့လူတွေပါ။

 

June
၆လပိုင်းဖွားတွေဟာ ရိုမန်တစ်အလွန်ဆန်ပြီး သဝန်အရမ်းတိုတတ်ကြပါတယ်။ ဒါပေမဲ့သူတို့ဟာ သင့်အတွက် ပျော်ရွှင်စရာတွေပဲပေးမဲ့ချစ်သူမျိုးပါ။ သူစိတ်ညစ်နေတာတွေကို သင့်ကို ပြောပြမှာမဟုတ်ပါဘူး။ သင့်ရှေ့ရောက်ရင် ဘာပြသာနာမှမရှိသလိုနေမယ်။ သူ့ဘာသူကြိတ်ရှင်းတတ်သူပါ။ သင့်ဘက်က သူသဝန်တိုတတ်တာကို နားလည်ပေးဖို့တော့လိုအပ်ပါလိမ့်မယ်။ သူတို့ဟာ အရမ်းကြင်နာတတ်ပြီး ဉာဏ်ကောင်းတဲ့လူမျိုးတွေပါ။

 

July
သူတို့ဟာ ဟန်မဆောင်တတ်တဲ့လူ ၊ ပွင့်လင်းတဲ့လူ ၊ စာနာတတ်တဲ့လူတွေဖြစ်ပါတယ်။ မိသားစုကိုလဲ နက်ရှိုင်းစွာခင်မင်ပြီး သူနဲ့ပတ်သတ်တဲ့လူမှန်သမျှကို ကာကွယ်ဖို့အမြဲအသင့်ဖြစ်နေသူပါ။ ဒါပေမဲ့ သူတို့ဟာ Depression ဝင်တဲ့အခါ သူများတွေထက် ပိုပြီး ခံစားရတတ်ပါတယ်။ သူတို့ဟာ Social မကျတဲ့အတွက် သူငယ်ချင်းအသစ်တွေရဖို့ခဲယဉ်းပြီး ချစ်သူဆိုရင်လဲ မိန်းကလေးဖက်က ဖွင့်ပြောမှ ရမဲ့လူမျိုးတွေပါ။ ချစ်သူရခဲ့ရင်လဲ ချစ်မပြတတ်ပေ တော်ကီတွေမချွေပြတတ်ပေမဲ့ သူတို့က တကယ်ချစ်တာပါ။

 

August
သူတို့ကတော့ လူတွေကြားမှာ ခေါင်းဆောင်ဖြစ်လာမဲ့လူမျိုးတွေပါ။ အကောင်းမြင်ဝါဒရှိတဲ့လူတွေဖြစ်ပြီး မင်္ဂလာဆောင်ခြင်းကိုလဲ နှစ်သက်တဲ့လူတွေဖြစ်ပါတယ်။ သူတို့ရဲ့စကားပြောကောင်းတာတွေကြောင့် လူတွေက ချစ်ခင်ကြပြီး မိန်းကလေးတွေကတော့ ကြွေဆင်းကြပါတယ်။ သတ္တိရှိပြီး အကြောက်တရားကင်းသလို ခေါင်းဆောင်နိုင်စွမ်းလဲ အပြည့်အဝရှိတဲ့လူမျိုးတွေပါ။ August Born တွေဟာ ချစ်သူထားတဲ့အခါ တစ်ယောက်ဆိုတစ်ယောက် ပိတောက်ဆိုပိတောက် သစ္စာမဖောက် ချစ်တဲ့လူမျိုးတွေပဲဖြစ်ပါတယ်။

 

September
သူကတော့ ဉာဏ်ကောင်းပြီး အရာရာအံဝင်ခွင်ကျဖြစ်လွန်းလို့ နေရာတိုင်းမှာ ဝင်ပါနိုင်တဲ့လူပါ။ သူဟာ အဖွဲ့အစည်းစိတ်ဓာတ်လဲရှိပြီး သူ့ကိုသူ ကြွားဝါဖို့တော့ မလုပ်တတ်တဲ့လူပါ။ သူ့အားနည်းချက်ကတော့စိတ်ဓာတ်ကျတတ်တာပါပဲ။ အချစ်ရေးနဲ့ပတ်သတ်ရင် အင်မတန်ရွေးချယ်လွန်းသူတွေမို့ သင်သာ September Born ရဲ့ချစ်သူဖြစ်ရင် အလွန်ကံကောင်းတာပါပဲ။

 

October
သူတို့ဟာ စကားပြောရတာကိုကြိုက်ပြီး သူတို့ကိုချစ်တဲ့လူတွေအကုန်လုံးကိုချစ်ပါတယ်။ အတွင်းစိတ်တွေနဲ့ ရုပ်ဆင်းအင်္ဂါကလှပပေမဲ့ ဒေါသကတော့ကြီးပါတယ်။သူငယ်ချင်းတွေကို အချိန်ပေးလွန်းသလို သူငယ်ချင်းအသစ်တွေလဲရှာဖွေပါတယ်။ လွယ်လွယ်ကူကူနာကျင်တတ်ပေမဲ့လွယ်လွယ်ကူကူ မေ့ဖျောက်တတ်ပါတယ်။ ခရီးသွားရတာ ၊ အနုပညာ ၊ စာပေတွေကို ချစ်သူဖြစ်ပြီး လွန်စွာသဝန်တိုတတ်သလို ဟန်မဆောင်တတ်လောက်အောင် ရိုးသားပါတယ်။ အချစ်ရေးနဲ့ပတ်သတ်ရင် သူ့ဘက်ကအစွမ်းကုန်ချစ်မယ်။ သူ့ကို သူ့လောက်မချစ်နိုင်ရင်တော့ Get Out ဆိုတဲ့သဘောမှာရှိပါတယ်။

 

November
သူတို့ကတော့ တစ်ခါတစ်ရံမှာ လျှောက်တွေးနေတတ်ပြီး အလိုလိုဖိအားတွေဝင်နေတတ်တဲ့လူတွေပါ။ သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်အရ သူတို့ဟာ ပျော်ရွှင်မှု အင်မတန်နည်းပါးတဲ့လူတွေပါ။ လ ၁၂ လ မှာ နိုဝင်ဘာသမားတွေဟာ ကံမကောင်းတတ်ဆုံးလို့ပြောလို့ရပါတယ်။ ဒါကြောင့် သူတို့ကိုနှစ်သိမ့်ပေးပါ။ အစွမ်းကုန်ချစ်ပေးပါလို့ ကျွန်တော်ပဲကြားထဲက တောင်းဆိုပါတယ်။

 

December
သူတို့ကတော့ သစ္စာလဲရှိ ၊ သဘောထားလဲကြီးပြီး Sexy ကျပါတယ်။ Social ကျရတာကိုလဲသဘောကျပြီး ရိုးရိုးသားသားနဲ့ယုံကြည်ရတဲ့အချစ်မျိုးကို မြတ်နိုးသူပါ။ ဒါပေမဲ့ December Born တွေ အက်စမာတို့ ၊ အလက်ဂျစ်တို့အဖြစ်များပါတယ်။

 

ဒါကတော့ သင့်သတို့သားလောင်းရဲ့ မွေးလကပြောပြမဲ့ သူတို့ရဲ့Type အပိုင်း (၂) ပဲဖြစ်ပါတယ်။ ကဲ ၁၂ လလုံးစုံသွားပါပြီ။ ဖတ်ရှုပေးတဲ့လူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အားလုံး ချစ်ရသူနဲ့တစ်သက်တာပေါင်းဖက်နိုင်ကြပါစေ။

 

 

Source: Aunty May

 

 

 

Read times Last modified on Tuesday, 10 November 2020 16:14
Rate this item
(0 votes)