အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များ - ၂

အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များ - ၂ google.com

တချို့မိန်းကလေးတွေက အချစ်နဲ့တွေ့ရမှာ ကြောက်တတ်သလို၊ တချို့ကျတော့လည်း

အချစ်ရှိမှ အရာရာ ပြည့်စုံမယ်လို့ ထင်တဲ့လူတွေကလည်း ဒုနဲ့ဒေးပါပဲ။

 

အချစ်ဆိုတဲ့အရာကပဲ ဆန်းကြယ်တာလား။ တချို့က အချစ်ကို လိုက်ရှာနေတဲ့ချိန်မှာ တချို့ကတော့ အချစ်နဲ့တွေ့မှာကို စိုးရိမ်နေကြပါတယ်။

 

အချစ်နဲ့တွေ့ရမှာ ကြောက်ရတဲ့အချက်များကို ဖော်ပြပေးလိုက်ပါတယ်။

 

လက်ရှိဆက်ဆံရေးကို မထိခိုက်စေခြင်း

 

နှစ်ဦးသား အချစ်တွေပေါင်းစည်းတဲ့အခါ နှစ်ဖက်အသိုင်းအ၀ိုင်း၊ မိတ်ဆွေသူငယ်ချင်းကအစ အားလုံးနဲ့ ဆက်ဆံရေး၊ ဆက်နွယ်မှုကို စဉ်းစားရပါတယ်။

 

တချို့ကျတော့လည်း အချစ်နဲ့မတွေ့ခင်တုန်းက မိသားစု၊ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးကတစ်မျိုး၊ အချစ်နဲ့တွေ့သွားတော့ ကိုယ့်ရဲ့အရာအားလုံးကို အချစ်ကပိုင်ဆိုင်သွားတာမျိုး ဖြစ်တတ်ပါတယ်။

 

အချစ်တစ်ခုတည်းနဲ့ ရှင်သန်လို့မရတဲ့ ဘ၀နေထိုင်မှုပုံစုံတွေမှာ အချစ်ရောက်လာပြီးမှ ကမောက်ကမ အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့အတွက် အချစ်ကို ကြောက်သွားကြတာလည်းဖြစ်တတ်ပါတယ်။

 

အချစ်ကအမြဲတမ်းပြောင်းလဲနေခြင်း

 

အချစ်က လူကိုအမြဲတမ်း၊ အချိန်တိုင်း ပျော်ရွှင်စရာခံစားမှုတွေ ပေးနေတာ မဟုတ်ပါဘူး။ အချစ်ကြောင့် ပျော်ရွှင်ရသလို၊ အချစ်ကြောင့်ပဲ ၀မ်းနည်းပူဆွေးရတာတွေလည်းရှိပါတယ်။

 

အချစ်ကြောင့် ကြည်နူးရသလို၊ ဒီအချစ်ကြောင့်ပဲ ဒေါသထွက် နာကျင်ရ တာမျိုးလည်း ရှိပါတယ်။

 

ဒီလိုခံစားမှုတွေကို မလိုချင်တဲ့သူတွေကတော့ အပူမရှာချင်ဘူးဆိုပြီး အချစ်နဲ့မတွေ့ အောင်ရှောင်နေ ကြခြင်းဖြစ်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 15:14
Rate this item
(1 Vote)