အသက်ကြီးတဲ့ယောင်္ကျားလေးတွေဟာ မိန်းကလေးငယ်လေးတွေကိုပိုစိတ်ဝင်စားတယ်လို့သိရ

အသက်ကြီးတဲ့ယောင်္ကျားလေးတွေဟာ မိန်းကလေးငယ်လေးတွေကိုပိုစိတ်ဝင်စားတယ်လို့သိရ google.com

သုတေသနပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ ယောင်္ကျားလေးတွေဟာ အသက်အရွယ်ဘယ်လောက်ကြီးရင့်လာသည်ဖြစ်စေ

ငယ်ရွယ်တဲ့မိန်းကလေးတွေကိုသာ စိတ်ဝင်စားကြတယ်လို့သိရပါတယ်။

 

ငယ်ရွယ်တဲ့မိန်းကလေးတွေကိုစိတ်ဝင်စားတယ်ဆိုတဲ့နေရာမှာ အသက် ၄၀ အရွယ်ယောင်္ကျားတစ်ယောက်က အသက် ၂၂ နှစ်အရွယ်မိန်းကလေးတစ်ယောက်ကို ချစ်ကြိုက်မိတယ်ဆိုပါစို့။ သူ့ရဲ့အသက် ၅၀ ၆၀ ကျော်အထိကြီးရင့်သွားတဲ့အခါမှာလည်း အသက် ၂၀ ကျော်မိန်းကလေးတွေကိုပဲ စိတ်ဝင်စားမြဲပါပဲ။

 

 

ဆိုလိုတာက သူ့ရဲ့အသက် ၄၀ ကျော်အရွယ်မှာ အသက် ၂၀ အရွယ်မိန်းကလေးကို စိတ်ဝင်စားတယ်ထား၊ နောင်အသက်ဘယ်လောက်ကြီးကြီး အသက် ၂၀ ကျော်ကိုပဲစိတ်ဝင်စားမှာပဲ။ တကယ်လို့ အသက် ၄၀ ကျော်အရွယ်မှာ အသက် ၃၀ အရွယ်မိန်းကလေးကို စိတ်ဝင်စားတယ်ဆိုလည်း နောင်အသက်ဘယ်လောက်ကြီးကြီး အသက် ၃၀ ကျော်အရွယ်မိန်းကလေးတွေကိုပဲ စိတ်ဝင်စားမှာပဲ။

 

ဆိုတော့ကာ ယောင်္ကျားလေးတွေရဲ့အချစ်က တစ်သမတ်တည်းရှိတယ်လို့ပြောလို့ရတယ်ပေါ့နော်။ Finland နိုင်ငံက စိတ်ပညာရှင်တစ်ယောက်ရဲ့အဆိုအရ အမျိုးသမီးတွေကတော့ သူတို့ရဲ့လက်တွဲဖော်ရွေးချယ်ရာမှာ သူတို့ထက်အသက်ကြီးသူ (သို့မဟုတ်) သူတို့နဲ့အသက်အရွယ်သိပ်မကွာတဲ့သူတွေကိုသာ စိတ်ဝင်စားတယ်လို့ဆိုပါတယ်။

 

သုတေသနပညာရှင်တွေရဲ့အဆိုအရ အသက် ၅၀ ၆၀ ကျော်အဖိုးကြီးတွေနဲ့ အသက် ၂၀ ကျော်မိန်းကလေးတွေရဲ့အချစ်ရေးကတော့ ရေရှည်တည်တံ့ခိုင်မြဲမှာမဟုတ်ဘူးလို့ဆိုပါတယ်။ လူဦးရေ ၂၆၅၅ ယောက်ကို ကောက်ခဲ့တဲ့စစ်တမ်းအရ အသက်အရွယ်ကြီးရင့်တဲ့ယောင်္ကျားတွေဟာ ငယ်ရွယ်တဲ့မိန်းကလေးတွေကိုစိတ်ဝင်စားတယ်ဆိုပေမယ့် လိင်မှုကိစ္စပိုင်းမှာတော့ အသက်အရွယ်မတိမ်းမရိမ်းသာကွာခြားတဲ့စုံတွဲတွေလောက် စိတ်ကျေနပ်မှုမရရှိဘူးလို့ ဖော်ပြထားပါတယ်။

 

Read More: မမနဲ့မောင်လေးအချစ်ရေးအတွက်လိုက်နာရမယ့်အချက်လေးတွေ
graphicstock close up portrait of a beautiful tender couple in love hugging on the beach Hu3CZCdUne 600x400

Read times Last modified on Wednesday, 19 September 2018 10:50
Rate this item
(1 Vote)