ချစ်သူကို ကိုယ်တတ်နိုင်သမျှ အစွမ်းကုန်ချစ်ပေးတဲ့ ချစ်သူကောင်လေးတွေဆိုတာ

ချစ်သူကို ကိုယ်တတ်နိုင်သမျှ အစွမ်းကုန်ချစ်ပေးတဲ့ ချစ်သူကောင်လေးတွေဆိုတာ google.com

လောကမှာအချစ်ဆိုတာ ဖန်တီးယူလို့လည်းမရသလို၊ တားဆီးလို့လည်းမရပြန်ပါဘူး။ မိန်းကလေးတစ်ယောက်အတွက် အလိုအပ်ဆုံး၊ အလိုချင်ဆုံးချစ်သူယောက်ျားလေးပုံစံကို ပြပါဆိုရင် ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ ကိုယ့်ကိုအကောင်းဆုံးတန်ဖိုးထားပြီးချစ်ပေးတဲ့ ယောက်ျားမျိုးလို့ပြောကြမှာပါပဲ။

 

 

ချစ်သူကို ကိုယ်တတ်နိုင်သမျှနဲ့ အကောင်းဆုံးချစ်ပေးတဲ့ ချစ်သူကောင်းရဲ့ လက္ခဏာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့သင်ဟာ ဒီလိုချစ်သူမျိုးကို ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ ကံအကောင်းဆုံးမိန်းကလေးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာယုံလိုက်ပါ။

 

 

() ဖုန်းပုံမှန်လေး ဆက်တယ်

 

ယောက်ျားလေးတွေဟာ ပင်ကိုယ်သဘာဝမှာကိုက လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးနေချင်သူတွေဖြစ်ပြီး ဘယ်လိုအနှောင်အဖွဲ့မျိုးကိုမှ မလိုချင်တဲ့သူတွေပါ။ အချစ်ဆုံးသူငယ်ချင်းတွေကိုတောင် တစ်လနေမှ တစ်ခါဖုန်းပုံမှန်ဆက်လေ့ဆက်ထ မရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့်လည်း သင့်ချစ်သူဟာ သင့်ကိုနေ့တိုင်းဖုန်းပုံမှန်ဆက်တယ်၊ ဘာလုပ်နေတယ်၊ ဘယ်သွားနေတယ်ကအစ အမြဲတမ်းသင့်ကိုအသိပေးပြီး အမြဲဆက်သွယ်တတ်တဲ့သူဆိုရင်တော့ သင့်ကိုတတ်နိုင်သမျှချစ်တဲ့သူဆိုတာ သိထားပါနော်။

 

 

() သင့်ကိုစိတ်ဆင်းရဲအောင်မလုပ်ဘူး

 

ယောက်ျားလေးတွေဟာ များသောအားဖြင့် ကိုယ်လုပ်ချင်တာတစ်ခုပဲ သိတဲ့သူတွေပါ။ သူတို့လုပ်ချင်တာကို လုပ်ရဖို့အတွက်ဆိုရင် သိပ်ပြီးတော့များများစားစားတွေးနေလေ့မရှိတဲ့သူတွေပါ။ ဒါပေမယ့်လည်း သင့်ချစ်သူဟာ သင့်ကို စိတ်ဆင်းရဲစေမယ့်အရာတွေ၊ စိတ်မကောင်းဖြစ်စေမယ့်အရာတွေကို မလုပ်ပါဘူး။ အရင်ကအကျင့်တွေကိုတောင် သင်မကြိုက်ရင် ပြင်လိုက်မယ့်သူမျိုးဖြစ်ပါတယ်။

 

 

() သင့်ကိုအမြဲတမ်းပျော်ရွှင်စေချင်တယ်

 

သင့်ကို သူတတ်နိုင်သမျှလေးနဲ့ အကောင်းဆုံးချစ်ပေးတဲ့ချစ်သူဆိုတာ သင့်ကိုအမြဲတမ်းပျော်ရွှင်စေချင်တဲ့သူ ဖြစ်ပါတယ်။ သင့်ကို အမြဲတမ်းအလိုလိုက်အလျှော့ပေးတတ်သလို၊ သင်ပျော်ရွှင်အောင် အမြဲလုပ်ပေးတဲ့သူပါ။ သင့်မျက်နှာကို တစ်ချက်မှအညှိုးမခံပဲ အပြုံးပန်းတွေဝေနေအောင် အမြဲတမ်းလုပ်ပေးတတ်တဲ့သူဖြစ်ပါတယ်။ သူ့ဖက်မှာအဆင်မပြေတာတွေ အများကြီးရှိနေရင်တောင် သင်စိတ်ဆင်းရင်းမှာကိုမလိုချင်လို့ ကြိတ်မှိတ်ခံပြီး သင့်ရှေ့မှာတော့ ဘာမှမဖြစ်သလို ဟန်ဆောင်တတ်သူဖြစ်ပါတယ်။

 

 

() သင့်အတွက်အမြဲတမ်းစဉ်းစားတယ်

 

လူတိုင်းဟာ အတ္တကိုယ်စီနဲ့ပါ။ ကိုယ်သက်သာဖို့၊ ကိုယ်စိတ်ချမ်းသာဖို့ကို ရှေ့တန်းတင်တဲ့သူတွေချည်းပါပဲ။ ဒါပေမယ့်လည်း သင့်ချစ်သူဟာသင့်အတွက်အမြဲတမ်းစဉ်းစားပေးတယ်၊ သင့်ကိုငဲ့ညှာတယ်၊ ဆုံးဖြတ်ချက်တစ်ခုခုကို မချခင်သင့်ကိုတိုင်ပင်တယ်ဆိုတာမျိုးက သင့်ကိုတော်တော်ချစ်လို့ပါ။ တစ်ခါတလေ သင့်အကြိုက်နဲ့သူ့အကြိုက်က ဆန့်ကျင်နေတဲ့အခါမှာလည်း သင့်အကြိုက်ကိုသာရွေးချယ်လိုက်တဲ့သူမျိုးပါ။

 

 

() တန်ဖိုးထားကြောင်းပြတယ်

 

ယောက်ျားလေးတစ်ယောက်ဟာ သူတကယ်ချစ်တဲ့သူကို တကယ်တန်ဖိုးထားပါတယ်။ အရင်ကဘယ်လောက်ပဲ ကြမ်းတမ်းခဲ့ပါစေ၊ တကယ်ချစ်တဲ့သူအပေါ်မှာတော့ အနူးညံ့ဆုံးလူသားဖြစ်ပါတယ်။ သင့်ချစ်သူဟာ ချမ်းသာချင်မှချမ်းသာမယ်၊ ပညာတတ်ကြီးတစ်ယောက်ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် တခြားသူတွေရဲ့ချစ်သူတွေနဲ့ ယှဉ်လာတဲ့အခါ သင့်ကိုတန်ဖိုးထားမှု၊ ချစ်ခင်ကြင်နာမှု၊ ဂရုစိုက်မှုတွေက မပိုရင်တောင် နည်းနည်းလေးမှလျော့မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ သူတတ်နိုင်သမျှလေးနဲ့ သင့်ကိုအစွမ်းကုန်ချစ်ပေးတဲ့သူဖြစ်နေလို့ပါပဲ။

 

 

Credit;Aunty May

Read times Last modified on Wednesday, 19 September 2018 13:40
Rate this item
(1 Vote)