သင့်ကောင်မလေးကို ဘာကြောင့် တန်ဖိုးထားတာလဲ

သင့်ကောင်မလေးကို ဘာကြောင့် တန်ဖိုးထားတာလဲ google.com

သင့်အတွက် အမြဲရပ်တည်ပေးခြင်း

 


ငယ်ငယ်ရွယ်ရွယ်ဖြစ်ပြီး အရည်ချင်းရှိတဲ့ မိန်းမတစ်ယောက်အတွက် လက်တွဲဖော်ဆိုတာ မရှားပါဘူး။ သို့ပေမဲ့လည်း သူမဟာ တစ်ဘဝလုံးအတွက် သင့်တစ်ယောက်ထဲကိုပဲ သစ္စာရှိရှိနဲ့ ချစ်နေမိမှာ အမှန်ဖြစ်ပါတယ်။

 

သင်နဲ့အတူ ပျော်ရွှင်စရာ မိသားစုဘဝလေးလည်း တည်ဆောက်ချင်တယ်။ သူမအတွက်ပြင်ပ အပျော်တွေ ဆိုတာလည်း မလိုအပ်တော့ပါဘူး။

 


သင့်ကိုလေးစားတန်ဖိုးထားခြင်း

 


သူမရဲ့ ချစ်ခြင်းမေတ္တာတွေဟာ သင့်ရဲ့လက်ရှိအခြေအနေ၊ အရှိန်အဝါ တွေအပေါ်မှာ မမူတည်ပါဘူး။ ၎င်းအပြင် ခဏတာ အထင်ကြီးမှုလည်း မဟုတ်ပါဘူး။

 

သင့်ရဲ့ကိုယ်ကျင့်တရားတွေ၊ ဖြူစင်ရိုးသားမှုတွေကို တန်ဖိုးထားပြီး ထာဝရခိုင်မာတဲ့ ချစ်ခြင်းမေတ္တာများ ဖြစ်တဲ့အတွက် အကြွင်းမဲ့ ယုံကြည်သင့်ပါတယ်။



သင့်ရဲ့အိပ်မက်တွေကို ပါရမီဖြည့်ပေးခြင်း



သင်ဖြစ်ချင်တဲ့ဆန္ဒတွေကိုလဲ သူမကိုယ်ပိုင်အိမ်မက်တွေကို အကောင်ထည်ဖော်နေသလိုပဲ အားတတ်သရော ပါရမီဖြည့်ပေးမှာဖြစ်ပါတယ်။

 

အရည်အချင်းရှိတဲ့ မိန်းမတွေဟာ သူတို့အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ပဲ ယောက်ျားတစ်ယောက်ကို လိုအပ်တာ မဟုတ်ပါဘူး။

 


သင့်ကို လမ်းမှန်ရောက်ဖို့ အမြဲအားပေးခြင်း



သင်မှားနေခဲ့ရင်တောင် သင့်စိတ်ဓာတ်တွေကို မြှင့်တင်ပေးပြီး သင့်စိတ်ကြိုက် အလိုက်ဆောင်ပေးမယ့် သူတွေအများကြီး ရှိနေမှာပါ။

 

သို့ပေမဲ့ အရည်အချင်းရှိတဲ့ မိန်းမတစ်ယောက်ကတော့ ဘယ်လောက် ခါးသီးနေပါစေ အမှန်တရားဆီကိုပဲ သင့်ကို ခေါ်ဆောင်သွားမည့်သူဖြစ်ပါတယ်။



သင့်အတွက် ခွန်အားဖြစ်စေခြင်း



အမျိုးသမီးတွေဟာ ပြင်းထန်တဲ့ လောကဓံ ရိုက်ခတ်မှုတွေကို ခံနိုင်ရည်မရှိကြပါဘူး။

 

သို့ပေမဲ့ အရည်ချင်းရှိတဲ့ မိန်းမတွေကတော့ သင်နဲ့အတူ လောကဓံကို ကြံ့ကြံ့ခံပြီး သင့်တစ်ချိန်က ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေကို ပြန်သတိပေးပြီး ဆက်လက်ရှင်သန်သွားဖို့ အသင့်ရှိနေတတ်ကြပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:26
Rate this item
(3 votes)