ကောင်းမွန်တဲ့အိမ်ထောင်ဘဝပိုင်ဆိုင်ဖို့ အမျိုးသားတိုင်း လိုက်နာသင့်တဲ့အချက်များ

ကောင်းမွန်တဲ့အိမ်ထောင်ဘဝပိုင်ဆိုင်ဖို့ အမျိုးသားတိုင်း လိုက်နာသင့်တဲ့အချက်များ google.com

() မိမိဇနီးကို အားပေးစကားပြောပါ

 

မိမိဇနီးမှာ ဘာစိတ်ကူးရှိလဲ၊ ဘာကိုအလေးထားလဲ သိထားသင့်ပါတယ်။ သူ့မကို ထောက်ခံအားပေးဖို့ သင့်ကိုသူအလိုရှိပါတယ်။

ဒုတိယဦးစားပေးလူအဖြစ် သူသဘောထားမခံချင်ပါဘူး။ သူဝါသနာပါတာကို လုပ်ဖို့အားပေးပါ။ သူ့ကို ခွင့်မပြုဘူးဆိုရင် မကျေမအေးဖြစ်နေပါလိမ့်မယ်။

 

 

() မိမိအိမ်ထောင်ရဲ့ စိတ်ပိုင်းဆိုင်ရာ ဦးဆောင်သူဖြစ်ပါ

 

ဇနီးသည်အနေနဲ့ သင့်ကို စိတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုပေးသူဖြစ်ဖို့ အလိုရှိတာပါ။ မိမိဇနီး စိတ်ယိုင်တဲ့အချိန် ဦးဆောင်မှုမပေးပါက သူမဘက်မှ ဦးဆောင်လာနိုင်ပြီး မိမိအိမ်ထောင်ဘဝမှာ ဖိစီးမှုတွေ ဖြစ်ပေါ်စေနိုင်တယ်။

 

 

() အဆင်ပြေတဲ့ မိတ်ဆွေများနဲ့ ခင်မင်မှုထားပါ

 

မိမိဇနီးမကောင်းကြောင်း ပြောသူများကို အဆက်ဖြတ်ပါ။ မိမိဇနီးကို ချစ်မြတ်နိုးပြီး ခင်ပွန်းကောင်းတစ်ဦးဖြစ်ဖို့ အားတိုက်တွန်းသူများကို ရှာပေါင်းပါ။

 

 

() ဇနီးကို ယုယကြင်နာစွာ ပြောဆိုဆက်ဆံပါ

 

မိမိ ဇနီးကောင်းကွက်ကို ရှာဖွေထောက်ပြပြီး အသိအမှတ်ပြုပေးပါ။

 

 

(၅) မိမိဇနီး ကောင်းကြောင်းသာအခြားသူများကို ပြောဆိုပါ

 

အပေါင်းအသင်းများထံ မိမိဇနီး မကောင်းကြောင်းပြောဆိုမှု ရပ်တန့်ပါ။ သူ့အကြောင်း အကောင်းပြောဖို့မရှိပါက ဘာမှာမပြောဘဲ နေလိုက်ပါ။

 

 

(၆) တစ်ခုခု အတူလုပ်ဖို့ ဖိတ်ခေါ်ပါ

 

သင်ဂိမ်းကစားတာ လာကြည့်ဖူးချင်မှကြည့်ဖူးပါလိမ့်မယ်။ သူမနားမလည်လို့ သို့မဟုတ် သင့်အတွက် ဘာကြောင့်အရေးကြီးလဲ သူနားမလည်လို့ဖြစ်ပါတယ်။ မိမိဘာကြောင့် ကြိုက်နှစ်သက်လဲ၊ ဘာကြောင့်အတူ ကြည့်စေချင်လဲဆိုတာ အချိန်ပေးရှင်းပြပြီးနောက် ဖိတ်ခေါ်ပါ။

 

 

Credit;Trend Myanmar

Read times Last modified on Wednesday, 26 September 2018 11:02
Rate this item
(1 Vote)