သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိနေရင်...

သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိနေရင်... Google

သင့်လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” သင်္ကေတပါရှိလား?လက်ဖဝါး မှာ ‘M’ အက္ခရာရှိသူတွေ ဟာ တမူထူးခြားနေသူတွေဖြစ်တယ်။

 

လက္ခဏာကြည့်တယ်ဆိုတာ လက်ဖဝါးကိုမြေပုံတစ်ခုလိုသဘောထားပြီး ဘဝအကြောင်းအစုံစုံကိုဖတ်ကြားရတဲ့ အတတ်ပညာမျိုးဖြစ်ပြီး တရုတ်နိုင်ငံရဲ့အမွေအနှစ်တစ်ခုဖြစ်တဲ့ ချင် (Ching)ဆိုတဲ့စာအုပ်ထဲမှာ ပထမဆုံးတွေ့မြင်သိကြားခဲ့ရတယ်လို့ဆိုနိုင်ပါတယ်။

 

အတွေးအခေါ်ပညာရှင်ကြီး အရစ်စ်တိုတယ် (Aristotle) ဟာဆိုရင် လက္ခဏာဖတ်ရှု့ခြင်းရဲ့နောက်ကွယ်က အတတ်ပညာတွေကို အင်မတန်စိတ်ပါဝင်စားခဲ့ပီး

 

လက်ဖဝါးပေါ်ကအရာတွေက လူတစ်ယောက်ရဲ့အနာဂတ်ကိုပြောပြနိုင်ကြောင်းယုံကြည်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကိုမယုံသူတွေရှိပေမယ့်ကမ္ဘာအနှံ့မှာ သက်ဝင်ယုံကြည်သူတွေကလည်းအများအပြားရှိနေဆဲပါပဲ။

 

ဒီလိုပဲ လက္ခဏာဖတ်ခြင်းအတတ်မှာလည်း ညဏ်ပညာ၊အတွေ့အကြုံနဲ့ပြည့်စုံပြီး ကျွမ်းကျင်တဲ့ဆရာသမားတွေရှိသလို စာအုပ်ဖတ်ပြီးအိယောင်ဝါးလုပ်ချတဲ့တတ်ယောင်ကားတွေကလည်းရှိပါလေရဲ့။

 

ခုပြောပြမှာကတော့ လက်ဖဝါးပေါ်မှာ အင်္ဂလိပ်အက္ခရာ “M” ပါရှိသူတွေအကြောင်းတစေ့တစောင်းပဲဖြစ်ပါတယ်။

 

လက္ခဏာပညာကိုလုံးဝမသိသူတွေအတွက် ပြောရမယ်ဆိုရင်ဖြင့် အခြေခံသဘောတရားအရ လက်ဖဝါးပြင်မှာ ထင်ရှားတဲ့လမ်းကြောင်းကြီးလေးခုရှိပြီး အဲဒါတွေကတော့ .. အသက်လမ်းကြောင်း၊နှလုံးလမ်းကြောင်း၊ ဉာဏ်လမ်းကြောင်းနဲ့ ကံလမ်းကြောင်းပဲဖြစ်ပါတယ်။

 

အဲဒီလမ်းကြောင်းလေးခုထဲက ကံလမ်းကြောင်းကိုဖယ်ပြီး ကျန်တဲ့လမ်းကြောင်းသုံးခုကစပ်ဆက်သွားတဲ့အခါ လက်ဖဝါးပြင်ပေါ်မှာအင်္ဂလိပ်အက္ခရာ “M” ပုံသဏ္ဍာန်ပေါ်လာပါတယ်။

 

အဲဒီပုံသဏ္ဍာန်ကလူတိုင်းမှာမရှိသလို ရှိတဲ့လူတွေဟာလည်း သာမန်လူတွေမဟုတ်ပဲ သူ့နည်းသူ့ဟန်နဲ့ထူးခြားသူတွေဖြစ်ကြတယ်လို့ လက္ခဏာကျမ်းအစောင်စောင်ကဆိုပါတယ်။

 

ဗေဒင်လက္ခဏ လေ့လာလိုက်စားသူများနှင့် စာဖက်ပရိတ်သတ်များ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ဖော်ပြပေးလိုက် ရပါတယ်

 

လက်ဝါးပြင်မှာ “M” ပုံသဏ္ဍာန်ပါဝင်သူတွေဟာ များသောအားဖြင့် ထူးခြားတဲ့လူတွေဖြစ်ကြပါတယ်။ မသိစိတ်ရဲ့လွှမ်းမိုးမှုကြီးမားပြီး သာမန်မဟုတ်ပဲ တစ်စုံတစ်ရာအတွက်မွေးဖွားလာသူတွေလို့အဆိုရှိပါတယ်။

 

သူတို့ဟာ ကောင်းမွန်တဲ့လူမှုဆက်ဆံရေးရှိကြပြီး စိန်ခေါ်မှုတွေကိုကြောက်ရွံ့လေ့မရှိပါဘူး။ စီးပွားရေးလုပ်ငန်းတွေနဲ့ပက်သက်ပြီး ဘုရားပေးတဲ့ ထူးချွန်မှုမျိုးရှိတတ်ကြပါတယ်။

 

ကိုယ့်အတွက်မှန်ကန်တဲ့နယ်ပယ်ကိုရှာဖွေရာမှာတော်တဲ့သူတွေဖြစ်သလို ရှာဖွေတွေ့ရှိပြီဆိုရင်လည်း အဲဒီ့နယ်ပယ်မှာသေချာပေါက်အောင်မြင်မယ့်သူတွေဖြစ်ကြပါတယ်။ (ကိုယ်ကလည်း ကြိုးစားပေါ့နော်၊ငယ်ငယ်ကဆရာတွေပြောသလို လက်သည်ကိုချည်းအားမကိုးနဲ့ပေါ့)

 

သူတို့ဟာ အပြင်မှာဘယ်လိုပဲ စည်းမဲ့ကမ်းမဲ့နေတတ်သူတွေဖြစ်ပါစေ လုပ်ငန်းခွင်နဲ့ပက်သက်လာရင်တော့ တစ်ဆံခြည်မရွေ့အောင်စည်းကမ်းလိုက်နာသူတွေ၊စည်းကမ်းတင်းကြပ်သူတွေဖြစ်ကြပြီးအများက ချီးကျူးအားပေးရလောက်အောင် ကြိုးစားချင်စိတ်ရှိသူတွေလည်းဖြစ်ကြပါတယ်တဲ့။

 

ဒါပေမယ့် လက်ဖဝါးပြင်မှာ M ပါရှိသူတွေက ဘယ်တော့မှ မကောင်းတဲ့အလုပ်တွေနဲ့အကျိုးမပေးဘူးလို့ဆိုပါတယ်။ သူတို့ကိုယ်တိုင်ကိုက သစ္စာတရားကြီးမားပြီး အမှန်တရားကိုချစ်မြတ်နိုးသူတွေဖြစ်လို့ပါ။

 

နောက်တစ်ခုကတော့ လက်ဖဝါးပြင်မှာ M ပါသူတွေဟာ တစ်စုံတစ်ယောက်ကလိမ်လည်နေပြီဆိုရင် အလိုလိုသိတတ်ကြပါတယ်။ လိမ်တာကိုအလွန်မုန်းတီးတဲ့သူတွေဖြစ်လို့ပါ။

 

သေးသေးမွှားမွှားလေးအလိမ်ခံရရင်တောင် သစ္စာဖောက်ခံလိုက်ရသလိုခံစားမိတတ်ကြတာကြောင့် သူတို့နဲ့ပက်သက်မိရင်တော့ မလိမ်မိဖို့ကြိုးစားပါ။ နောက်ပြီးသူတို့ကအကြောက်အလန့်မရှိဘူးဆိုပေမယ့် ကမူးရှုးထိုးလုပ်မယ်လို့တော့မဆိုလိုပါဘူး။

 

အချစ်ရေးမှာဆိုရင် သူတို့ဟာ လူတစ်ဦးတစ်ယောက်ကို တွယ်ငြိပြီဆိုရင်လည်းတအားတွယ်ငြိပြီး မတွယ်ငြိဖို့ကြိုးစားစိတ်ပိုင်းဖြတ်လိုက်ပြီဆိုရင်လည်း လုံးလုံးအေးစက်ငြိမ်သက်သွားပြီး အဲဒီလူကိုဆုံးရှုံးလိုက်ရရင်လည်း ဂရုမစိုက်တော့မယ့်လူမျိုးပါ။

 

သူတို့အနေနဲ့တစ်စုံတစ်ယောက်အပေါ်သံယောဇဉ်မရှိဘူးဆိုရင် သူတို့စိတ်ကိုဘယ်သူမှမပြောင်းလဲနိုင်လောက်အောင်ခေါင်းမာသွေးအေးသူတွေလည်းဖြစ်ပါသေးတယ်။

 

သူတို့ကပတ်ဝန်းကျင်အသစ်လူအသစ်တွေကိုမနှစ်မြို့တတ်ကြပါဘူး။ဒါပေမယ့် အံ့သြစရာကောင်းလောက်အောင်နေရာအသစ်တွေမှာ လိုက်လျောညီထွေနေထိုင်နိုင်စွမ်းရှိကြပါတယ်။

 

စိတ်ထဲမှာဘာပဲဖြစ်နေနေ အပြင်မှာတော့ လူတွေနဲ့လိုက်လိုက်လျောလျောနေတတ်ကြပြီးအဲဒီလိုနေတာကလည်း သူတု့ိရဲ့အတွင်းစိတ်ကိုအနည်းနဲ့အများထိခိုက်စေတာဖြစ်လို့ တစ်ယောက်တည်းဖြစ်သွားမှ ဆတိုးပြီးဝမ်းနည်းအထီးကျန်တတ်သူတွေဆိုရင်လည်းမမှားပါဘူး။

 

လက်ဖဝါးပေါ်မှာ M အက္ခရာပါတာက အကောင်းချည်းပဲတော့မဟုတ်ပါဘူး။သူတို့ရဲ့နဂိုဗီဇနဲ့ကံကြမ္မာက သူတို့အနားကို အခွင့်အရေးသမားတွေ၊လိမ်ညာလှည့်ဖျားတတ်သူတွေနဲ့ကြုံဆုံရအောင် ဖန်တီးပေးတတ်ပါတယ်။

 

ဒါပေမယ့် သူတို့က ဘယ်သူကတော့ လိမ်ညာသူ၊ဘယ်သူကတော့လူကောင်းဆိုတာ များသောအားဖြင့်မြန်မြန်ဆန်ဆန်ခွဲခြားနိုင်ကြပါတယ်။

 

လက်ဖဝါး ရှိ လက္ခဏာကောက်ကြောင်းလေးတွေက မိမိဝိသေသလက္ခဏာနဲ့ ကံကြမ္မာကို ဖော်ညွန်းနေတာလို့ ဆိုကြပါတယ်။ဒါပေမယ့် လက်ဖဝါးမှာ M ပုံသဏ္ဍာန် အက္ခရာစလုံးရှိသူတွေဟာ တမူထူးခြားသူလို့ ဆိုပါတယ်။

 

အဲဒီပုဂ္ဂိုလ်တွေဟာ ထူးထူးခြားခြား အထုံ ပါရမီ ပါသူ၊ ဝမ်းတွင်း အသိရှိသူ၊ နောက်ပြီး ထူးကဲတဲ့ စီးပွားရေး လုပ်ဖော်ကိုင်ဖက်တွေ လို့လည်း ဆိုကြပါတယ်။မိမိချစ်ရသူတစ်ယောက်က လက်ဖဝါးမှာ M အက္ခရာ ရှိပါက အချက်တစ်ချက်ကို သိထားရပါမယ်။

 

နောက်ပြောင်ခြင်း၊ လိမ်ညာမုသားပြောဆိုခြင်းနဲ့ ကလိမ်ကျခြင်းတွေ လုံးဝ မလုပ်မိဖို့ပါပဲ။လုပ်မိသွားရင်တော့ သင့်ကို လိမ်ညာပြောတတ်သူလို့ သူ အမြဲသတ်မှတ်နေပါလိမ့်မယ်။

 

လက်ဖဝါးမှာ M အက္ခရာစလုံးရှိတဲ့ အမျိုးသမီးတွေမှာ အမျိုးသားများထက် ဝမ်းတွင်းအသိ ပိုပြင်းထန်ကြပါတယ်။

 

လင်မယားနှစ်ယောက်လုံးမှာရှိပါက အမျိုးသမီးမှာ ပိုမိုအားကောင်းနေပါသေးတယ်။ဒီပုဂ္ဂိုလ်တွေဟာ ဘဝမှာ သူတို့လုပ်လိုတဲ့ အပြောင်းအလဲများ ဆောင်ရွက်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားကြပါတယ်။

 

ဒါ့ကြောင့် ဘဝမှာ အခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချဖို့ လိုအပ်ပါတယ်။

 

ရှေးရိုးရာ ဓလေ့ထုံးတမ်းစဉ်လာအရ ပရောဖက်အားလုံး လက်ဖဝါးမှာ ဒီလက္ခဏာ ရှိကြပြီးသင်က လက်ဖဝါးမှာ M ပုံသဏ္ဍာန်ပိုင်ဆိုင်ထားသူ ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါက သင်ဟာ တမူထူးခြားသော လူပုဂ္ဂိုလ် တစ်ဦးဖြစ်ကြောင်း သိမှတ်ရပါမယ်။

 

 

Zawgyi ျဖင့္ဖတ္ရန္...

 

သင့္လက္ဖဝါးေပၚမွာ အဂၤလိပ္အကၡရာ “M” သေကၤတပါရွိလား?လက္ဖဝါး မွာ ‘M’ အကၡရာရိွသူေတြ ဟာ တမူထူးျခားေနသူေတြျဖစ္တယ္။

 

လကၡဏာၾကည့္တယ္ဆုိတာ လက္ဖဝါးကုိေျမပံုတစ္ခုလိုသေဘာထားျပီး ဘဝအေၾကာင္းအစံုစံုကိုဖတ္ၾကားရတဲ့ အတတ္ပညာမ်ိဳးျဖစ္ျပီး တရုတ္နုိင္ငံရဲ႕အေမြအနွစ္တစ္ခုျဖစ္တဲ့ ခ်င္ (Ching)ဆိုတဲ့စာအုပ္ထဲမွာ ပထမဆံုးေတြ႕ျမင္သိၾကားခဲ့ရတယ္လို႔ဆိုနုိင္ပါတယ္။

 

အေတြးအေခၚပညာရွင္ၾကီး အရစ္စ္တိုတယ္ (Aristotle) ဟာဆိုရင္ လကၡဏာဖတ္ရႈ႕ျခင္းရဲ႕ေနာက္ကြယ္က အတတ္ပညာေတြကို အင္မတန္စိတ္ပါဝင္စားခဲ့ပီး

 

လက္ဖဝါးေပၚကအရာေတြက လူတစ္ေယာက္ရဲ႕အနာဂတ္္ကုိေျပာျပနုိင္ေၾကာင္းယံုၾကည္ခဲ့သူတစ္ဦးလည္းျဖစ္ပါတယ္။ ဒါကုိမယံုသူေတြရွိေပမယ့္ကမၻာအနွံ႔မွာ သက္ဝင္ယံုၾကည္သူေတြကလည္းအမ်ားအျပားရွိေနဆဲပါပဲ။

 

 ဒီလုိပဲ လကၡဏာဖတ္ျခင္းအတတ္မွာလည္း ညဏ္ပညာ၊အေတြ႕အၾကံဳနဲ႔ျပည့္စံုျပီး ကြ်မ္းက်င္တဲ့ဆရာသမားေတြရွိသလို စာအုပ္္ဖတ္ျပီးအိေယာင္ဝါးလုပ္ခ်တဲ့တတ္ေယာင္ကားေတြကလည္းရွိပါေလရဲ႕။

 

ခုေျပာျပမွာကေတာ့ လက္ဖဝါးေပၚမွာ အဂၤလိပ္အကၡရာ “M” ပါရွိသူေတြအေၾကာင္းတေစ့တေစာင္းပဲျဖစ္ပါတယ္။

 

လကၡဏာပညာကုိလံုးဝမသိသူေတြအတြက္ ေျပာရမယ္ဆုိရင္ျဖင့္ အေျခခံသေဘာတရားအရ လက္ဖဝါးျပင္မွာ ထင္ရွားတဲ့လမ္းေၾကာင္းၾကီးေလးခုရွိျပီး အဲဒါေတြကေတာ့ .. အသက္လမ္းေၾကာင္း၊နွလံုးလမ္းေၾကာင္း၊ ဥာဏ္လမ္းေၾကာင္းနဲ႔ ကံလမ္းေၾကာင္းပဲျဖစ္ပါတယ္။

 

အဲဒီိလမ္းေၾကာင္းေလးခုထဲက ကံလမ္းေၾကာင္းကုိိဖယ္ျပီး က်န္တဲ့လမ္းေၾကာင္းသံုးခုကစပ္ဆက္သြားတဲ့အခါ လက္ဖဝါးျပင္ေပၚမွာအဂၤလိပ္အကၡရာ “M” ပံုသ႑ာန္ေပၚလာပါတယ္။

 

အဲဒီိပံုသ႑ာန္ကလူတိုင္းမွာမရွိသလို ရွိတဲ့လူေတြဟာလည္း သာမန္လူေတြမဟုတ္္ပဲ သူ႔နည္းသူ႔ဟန္နဲ႔ထူးျခားသူေတြျဖစ္ၾကတယ္လုိ႔ လကၡဏာက်မ္းအေစာင္ေစာင္ကဆိုပါတယ္။

 

ေဗဒင္လကၡဏ ေလ့လာလိုက္စားသူမ်ားနွင့္ စာဖက္ပရိတ္သတ္မ်ား ဗဟုသုတတိုးပြားေစရန္ ရည္ရြယ္၍ ေဖာ္ျပေပးလိုက္ ရပါတယ္

 

လက္ဝါးျပင္မွာ “M” ပံုသ႑ာန္္ပါဝင္သူေတြဟာ မ်ားေသာအားျဖင့္ ထူးျခားတဲ့လူေတြျဖစ္ၾကပါတယ္။ မသိစိိတ္ရဲ႕လႊမ္းမိုးမႈၾကီးမားျပီး သာမန္မဟုတ္ပဲ တစ္္စံုတစ္ရာအတြက္ေမြးဖြားလာသူေတြလုိ႔အဆိုရွိပါတယ္။

 

သူတို႔ဟာ ေကာင္းမြန္တဲ့လူမႈဆက္ဆံေရးရွိၾကျပီး စိန္ေခၚမႈေတြကုိိေၾကာက္္ရြံ႕ေလ့မရွိပါဘူး။ စီးပြားေရးလုပ္ငန္္းေတြနဲ႔ပက္သက္ျပီး ဘုရားေပးတဲ့ ထူးခြ်န္မႈမ်ိဳးရွိတတ္ၾကပါတယ္။

 

ကုိယ့္အတြက္မွန္ကန္တဲ့နယ္ပယ္ကုိရွာေဖြရာမွာေတာ္တဲ့သူေတြျဖစ္္သလို ရွာေဖြေတြ႕ရွိျပီဆုိရင္လည္း အဲဒီ့နယ္ပယ္မွာေသခ်ာေပါက္ေအာင္ျမင္မယ့္သူေတြျဖစ္ၾကပါတယ္။ (ကုိယ္္ကလည္း ၾကိဳးစားေပါ့ေနာ္၊ငယ္ငယ္ကဆရာေတြေျပာသလုိ လက္သည္ကုိခ်ည္းအားမကိုးနဲ႔ေပါ့)

 

သူတုိ႔ဟာ အျပင္မွာဘယ္လိုပဲ စည္းမဲ့ကမ္းမဲ့ေနတတ္သူေတြျဖစ္္ပါေစ လုပ္ငန္းခြင္နဲ႔ပက္သက္လာရင္ေတာ့ တစ္ဆံျခည္မေရြ႕ေအာင္စည္းကမ္းလိုက္နာသူေတြ၊စည္းကမ္းတင္းၾကပ္သူေတြျဖစ္ၾကျပီိးအမ်ားက ခ်ီးက်ဴးအားေပးရေလာက္ေအာင္ ၾကိဳးစားခ်င္စိတ္ရွိသူေတြလည္းျဖစ္ၾကပါတယ္တဲ့။

 

ဒါေပမယ့္ လက္ဖဝါးျပင္မွာ M ပါရွိသူေတြက ဘယ္ေတာ့မွ မေကာင္းတဲ့အလုပ္ေတြနဲ႔အကိ်ဳးမေပးဘူးလို႔ဆိုပါတယ္။ သူတို႔ကုိယ္တုိင္ကိုက သစၥာတရားၾကီးမားျပီး အမွန္တရားကုိခ်စ္ျမတ္နိုးသူေတြျဖစ္္လိုု႔ပါ။

 

ေနာက္တစ္ခုကေတာ့ လက္ဖဝါးျပင္မွာ M ပါသူေတြဟာ တစ္စံုတစ္ေယာက္ကလိမ္လည္ေနျပီဆိုရင္္ အလုိလိုသိတတ္ၾကပါတယ္။ လိမ္တာကိုအလြန္မုန္းတီးတဲ့သူေတြျဖစ္လို႔ပါ။

 

 ေသးေသးမႊားမႊားေလးအလိမ္ခံရရင္ေတာင္ သစၥာေဖာက္ခံလိုက္ရသလိုခံစားမိတတ္ၾကတာေၾကာင့္ သူတို႔နဲ႔ပက္သက္မိရင္ေတာ့ မလိမ္မိဖို႔ၾကိဳးစားပါ။ ေနာက္ျပီးသူတို႔ကအေၾကာက္အလန္႔မရွိဘူးဆိုုေပမယ့္ ကမူးရႈးထိုုးလုပ္မယ္လုိ႔ေတာ့မဆိုလိုပါဘူး။

 

အခ်စ္ေရးမွာဆိုရင္ သူတုိ႔ဟာ လူတစ္ဦးတစ္ေယာက္ကုိ တြယ္ျငိျပီဆိုရင္လည္းတအားတြယ္ျငိျပီး မတြယ္ျငိဖိုိ႔ၾကိဳးစားစိတ္ပိုင္းျဖတ္လိုက္ျပီိဆိုရင္လည္း လံုးလံုးေအးစက္ျငိမ္သက္သြားျပီး အဲဒီိလူကုိဆံုးရံႈးလိုက္ရရင္လည္း ဂရုမစုိက္ေတာ့မယ့္လူမ်ိဳးပါ။

 

 သူတို႔အေနနဲ႔တစ္္စံုတစ္ေယာက္အေပၚသံေယာဇဥ္မရွိဘူးဆိုုရင္ သူတို႔စိတ္ကုိိဘယ္သူမွမေျပာင္းလဲနုိင္ေလာက္္ေအာင္ေခါင္းမာေသြးေအးသူေတြလည္းျဖစ္ပါေသးတယ္။

 

သူတို႔ကပတ္ဝန္းက်င္အသစ္္လူအသစ္ေတြကုိမနွစ္ျမိဳ႕တတ္ၾကပါဘူး။ဒါေပမယ့္ အံ့ၾသစရာေကာင္းေလာက္ေအာင္ေနရာအသစ္ေတြမွာ လိုက္္ေလ်ာညီေထြေနထုိင္နုိင္စြမ္းရွိၾကပါတယ္။

 

စိတ္ထဲမွာဘာပဲျဖစ္ေနေန အျပင္မွာေတာ့ လူေတြနဲ႔လိုက္လိုက္ေလ်ာေလ်ာေနတတ္ၾကျပီးအဲဒီလိုေနတာကလည္း သူတု႔ိရဲ႕အတြင္းစိတ္ကုိအနည္းနဲ႔အမ်ားထိခိုက္ေစတာျဖစ္လို႔ တစ္ေယာက္တည္းျဖစ္သြားမွ ဆတိုုးျပီးဝမ္းနည္းအထီးက်န္္တတ္သူေတြဆိုရင္လည္းမမွားပါဘူး။

 

လက္ဖဝါးေပၚမွာ M အကၡရာပါတာက အေကာင္းခ်ည္းပဲေတာ့မဟုတ္ပါဘူး။သူတို႔ရဲ႕နဂိုဗီဇနဲ႔ကံၾကမၼာက သူတို႔အနားကို အခြင့္အေရးသမားေတြ၊လိမ္ညာလွည့္ဖ်ားတတ္သူေတြနဲ႔ၾကံဳဆံုရေအာင္ ဖန္တီးေပးတတ္ပါတယ္။

 

ဒါေပမယ့္ သူတုိ႔က ဘယ္သူကေတာ့ လိမ္ညာသူ၊ဘယ္သူကေတာ့လူေကာင္းဆိုုတာ မ်ားေသာအားျဖင့္ျမန္ျမန္္ဆန္ဆန္ခြဲျခားနုိင္ၾကပါတယ္။

 

လက္ဖဝါး ရိွ လကၡဏာေကာက္ေၾကာင္းေလးေတြက မိမိဝိေသသလကၡဏာနဲ႔ ကံၾကမၼာကို ေဖာ္ညြန္းေနတာလုိ႔ ဆုိၾကပါတယ္။ဒါေပမယ့္ လက္ဖဝါးမွာ M ပုံသ႑ာန္ အကၡရာစလုံးရိွသူေတြဟာ တမူထူးျခားသူလုိ႔ ဆုိပါတယ္။

 

အဲဒီပုဂၢဳိလ္ေတြဟာ ထူးထူးျခားျခား အထုံ ပါရမီ ပါသူ၊ ဝမ္းတြင္း အသိရိွသူ၊ ေနာက္ျပီး ထူးကဲတဲ့ စီးပြားေရး လုပ္ေဖာ္ကုိင္ဖက္ေတြ လုိ႔လည္း ဆုိၾကပါတယ္။မိမိခ်စ္ရသူတစ္ေယာက္က လက္ဖဝါးမွာ M အကၡရာ ရိွပါက အခ်က္တစ္ခ်က္ကို သိထားရပါမယ္။

 

ေနာက္ေျပာင္ျခင္း၊ လိမ္ညာမုသားေျပာဆုိျခင္းနဲ႔ ကလိမ္က်ျခင္းေတြ လုံးဝ မလုပ္မိဖုိ႔ပါပဲ။လုပ္မိသြားရင္ေတာ့ သင့္ကို လိမ္ညာေျပာတတ္သူလုိ႔ သူ အျမဲသတ္မွတ္ေနပါလိမ့္မယ္။

 

လက္ဖဝါးမွာ M အကၡရာစလုံးရိွတဲ့ အမ်ဳိးသမီးေတြမွာ အမ်ဳိးသားမ်ားထက္ ဝမ္းတြင္းအသိ ပိုျပင္းထန္ၾကပါတယ္။

 

လင္မယားႏွစ္ေယာက္လုံးမွာရိွပါက အမ်ဳိးသမီးမွာ ပိုမိုအားေကာင္းေနပါေသးတယ္။ဒီပုဂၢိဳလ္ေတြဟာ ဘဝမွာ သူတုိ႔လုပ္လုိတဲ့ အေျပာင္းအလဲမ်ား ေဆာင္ရြက္ဖုိ႔ အစြမ္းအစကုိ ပုိင္ဆုိင္ထားၾကပါတယ္။

 

ဒါ့ေၾကာင့္ ဘဝမွာ အခြင့္အလမ္းကို လက္မလႊတ္တမ္း အသုံးခ်ဖုိ႔ လုိအပ္ပါတယ္

 

ေရွးရုိးရာ ဓေလ့ထုံးတမ္းစဥ္လာအရ ပေရာဖက္အားလုံး လက္ဖဝါးမွာ ဒီလကၡဏာ ရိွၾကျပီးသင္က လက္ဖဝါးမွာ M ပုံသ႑ာန္ပုိင္ဆုိင္ထားသူ ပုဂၢိဳလ္ေတြထဲက တစ္ဦးျဖစ္ပါက သင္ဟာ တမူထူးျခားေသာ လူပုဂၢိဳလ္ တစ္ဦးျဖစ္ေၾကာင္း သိမွတ္ရပါမယ္။

 

Myanmar Wedding Guide

jjjj

Read times Last modified on Friday, 14 February 2020 16:56
Rate this item
(1 Vote)
Tagged under