အချစ်ရေး တည်တံ့ခိုင်မြဲဖို့အတွက် အချက်များ- ၂

အချစ်ရေး တည်တံ့ခိုင်မြဲဖို့အတွက် အချက်များ- ၂ google.com

ချစ်သူနှစ်ဦးကြားတွင် အမှန်တကယ် လိုအပ်နေတဲ့အချက်များရှိပါတယ်။ အဲဒီအချက်များကို

နှစ်ဦးက လိုက်နာမယ်ဆိုရင်တော့ အချစ်ရေးဟာ တည်တံ့ခိုင်မြဲစေမှာဖြစ်ပါတယ်။

 

တန်ဖိုးထားခြင်း

 

ကိုယ့်ချစ်သူရဲ့ ခံစားချက်များကို ဂရုတစိုက် နားထောင်ပေးခြင်း၊ အချိန်ပေးခြင်းများကို ပြုလုပ်ပေးရပါမယ်။ သို့မဟုတ်ဘဲ ကိုယ်အလုပ်ရှုပ်နေတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ကိုယ့်ချစ်သူကို ပစ်မထားပါနဲ့။

 

 

ကိုယ့်ချစ်သူကို တကယ်ချစ်တယ်ဆိုရင် ကိုယ့်ချစ်သူနှင့် ပတ်သက်တဲ့အရာမှန်သမျှကိုလည်း တန်ဖိုးထားပေးဖို့ လိုအပ်ပါတယ်။

 

ချုပ်ချယ်မှုကင်းခြင်း

 

တစ်ယောက်နဲ့ ချစ်ကြတော့ မှန်ပါတယ်။ ဘယ်သူမဆို ကိုယ့်ချစ်သူကို အရမ်းချစ်ကြပါတယ်။ သို့ပေမယ့် ကိုယ့်ချစ်သူကို ချစ်ပေမယ့်လည်း အရမ်းကြီး မထိန်းချုပ်ပါနဲ့။

 

သူ့ကိုလွတ်လပ်ခွင့်ပေးသလို၊ ကိုယ်ကိုယ့်ကိုယ်လည်း လွတ်လပ်စွာ နေထိုင်သင့်ပါတယ်။ သို့မှသာ နှစ်ဦးစလုံးအတွက် စိတ်ကျဉ်းကျပ်မှုတွေမဖြစ်တော့ဘဲ ချုပ်ချယ်မှုကင်းတဲ့ အချစ်ကြောင့် အမှန်တကယ် ပျော်ရွှင်စေမှာဖြစ်ပါတယ်။

 

ယုံကြည်မှုရှိခြင်း

 

တစ်ဦးအပေါ်တစ်ဦးက ယုံကြည်မှုရှိမှသာလျှင် အချစ်တွေတိုးပွားလာမှာဖြစ်ပါတယ်။ တစ်ယောက်အပေါ်တစ်ယောက် စိုးရိမ်စိတ်မရှိဘဲ ချစ်နေတာက ကြည်နူးစရာကောင်းပါတယ်။

 

သင့်အပေါ်မှာ ယုံကြည်ရတဲ့ ချစ်သူလေးတစ်ယောက် ရထားရင်တော့ သင်ဟာ အရမ်းကံကောင်းတဲ့လူဖြစ်သွားပြီလို့ အသိအမှတ်ပြုနိုင်ပါလိမ့်မယ်။

Read times Last modified on Wednesday, 19 September 2018 15:08
Rate this item
(1 Vote)